Connect with us

China

ဝင်ရိုးစွန်းဒေသကဏ္ဍ ဖလှယ်မှုအားဖြည့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို တရုတ်နိုင်ငံက ဘက်ပေါင်းစုံနှင့်အတူ ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ချင်လျင်စခန်းပင်လယ်ပြင်တွင် “နှင်းနဂါး” အန္တာတိကစူးစမ်းလေ့လာရေး ရေခဲခွဲသင်္ဘောကြီးအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ဝင်ရိုးစွန်းဒေသကဏ္ဍ ဖလှယ်မှုအားဖြည့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံအနေဖြင့် ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးလုပ်ဆောင်နေကြောင်း၊ ယခုအကြိမ်စူးစမ်းလေ့လာရေး၏ နည်းပညာအဆင့်အတန်းမြင့်မားမှုအပြင် မီဒီယာများက နွေးထွေးသောကိစ္စလေးများကိုလည်း ဂရုပြုမိကြကြောင်း၊ ဥပမာ မကြာသေးမီက လေ့လာရေးအဖွဲ့သည် ရုရှားစူးစမ်းလေ့လာရေးစခန်း၏ နေမကောင်းဖြစ်နေသော ဝန်ထမ်းတစ်ဦးအား အောင်မြင်စွာ ကူညီကယ်ဆယ်လိုက်ခြင်း၊ ယခုသီတင်းပတ်တွင် “နှင်းနဂါး” သင်္ဘောကြီးသည် နယူးဇီလန်သို့ သွားရောက်၍ ထောက်ပို့ရေးပစ္စည်းများ ဖြည့်တင်းစဉ် တောင်ကိုရီးယား စူးစမ်းလေ့လာရေးအဖွဲ့ဝင်များအား ကူညီပို့ဆောင်ပေးခြင်း စသည်တို့ ဖြစ်ကြောင်း၊ ယင်းလုပ်ဆောင်ချက်များမှာ ရာသီဥတုအေးခဲကြမ်းတမ်းလှသည့် ဝင်ရိုးစွန်းတွင် နိုင်ငံဖြတ်ကျော်သည့် နွေးထွေးမှုများ တိုးပွားစေခဲ့ကြောင်း၊ ထို့အပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“ဒီလိုအကြောင်းအရာလေးတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံအနေနဲ့ အန္တာတိက စူးစမ်းလေ့လာရေးလုပ်ဆောင်နေတဲ့ နှစ်ပေါင်း ၄၀ ကျော်ကြာအတွင်းမှာ အပြန်အလှန်ဖေးမကူညီမှုကို အစဉ်အမြဲလက်ကိုင်ထားပြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အလေးထားကာ ပုံစံအမျိုးမျိုးအသွယ်သွယ်ဖြစ်တဲ့ ပူးတွဲသုတေသနလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက လုပ်ဆောင်နေဆဲဖြစ်သော ၄၂ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးတွင် ထိုင်း၊ ချီလီ၊ ပေါ်တူဂီ စသည့် နိုင်ငံနှင့် ဒေသပေါင်း ၁၀ ကျော်က သိပ္ပံသုတေသနဝန်ထမ်းများ ပါဝင်ကြောင်း၊ အာတိတ်ဒေသကဏ္ဍတွင် တရုတ်နိုင်ငံက အာတိတ်ကောင်စီ သက်ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကာ တရုတ်-နော်ဒစ် အာတိတ် ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲ ကျင်းပခဲ့သလို အာတိတ်သမုဒ္ဒရာ သိပ္ပံစူးစမ်းလေ့လာရေးလုပ်ဆောင်ခြင်း စသည်တို့ဖြင့် နိုင်ငံတကာအသိုက်အဝန်းအတွက် တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းကို တက်ကြွစွာ ပံ့ပိုးခဲ့သလို သိပ္ပံသုတေသနရလဒ်များကို မျှဝေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝင်ရိုးစွန်းဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် စဉ်ဆက်မပြတ်တိုးတက်ရေးသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံနှင့်အတူ ဝင်ရိုးစွန်းဒေသကဏ္ဍ ဖလှယ်မှုအားဖြည့်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကို ဆောင်ရွက်သွားလိုကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

ချင်လျင်စခန်းအနီးပင်လယ်ပြင်တွင် ခုတ်မောင်းနေသော “နှင်းနဂါး” သင်္ဘောကြီးအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချင်လျင်စခန်းတွင် ဆင်းသက်နေသော “နှင်းသိမ်းငှက် ၁၀၂” ရဟတ်ယာဉ်အား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

——————-
(Chinese Version)
外交部:中方愿同各方一道,在极地领域加强交流、促进合作
新华社北京1月15日电(记者冯歆然、邵艺博)外交部发言人毛宁15日表示,中方愿同各方一道,在极地领域加强交流、促进合作。
当日例行记者会上,有记者问:中国第42次南极考察正在进行中。除了这次考察的高技术高水平外,媒体还关注到几件暖心小事,比如前段时间考察队成功救援一名俄罗斯考察站患病人员,本周“雪龙”号赴新西兰补给时协助运送韩国考察队员等。这些举动为苦寒极地增添了跨国暖意。发言人有何评论?
“谢谢你分享这些小故事。事实上,中国开展南极考察40多年来,始终坚持守望相助、重视国际合作,开展多种形式的联合研究。”毛宁表示,正在进行的中国第42次南极考察就有来自泰国、智利、葡萄牙等十余个国家和地区的科研人员参加。在北极领域,中国通过参与北极理事会有关工作,举办中国—北欧北极合作研讨会、开展北冰洋科学考察等,积极向国际社会提供对话合作平台、分享科研成果。
毛宁说,极地的和平稳定与可持续发展符合全人类共同利益。中方愿同各方一道,在极地领域加强交流、促进合作。(完)
1. 2025年12月29日在秦岭站海域拍摄的“雪龙”号极地科考破冰船。新华社记者 顾天成 摄
2. 1月3日,执行中国第42次南极考察任务的“雪龙”号完成秦岭站物资卸运、人员登陆工作和航空摄影、海洋测绘等科考工作,启程前往新西兰利特尔顿港。这是“雪龙”号在秦岭站附近海域行驶。 新华社发(祝贺 摄)
3. 2025年12月29日,“雪鹰102”直升机在秦岭站降落。新华社记者 顾天成 摄