China
တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအပေါ် သက်ဆိုင်ရာ အစီအမံလုပ်ဆောင်ခြင်း၏ အရင်းခံမှာ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုလုပ်ဆောင်ချက်ကြောင့်ဖြစ်
ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟယ်ရုန်ချန်က ဇန်နဝါရီ ၁၅ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက တရုတ်နိုင်ငံအနေဖြင့် ဂျပန်သို့ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုကန့်သတ်ချက် မြှင့်တင်ခြင်းကို ဖယ်ရှားပေးရန် တောင်းဆိုချက်နှင့် စပ်လျဉ်း၍ မေးမြန်းမှုကို ဖြေကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် အခိုင်အမာကန့်ကွက်ပြီး လက်မခံကြောင်း၊ တရုတ်နိုင်ငံက ဂျပန်အပေါ် သက်ဆိုင်ရာအစီအမံလုပ်ဆောင်ခြင်း၏ အရင်းခံမှာ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုလုပ်ဆောင်ချက်ကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ရုပ်မြင်သံကြားအစီအစဉ်တွင် တရုတ်နိုင်ငံအနေဖြင့် ဂျပန်သို့ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့မှုကန့်သတ်ချက် အစီအမံ မြှင့်တင်ခြင်းသည် ဂျပန်ကိုသာ သီးသန့်ဦးတည်ခြင်းဖြစ်ပြီး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသဖြင့် တရုတ်ဘက်မှ ဖယ်ရှားပေးရန် တောင်းဆိုသည်ဟု ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ ထည့်သွင်းစဉ်းစားထားပါသနည်းဟု သတင်းထောက်က တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၌ ထိုနေ့တွင်ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ဂျပန်အပေါ် သက်ဆိုင်ရာ အစီအမံလုပ်ဆောင်ခြင်း၏ အရင်းခံမှာ ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုလုပ်ဆောင်ချက်ကြောင့်ဖြစ်သည်ကို ဂျပန်နိုင်ငံက သိနှင့်ပြီးသားဖြစ်ကြောင်း ဟယ်ရုန်ချန်က ပြောကြားခဲ့သည်။
ပထမအချက်အနေဖြင့် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်စပ်လျဉ်းသော မှားယွင်းသည့် ပြောဆိုချက်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ထိပါးနေကြောင်း၊ တရုတ်နိုင်ငံ ပြည်တွင်းရေးကို ပေါ်ပေါ်တင်တင် စွက်ဖက်၍ တရုတ်နိုင်ငံအပေါ် လက်နက်အင်အားသုံး ခြိမ်းခြောက်မှု လုပ်ဆောင်ခြင်းသည် နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး စံနှုန်းများကို ဆိုးရွားစွာ ချိုးဖောက်ကာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်နှင့် ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်းရလဒ်များကို စိန်ခေါ်မှုပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဒုတိယအချက်အနေဖြင့် ဂျပန်ဘက်က “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” အား ပြင်ဆင်ရန် တွန်းအားပေးခြင်း စသည့် စစ်ရေးအင်အားတည်ဆောက်ခြင်း၊ စစ်ရေးအင်အားတိုးချဲ့ခြင်း လှုပ်ရှားမှုများသည် ဂျပန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်နေကြောင်း၊ “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” အခြေခံမူအား ထိုးဖောက်ကာ ၎င်း၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” အား အရှိန်မြှင့် တွန်းအားပေးဖော်ဆောင်ခြင်းသည် ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအချက်အနေဖြင့် ဂျပန်ဘက်က “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အားပြင်ဆင်ရန် တွန်းအားပေး၍ အဆင့်မြင့်အရာရှိက နျူကလီးယားလက်နက် ပိုင်ဆိုင်ရန် တရားဝင် ထုတ်ပြန်ပြောဆိုခြင်းသည် နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ်ကို ပြင်းပြင်းထန်ထန် စိန်ခေါ်ခြင်းပင်ဖြစ်ကြောင်း၊ ယင်းသည် ဂျပန်က “ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်း လျှောက်လှမ်းမည်” ဟု ပြောဆိုချက်နှင့် လုံးဝကင်းကွာနေပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် ကန့်ကွက်မှု ဖြစ်စေကြောင်း ၎င်းက ဆိုသည်။
တင်ပို့မှုကိုကန့်သတ်ခြင်းသည် နိုင်ငံတကာတွင် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ နျူကလီးယား မပြန့်ပွားရေးဟူသည့် နိုင်ငံတကာတာဝန်ကို ထမ်းဆောင်ခြင်းသည် တင်ပို့မှုကန့်သတ်ခြင်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူဖြစ်ကြောင်း ဟယ်ရုန်ချန်က ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံသည် တာဝန်ယူမှုရှိသော နိုင်ငံကြီးအနေဖြင့် နျူကလီးယား မပြန့်ပွားရေးဟူသည့် နိုင်ငံတကာတာဝန်ကို အစဉ်တစိုက် တက်ကြွစွာထမ်းဆောင်ခဲ့ကြောင်း၊ တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများအရ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုးသုံး အားလုံးအပေါ်ဦးတည်၍ ဂျပန်စစ်ရေးအသုံးပြုသူ၊ စစ်ဘက်အသုံးပြုမှုနှင့် ဂျပန်စစ်ရေးအင်အားကို မြှင့်တင်ရာ၌ ပါဝင်သည့် အခြားသော နောက်ဆုံးအသုံးပြုသူ၊ အသုံးပြုနည်းအတွက် တင်ပို့မှု ကန့်သတ်ခြင်း၏ ရည်ရွယ်ချက်မှာ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” နှင့် နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်း ကြိုးပမ်းမှုကို တားဆီးရန် ဖြစ်သောကြောင့် အပြည့်အဝ မှန်ကန်မှု၊ ကျိုးကြောင်းဆီလျော်မှု ၊ တရားဝင်မှုရှိကြောင်း ၎င်းက ဆိုသည်။
ဂျပန်ဘက်က ပြဿနာ၏အရင်းခံကို တည့်မတ်စွာရှုမြင်ခြင်းမရှိဘဲ တရုတ်ဘက်က “စီးပွားရေးအရ အကျပ်ကိုင်ခြင်း” ဟူ၍ လုပ်ကြံပြစ်တင်ခြင်းသည် လုံးဝအမှားအမှန်ကို ပုံဖျက်မှု၊ ဇွတ်မှိတ်ငြင်းဆိုမှုပင်ဖြစ်ကြောင်း၊ ပြောဆိုချက်နှင့် လုပ်ဆောင်ချက်များသည် စစ်ဝါဒအား ပြန်လည်အသက်သွင်းမှုအတွက် ပို၍ ပူပန်စေကြောင်း၊ မိမိတို့အနေဖြင့် ဂျပန်ဘက်က မှားယွင်းသောလမ်းကြောင်းထက်တွင် ရှေ့ဆက်လျှောက်လှမ်းနေခြင်းအား ရှောင်ကြဉ်ရန်အတွက် မိမိအမှားကို ပြန်လည်ဆန်းစစ်ရန်၊ အမှားကိုပြင်ဆင်ရန် ထပ်မံတိုက်တွန်းလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————
(Chinese Version)
商务部:中方对日本采取有关措施根源在于高市首相错误言行
新华社北京1月15日电(记者谢希瑶、戴锦镕)商务部新闻发言人何咏前15日在回应关于日本首相高市早苗要求中方撤回加强两用物项对日出口管制的提问时说,中方对此坚决反对,不予接受。中方对日本采取有关措施,根源在于高市首相的错误言行。
在商务部当天举行的例行新闻发布会上,有记者问,日本首相高市早苗在电视节目中表示,中方加强两用物项出口管制措施仅针对日本,不符合国际惯例,要求中方撤回。请问中方对此有何考虑?
何咏前说,中方对日本采取有关措施,根源在于高市首相的错误言行,日方心知肚明。第一,高市首相涉台错误言论侵害中国主权与领土完整,公然干涉中国内政,对中方发出武力威胁,严重违背国际法和国际关系准则,挑战战后国际秩序和二战胜利成果。第二,日方推动修订“安保三文件”等强军扩武动向,违背日本宪法,突破“专守防卫”原则,其加速推进“再军事化”对地区和世界和平构成威胁。第三,日方推动修改“无核三原则”,高官公开发表拥核言论,是对国际核不扩散体系的严重挑战,是对日本宣称“走和平发展道路”的完全背离,引发国际社会的强烈反对。
何咏前指出,出口管制是国际通行做法,维护世界和平、履行防扩散国际义务是出口管制的宗旨和原则。中国作为负责任大国,一贯积极履行防扩散国际义务。依法依规针对所有两用物项,禁止对日本军事用户、军事用途,以及一切参与提升日本军事实力的其他最终用户用途出口,其目的是制止“再军事化”和拥核企图,完全正当、合理、合法。日方不正视问题根源,反而编造指责中方“经济胁迫”,完全是颠倒黑白、强词夺理,言辞和行径更令人担忧军国主义复活。我们再次敦促日方切实反躬自省,纠正错误,避免在错误的道路上越走越远。(完)
