China
ထိုင်ဝမ်အာဏာပိုင်များအနေဖြင့် လက်တွေ့အခြေအနေကို ရှင်းလင်းစွာ သိရှိရန်၊ မိမိကိုယ်ကို သိက္ခာကျစေမည့် သိမ်ဖျင်းသည့်နိုင်ငံရေးသရုပ်ပြမှုများကို ရပ်တန့်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း
ပေကျင်း၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
တရုတ်တစ်နိုင်ငံတည်းအခြေခံမူသည် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုနှင့် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းဖြစ်သလို တရုတ်-အာဖရိက ဆက်ဆံရေး၏ နိုင်ငံရေးအခြေခံလည်း ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ ထိုင်ဝမ်အာဏာပိုင်များအနေဖြင့် လက်တွေ့အခြေအနေကို ရှင်းလင်းစွာ သိရှိရန်၊ မိမိကိုယ်ကို သိက္ခာကျစေမည့် သိမ်ဖျင်းသည့်နိုင်ငံရေးသရုပ်ပြမှုများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းနေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက တရုတ်-အာဖရိကသမဂ္ဂ မဟာဗျူဟာတွေ့ဆုံဆွေးနွေးမှု ပူးတွဲသတင်းကြေညာချက်တွင် ထိုင်ဝမ်အရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာများသည် အဖြစ်မှန်ကို ဆိုးရွားစွာ ပုံဖျက်ထားပြီး ထိုင်ဝမ်၏ “အချုပ်အခြာအာဏာ” ကို ထိခိုက်အောင် ဖိနှိမ်ထားရာ အာဖရိကသမဂ္ဂက တရုတ်နိုင်ငံ၏ရပ်တည်ချက်ကို လိုက်လျောဖော်ပြသည့်အပေါ် ဝမ်းနည်းဖွယ်ကောင်းသည်ဟူ၍ ထိုင်ဝမ်ဘက်က ဇန်နဝါရီ ၉ ရက်တွင် ဖော်ပြထားသည်ဟု သတင်းများအရ သိရှိရကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။
“တရုတ်တစ်နိုင်ငံတည်းအခြေခံမူက နိုင်ငံတကာအသိုက်အဝန်းရဲ့ ကျယ်ကျယ်ပြန့်ပြန့်သဘောတူညီချက်နဲ့ နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းဖြစ်သလို တရုတ်-အာဖရိက ဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံလည်း ဖြစ်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ပေကျင်းထိပ်သီးအစည်းအဝေးတွင် “ပေကျင်းကြေညာချက်” ကို အတည်ပြုခဲ့ရာ ဖိုရမ်တက်ရောက်ကြသော အာဖရိကနိုင်ငံများနှင့် အာဖရိကသမဂ္ဂကော်မရှင်က တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို အခိုင်အမာ လက်ကိုင်ထား ကျင့်သုံးမည်ဖြစ်ကြောင်း ထပ်မံအလေးထားဖော်ပြခဲ့ကြောင်း၊ ကမ္ဘာတွင် တရုတ်တစ်နိုင်ငံတည်းသာရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟူ၍ လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်သည်ဟူ၍လည်းကောင်း၊ တရုတ်နိုင်ငံအစိုးရ၏ နိုင်ငံပေါင်းစည်းရေး ကြိုးပမ်းမှုမှန်သမျှကို အခိုင်အမာထောက်ခံသည်ဟူ၍လည်းကောင်း ထပ်မံအလေးထား ဖော်ပြခဲ့ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-အာဖရိကသမဂ္ဂ ၉ ကြိမ်မြောက် မဟာဗျူဟာတွေ့ဆုံဆွေးနွေးပွဲ ပူးတွဲသတင်းကြေညာချက်သည် ထိုင်ဝမ်အရေးကိစ္စအပေါ် အာဖရိကဘက်၏ တစ်သမတ်တည်းဖြစ်သော ထင်ရှားသည့် ရပ်တည်ချက်ကို ထင်ဟပ်ခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ရက်ကပင် အာဖရိကသမဂ္ဂကော်မရှင် ဥက္ကဋ္ဌ Mahmoud Ali Youssouf က “တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို အခိုင်အမာ လက်ကိုင်ထားရာမှာ အာဖရိကသမဂ္ဂက တရုတ်နိုင်ငံနဲ့ ထာဝရအတူတကွ ရပ်တည်သွားမယ်” ဟု အင်တာဗျူးလက်ခံဖြေကြားရာတွင် ပြောကြားခဲ့ကြောင်း မော်နင်က ဆိုသည်။
“ထိုင်ဝမ်အာဏာပိုင်တွေအနေနဲ့ လက်တွေ့အခြေအနေကို ရှင်းလင်းစွာ သိရှိရန်၊ မိမိကိုယ်ကို သိက္ခာကျစေမယ့် သိမ်ဖျင်းတဲ့နိုင်ငံရေးသရုပ်ပြမှုများကို ရပ်တန့်ရန် တိုက်တွန်းလိုက်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:奉劝台湾当局认清现实,停止自取其辱的拙劣政治表演
新华社北京1月12日电(记者冯歆然、邵艺博)外交部发言人毛宁12日表示,一个中国原则是国际社会普遍共识和国际关系基本准则,也是中非关系的政治基础。奉劝台湾当局认清现实,停止自取其辱的拙劣政治表演。
当日例行记者会上,有记者问:据报道,台湾方面9日称,中国-非盟战略对话联合新闻公报涉台内容严重扭曲事实,贬损台“主权”,对非盟附和中方立场表示遗憾。中方对此有何评论?
“一个中国原则是国际社会普遍共识和国际关系基本准则,也是中非关系的政治基础。”毛宁表示,2024年中非合作论坛北京峰会通过《北京宣言》,与会非洲国家和非盟委员会重申坚定奉行一个中国原则,重申世界上只有一个中国,台湾是中国领土不可分割的一部分,中华人民共和国政府是代表全中国的唯一合法政府,坚定支持中国政府为实现国家统一所作的一切努力。
毛宁表示,中国-非盟第九次战略对话联合新闻公报完整准确反映了非方在台湾问题上一以贯之的鲜明立场。就在前两天,非盟委员会主席优素福接受采访时表示,“在坚持一个中国原则问题上,非盟永远与中国站在一起”。
“奉劝台湾当局认清现实,停止自取其辱的拙劣政治表演。”毛宁说。(完)
