China
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲအား ပေကျင်းမြို့၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပ၊ ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်းပြောကြား

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် ဧည့်ခံပွဲအား စက်တင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဧည့်ခံပွဲသို့ တက်ရောက်၍ အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က အမှန်တရား၏ ယုံကြည်ချက်မှာ ယိမ်းယိုင်သွားအောင် လုပ်ဆောင်၍မရသလို ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ကို တားဆီး၍ မရသည့်အပြင် ပြည်သူတို့၏အင်အားသည်လည်း အနိုင်ယူ၍ မရကြောင်း၊ မည်သည့်အချိန်တွင်မဆို မိမိတို့သည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံစံတန်ဖိုးအား မြှင့်တင်၍ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုအား ခိုင်မြဲစွာ ကာကွယ်ပြီး ကမ္ဘာလောကကြီးအား ဖြောင့်မတ်ပွင့်လင်းမှုအေးချမ်းခြင်းတရားဖြင့် ပြည့်ဝအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းပေါ် လျှောက်လှမ်းမှုကို လက်ကိုင်ထား၍ ကမ္ဘာကြီးတည်ငြိမ်အေးချမ်းမှုအား ခိုင်မာစွာ စောင့်ရှောက်ပြီး လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းအား အတူလက်တွဲ တည်ဆောက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒကို ဆန္ဒအဖြစ်ထားကာ တစ်လောကလုံး အကျိုးစီးပွားအား အကျိုးစီးပွားအဖြစ် ထားရှိပြီး ပြည်သူများအကျိုးစီးပွား မြှင့်တင်ရေးအတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်။
လီချန်က ဧည့်ခံပွဲအား ကြီးမှူးကျင်းပခဲ့ပြီး ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်၊ လီရှီး၊ ဟန်ကျိန့်တို့ ဧည့်ခံပွဲအား တက်ရောက်ခဲ့ကြသည်။
နံနက် ၁၁ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် “ငြိမ်းချမ်းရေး – အေးအတူပူအမျှ အသိုက်အဝန်း” သံစဉ်ကြားတွင် ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ဖုန်လိယွမ်တို့သည် ဧည့်ခံပွဲ တက်ရောက်လာကြသော ပြည်ပနိုင်ငံ အကြီးအကဲ ဇနီးမောင်နှံတို့နှင့်အတူ ဧည့်ခံပွဲ ခန်းမအတွင်းသို့ အတူတကွ လျှောက်လှမ်းဝင်ရောက်လာခဲ့ရာ ခန်းမတစ်ခုလုံး ခြိမ့်ခြိမ့်သဲသဲ လက်ခုပ်ဩဘာသံများ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် ဧည့်ခံပွဲ စတင်ခဲ့ပြီး ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်း ပြောကြားခဲ့သည်။ ၎င်းက ရှေးဦးစွာ တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား တက်ရောက်လာကြသူအားလုံးကို လှိုက်လှဲစွာ ကြိုဆိုကြောင်း၊ နိုင်ငံတစ်ဝန်း တိုင်းရင်းသားလူမျိုးစုအသီးသီး ပြည်သူများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများအပေါ် အောင်နိုင်ခြင်း အထိမ်းအမှတ်နေ့ အတွက် လှိုက်လှဲစွာဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က တရုတ်ပြည်သူများသည် ၁၄ နှစ်ကြာ အသက်သွေးချွေးဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပြီးနောက် ဂျပန်စစ်ဝါဒ ကျူးကျော်သူများကို အပြည့်အဝအနိုင်ယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲအား လုံးဝဥဿုံအောင်နိုင်မှုကို ကြေညာခဲ့ကြောင်း၊ ယင်းသည် တရုတ်အမျိုးသားတို့ မျက်မှောက်ခေတ်ကာလအတွင်း နက်ရှိုင်းကြီးမားသော အကျပ်အတည်းထဲ ကျရောက်သည်မှ ကြီးမြတ်သော မဟာပြန်လည်တိုးတက်မှုကြီးအထိ လျှောက်လှမ်းလာသော သမိုင်းအချိုးအကွေ့ ဖြစ်သကဲ့သို့ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီး အချိုးအကွေ့ တစ်ခုလည်းဖြစ်သည်ဟု ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
အဆိုပါ ကြီးမြတ်သောအောင်နိုင်မှုသည် တရုတ်ပြည်သူများက ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေး မဟာမိတ်နိုင်ငံများနှင့် နိုင်ငံအသီးသီးမှ ပြည်သူများနှင့်အတူ ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်မှုဖြင့် ရရှိလာခြင်းဖြစ်ကြောင်း၊ တရုတ်ပြည်သူများက ကျူးကျော်မှုအား ခုခံတော်လှန်ရာတွင် ထောက်ခံကူညီပေးခဲ့သည့် ပြည်ပနိုင်ငံအစိုးရနှင့် နိုင်ငံတကာမိတ်ဆွေများကိုလည်း တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများက မည်သည့်အခါတွင်မျှ မေ့ပျောက်သွားမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တစ်ခဏတာ အင်အားသည် ခွန်အားအပေါ် မူတည်၍ ထာဝရအနိုင်အရှုံးသည် အမှန်တရားပေါ်တွင် မူတည်ကြောင်း၊ ကောင်းမှု၊ အလင်းရောင်၊ တိုးတက်မှုတို့သည် မကောင်းမှု၊ အမှောင်၊ နောက်ပြန်ဆွဲမှုတို့ကို အောင်နိုင်မည်သာဖြစ်ကြောင်း၊ လူသားမျိုးနွယ်သည် တူညီသောကမ္ဘာဂြိုဟ်ကြီးတွင် နေထိုင်ကြခြင်းဖြစ်ရာ တစ်လှေတည်းစီး တစ်ခရီးတည်းသွားကာ၊ သင့်မြတ်စွာနေထိုင်သင့်ပြီး ကြီးနိုင်ငယ်ညှဉ်းသည့် တောရိုင်းသဘာဝစည်းမျဉ်း (The Law of Jungle) သို့ နောက်ပြန်လှည့်၍မရကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လျှောက်လှမ်းသော ခေတ်မီအသွင်ပြောင်းရေးဖြစ်ပြီး တရုတ်နိုင်ငံသည် ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး အင်အား၊ တည်ငြိမ်ရေးအင်အား၊ တိုးတက်ကောင်းမွန်ရေးအင်အား ထာဝရပင်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြခဲ့သည်။ နိုင်ငံအသီးသီး အားလုံးအနေဖြင့် သမိုင်းမှသင်ခန်းစာယူကာ ငြိမ်းချမ်းရေးကို တန်ဖိုးထားရန်၊ ကမ္ဘာကြီး ခေတ်မီအသွင်ပြောင်းရေးကို အတူတကွ မြှင့်တင်ကာ လူသားမျိုးနွယ်အတွက် ပိုမိုသာယာကောင်းမွန်သော အနာဂတ်ကို ဖန်တီးကြရန် ရိုးသားသော စိတ်ရင်းမှန်ဖြင့် မိမိတို့ မျှော်လင့်ကြောင့် ၎င်းက ပြောကြားခဲ့သည်။
မင်္ဂလာရှိ၍ ပျော်ရွှင်ဖွယ် ဂီတသံများကြားတွင် သမ္မတ ရှီကျင့်ဖိန်သည် ပြည်တွင်းပြည်ပ ဧည့်သည်တော်များနှင့်အတူ ဝိုင်ခွက်များ ကိုင်မြှောက်လျက် တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်ကို အတူတကွ ဂုဏ်ပြုချီးမြှင့်ကာ ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် အတူအတကွ ဆုမွန်ကောင်းတောင်းခဲ့ကြသည်။
ဧည့်ခံပွဲတွင် ရှီကျင့်ဖိန်နှင့် ဖုန်လိယွမ်တို့သည် ဧည့်သည်တော်များနှင့်အတူ “သမိုင်းမှသင်ခန်းစာယူ၍ အနာဂတ်ကို အတူတကွဖန်တီးခြင်း” ခေါင်းစဉ်ဖြင့် ယဉ်ကျေးမှု အနုပညာဖျော်ဖြေပွဲကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ဧည့်ခံပွဲ အခမ်းအနားသို့ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသော ပြည်ပနိုင်ငံခေါင်းဆောင်များနှင့် သက်ဆိုင်ရာနိုင်ငံများမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အစိုးရအကြီးအကဲဟောင်းများ၊ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံအသီးသီးမှ သံတမန်များ၊ စစ်သံမှူးများနှင့် တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံ ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ရေးအတွက် ပံ့ပိုးကူညီမှုပေးခဲ့ကြသော နိုင်ငံတကာ မိတ်ဆွေများ သို့မဟုတ် ၎င်းတို့၏ မိသားစုဝင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။
ဧည့်ခံပွဲသို့ တက်ရောက်လာကြသူများတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟိုကော်မတီ အတွင်းရေးမှူးရုံးမှ အတွင်းရေးမှူး၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၊ နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်လုံးဆိုင်ရာ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်၊ ဗဟိုစစ်ကော်မရှင်မှ သက်ဆိုင်ရာ အကြီးအကဲများ၊ ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးတို့ ပါဝင်ခဲ့သည်။
ဗဟိုပါတီ၊ အစိုးရ၊ တပ်မတော်၊ လူထုအဖွဲ့အစည်းများနှင့် ပေကျင်းမြို့၏ အဓိကတာဝန်ရှိသူများ၊ ခုခံတော်လှန်ရေးစစ်ပွဲတွင် ပါဝင်ခဲ့သော စစ်မှုထမ်းဟောင်းများ၊ ရဲဘော်ဟောင်းများ၊ ခုခံတော်လှန်ရေးစစ်ပွဲအတွင်း ကျဆုံးခဲ့သော အာဇာနည်ရဲဘော်များ၏ မိသားစုဝင်ကိုယ်စားလှယ်များ၊ ကူမင်တန်ပါတီ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေး စစ်မှုထမ်းဟောင်းကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ မျိုးချစ်ပုဂ္ဂိုလ်များ၊ ခုခံတော်လှန်ရေးစစ်ပွဲ စစ်သည်ကြီးများ၏ မိသားစုဝင်ကိုယ်စားလှယ်များ၊ ဒီမိုကရက်တစ်ပါတီ အသီးသီးမှ ဗဟိုကော်မတီ၊ တစ်နိုင်ငံလုံးဆိုင်ရာ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး အသင်းချုပ်မှ အဓိကတာဝန်ရှိသူများနှင့် ပါတီမဲ့ ပုဂ္ဂိုလ်ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ရရှိသူကိုယ်စားလှယ်များ၊ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသမှ သွေးချင်းများနှင့် ပင်လယ်ရပ်ခြားရှိ တရုတ်လူမျိုး ကိုယ်စားလှယ်များ စသည့် ပုဂ္ဂိုလ်များလည်း ဧည့်ခံပွဲသို့ တက်ရောက်ခဲ့ကြသည်။ (Xinhua)
———————
(Chinese Version)
纪念中国人民抗日战争暨世界反法西斯战争胜利80周年招待会在京隆重举行 习近平发表重要讲话强调,正义的信念不可动摇,和平的期盼不可阻遏,人民的力量不可战胜。任何时候,我们都要弘扬全人类共同价值,坚定捍卫国际公平正义,让世界正气充盈、乾坤朗朗;都要坚持走和平发展道路,坚定守护世界和平安宁,携手构建人类命运共同体;都要以人民之心为心、以天下之利为利,为增进人民福祉而不懈努力。 李强主持 赵乐际王沪宁蔡奇丁薛祥李希韩正出席
新华社北京9月3日电 纪念中国人民抗日战争暨世界反法西斯战争胜利80周年招待会3日在人民大会堂隆重举行。中共中央总书记、国家主席、中央军委主席习近平出席招待会并发表重要讲话强调,正义的信念不可动摇,和平的期盼不可阻遏,人民的力量不可战胜。任何时候,我们都要弘扬全人类共同价值,坚定捍卫国际公平正义,让世界正气充盈、乾坤朗朗;都要坚持走和平发展道路,坚定守护世界和平安宁,携手构建人类命运共同体;都要以人民之心为心、以天下之利为利,为增进人民福祉而不懈努力。
李强主持招待会,赵乐际、王沪宁、蔡奇、丁薛祥、李希、韩正出席招待会。
上午11时30分许,在《和平-命运共同体》乐曲声中,习近平和夫人彭丽媛同出席招待会的外国领导人夫妇共同步入宴会厅。全场响起热烈掌声。
招待会开始。习近平发表重要讲话。他首先代表中国政府和中国人民,对大家的到来表示诚挚欢迎,向全国各族人民和世界各国人民致以胜利纪念日的热烈祝贺。
习近平指出,80年前,中国人民经过14年浴血奋战,彻底打败日本军国主义侵略者,宣告世界反法西斯战争的完全胜利。这是中华民族从近代以来陷入深重危机走向伟大复兴的历史转折点,也是世界发展的一个重大转折点。这一伟大胜利,是中国人民同反法西斯同盟国以及各国人民并肩战斗取得的。对支援和帮助过中国人民抵抗侵略的外国政府和国际友人,中国政府和中国人民永远不会忘记。
习近平强调,一时强弱在于力,千秋胜负在于理。正义、光明、进步必将战胜邪恶、黑暗、反动。人类生活在同一星球,应当同舟共济、和睦相处,决不能重回弱肉强食的丛林法则。
习近平指出,中国式现代化是走和平发展道路的现代化,中国永远是世界的和平力量、稳定力量、进步力量。我们真诚希望各国都以史为鉴、以和为贵,共同推进世界现代化,开创人类更加美好的未来。(讲话全文另发)
在喜庆欢乐的乐曲声中,习近平同中外嘉宾一起举杯,共同庆祝中国人民抗日战争暨世界反法西斯战争胜利80周年,共同祝愿世界和平。
招待会上,习近平和彭丽媛同贵宾们观看主题为《以史为鉴 共创未来》的文艺演出。
来华出席中国人民抗日战争暨世界反法西斯战争胜利80周年纪念活动的外国领导人及有关国家高级别代表、国际组织负责人、前政要,各国驻华使节、武官和国际组织驻华代表,为中国抗战胜利作出贡献的国际友人或其遗属代表出席招待会。
出席招待会的还有:中共中央政治局委员、中央书记处书记,全国人大常委会、国务院、全国政协、中央军委有关领导同志,香港特别行政区行政长官、澳门特别行政区行政长官。
中央党政军群有关部门和北京市主要负责同志,参加过抗战的老战士、老同志,抗战烈士亲属代表,国民党抗日老兵代表,海内外爱国人士、抗战将领遗属代表,各民主党派中央、全国工商联主要负责人和无党派人士代表,功勋荣誉获得者代表,港澳台同胞、海外侨胞代表等也出席招待会。(完)