Connect with us

China

ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသက တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှု ရှင်သန်စွမ်းအား အကောင်းဆုံး ဒေသဖြစ်လာပြီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ဖူကျန်း ဆန်းသစ်တီထွင်မှုဖိုရမ်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ဖူကျန်း ဆန်းသစ်တီထွင်မှုဖိုရမ် ဒေသတွင်း ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ခွဲ၌ “တရုတ်နိုင်ငံ ဒေသတွင်း သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု သုံးသပ်အကဲဖြတ်မှု အစီရင်ခံစာ ၂၀၂၅” အား ထုတ်ပြန်ခဲ့သည်။
အဆိုပါ အစီရင်ခံစာ၌ တရုတ်နိုင်ငံ၏ အထွေထွေ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုအဆင့်၏ ရမှတ်မှာ ၈၀.၂ မှတ်ဖြစ်ပြီး ယမန်နှစ်ထက် ၁.၇၇ မှတ် တိုးတက်လာခဲ့ကြောင်း၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ရင်းနှီးထည့်ဝင်မှု၊ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင် ထုတ်လုပ်မှု၊ အဆင့်မြင့်နည်းပညာသစ် ကုန်ထုတ်လုပ်ငန်းများသည် တိုးတက်မှုအလားအလာကို ဆက်လက်ထိန်းသိမ်းထားပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာမြှင့်တင်လိုက်ကြောင်း ဖော်ပြထားသည်။
တရုတ်နိုင်ငံ သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ သုတေသနဌာန ပါတီကော်မတီ အတွင်းရေးမှူး လျိုတုန်းမေက ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသသည် တရုတ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုစွမ်းအား အကောင်းဆုံးဒေသ ဖြစ်လာပြီဖြစ်ကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။ အစီရင်ခံစာအရ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၏ အထွေထွေအဆင့်သည် တစ်နိုင်ငံလုံး၏ အဆင့် ၁ ဖြစ်ပြီး ကျန်းဆူးပြည်နယ်သည် အဆင့် ၃ အထိ မြင့်တက်လာကြောင်း၊ ကျဲ့ကျန်းပြည်နယ်သည် အဆင့် ၅ အထိ မြင့်တက်လာပြီး အန်းဟွေးပြည်နယ်ကမူ အဆင့် ၉ ၌ တည်ငြိမ်စွာ ရပ်တည်လျက်ရှိကြောင်း သိရသည်။
ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသသည် လုပ်ငန်းကုမ္ပဏီ သုတေသနပြုလုပ်မှုနှင့် ဖော်ဆောင်မှု၊ ဒေသန္တရ ဘဏ္ဍာရေး သိပ္ပံနည်းပညာ အသုံးစရိတ်၊ လုပ်ငန်းကုမ္ပဏီ နည်းပညာ ရယူမှုနှင့် ပြင်ဆင်မှု အသုံးစရိတ်၊ တန်ဖိုးမြင့်မူပိုင်ခွင့် ပိုင်ဆိုင်မှုပမာဏ၊ အဆင့်မြင့်နည်းပညာထုတ်ကုန် ပို့ကုန်ပမာဏ စသည့်စံနှုန်းများတွင် တစ်နိုင်ငံလုံး၏ သုံးပုံတစ်ပုံခန့် ပိုင်ဆိုင်ထားပေသည်။
ထို့ပြင် ပေကျင်း၊ ထျန်းကျင်း၊ ဟဲပေ ဒေသ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၏ ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် အတိုင်းအတာသည်လည်း အဆက်မပြတ် အားကောင်းလာခဲ့သည်။ အစီရင်ခံစာ၏ အထွေထွေအဆင့်စာရင်းအရ ပေကျင်းသည် အဆင့် ၂၊ ထျန်းကျင်းသည် အဆင့် ၆၊ ဟဲပေသည် အဆင့် ၁၉ တို့၌ ရပ်တည်နေကြောင်း သိရသည်။ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်ကွေ့ဒေသ၏ နိုင်ငံတကာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုစင်တာ တည်ဆောက်မှုအား နက်ရှိုင်းစွာ တွန်းအားပေးဖော်ဆောင်လာသည်နှင့်အမျှ ကွမ်တုန်းပြည်နယ်သည် အစီရင်ခံစာတွင် အထွေထွေ အဆင့် ၄ ၌ ရပ်တည်နေပြီး သုတေသနပြုလုပ်မှုနှင့် ဖော်ဆောင်မှု ကုန်ကျစရိတ်သည် တစ်နိုင်ငံ၌ အဆင့် ၁ နေရာတွင် ရပ်တည်လျက်ရှိသည်။
အစီရင်ခံစာတွင်လည်း လတ်တလော ၁၀ နှစ်အတွင်း တရုတ်နိုင်ငံ၏ ဒေသတွင်း သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု၏ ပြောင်းလဲမှုအသစ်များ၏ ထူးခြားချက်သုံးရပ်ကို အနှစ်ချုပ်ဖော်ပြထားသည်။
၎င်းတို့မှာ ပထမအနေဖြင့် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၏ တရုတ်နိုင်ငံ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုတွင် ဦးဆောင်သူ အနေအထားသည် တစ်နေ့တခြား သိသာထင်ရှားလာကြောင်း၊ ဒုတိယအနေဖြင့် အလယ်ပိုင်းဒေသ ပြည်နယ်များ၏ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုအဆင့်အတန်းသည် အခြေအနေတစ်ရပ်လုံး မြင့်တက်လာကြောင်း၊ တတိယအနေဖြင့် အန်းဟွေး၊ ကျန်းရှီး၊ ဟိုင်နန်၊ ဟူနန် စသည့်ပြည်နယ်များ၏ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုအဆင့်သည် လျင်မြန်စွာ မြင့်တက်လာလျက်ရှိကြောင်း သိရသည်။
၂၀၂၅ ဖူကျန်း ဆန်းသစ်တီထွင်မှုဖိုရမ်ကို စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သည်။ ၎င်းအနက် ဒေသတွင်း ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ခွဲကို တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမှတ် (၂) ဦးစီးဌာနနှင့် ထုန်ကျိတက္ကသိုလ်တို့မှ ပူးတွဲတာဝန်ခံကျင်းပခြင်းဖြစ်ရာ ခေတ်ကာလသစ် ဒေသတွင်း ဆန်းသစ်တီထွင်မှုစနစ် တည်ဆောက်မှု၏ မဟာဗျူဟာ အနှစ်သာရနှင့် လက်တွေ့ဖော်ဆောင်မှုလမ်းကြောင်းအား အာရုံစိုက်ထားပြီး ဒေသဖြတ်ကျော် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကာ ဆန်းသစ်တီထွင်မှုနှင့် ကွဲပြားစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်၊ အမျိုးသား ဆန်းသစ်တီထွင်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးသည့် မဟာဗျူဟာအား ထဲထဲဝင်ဝင်‌ ဖော်ဆောင်မှုကို အထောက်အကူပြုရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)

———————-
(Chinese Version)
报告显示:长三角已成为我国创新活力最强劲地区
新华社上海9月22日电(记者董雪)在2025浦江创新论坛区域创新发展分论坛上,《中国区域科技创新评价报告2025》发布。该报告显示,我国综合科技创新水平得分为80.20分,比上年提高1.77分,科技创新投入、科技创新产出、高新技术产业继续保持增长态势,有效促进了经济社会发展。
中国科学技术发展战略研究院党委书记刘冬梅介绍,长三角已成为我国创新活力最强劲的地区。根据报告,上海的综合排名位居全国第1,江苏上升到第3,浙江上升到第5,安徽稳居第9。长三角在企业研发、地方财政科技支出、企业技术获取和改造支出、高价值专利拥有量、高技术产品出口额等指标上,均约占全国的1/3。
此外,京津冀科技创新协同程度不断加强。报告的综合排名显示,北京第2,天津第6,河北第19。粤港澳大湾区国际科技创新中心建设深入推进,广东在报告中综合排名第4,研发经费支出位居全国第1。
报告也总结了近十年我国区域科技创新变化的三个特征:一是长三角地区作为我国科技创新的领头羊地位日益凸显,二是中部省份科技创新水平整体提升,三是安徽、江西、海南、湖南等省份的科技创新水平快速提升。
据悉,2025浦江创新论坛于9月20日至22日在上海举办。其中,区域创新发展分论坛由科技部二司和同济大学联合承办,聚焦新时期区域创新体系建设的战略意义与实践路径,旨在推动跨区域协同创新与差异化发展,助力国家创新驱动发展战略深入实施。(完)
图说1:这是9月21日拍摄的浦江创新论坛主论坛现场。新华社记者 方喆 摄