China
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာအန်းမြို့တွင် ရိုးရာဓလေ့များဖြင့် နှစ်သစ်ကူးကြိုဆိုခြင်း
ရာအန်း (စီချွမ်း)၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ဝက်ယဉ်ကျေးမှု ခရီးသွားလာရေး လှုပ်ရှားမှု အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်တွင် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာအန်းမြို့ ယွီချန်ခရိုင်ရှိ ရှန့်ကူလီမြို့ဟောင်း၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် “မင်္ဂလာဧည့်ခံပွဲ + နှစ်သစ်ကူးဝက်” ပြဇာတ်များ တင်ဆက်ခဲ့ပြီး ရိုးရာဓလေ့ယဉ်ကျေးမှု စီတန်းလှည့်လည်ခြင်း၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် တင်ဆက်ပြသခြင်း၊ ပါ့ပါ့ဧည့်ခံပွဲတွင် မြည်းစမ်းခြင်း စသည့် လှုပ်ရှားမှုများဖြင့်လည်း တွဲဖက်စီစဉ်ထားရာ မြို့သူ၊ မြို့သားများနှင့် ခရီးသွားဧည့်သည်များက တရုတ်နှစ်သစ်ကူးပွဲတော် အငွေ့အသက်များကို ကြိုတင်ခံစားခွင့်ရခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ရာအန်းမြို့ ရှန့်ကူလီမြို့ဟောင်းတွင် တရုတ်ရိုးရာ လက်ထပ်မင်္ဂလာပွဲအတွက် သတို့သမီးအား သွားရောက်ကြိုဆိုမှု အခမ်းအနားအား အပြည့်အဝ ပါဝင်ခံစားနေသည့် မြို့သူ၊ မြို့သားနှင့် ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


——————
(Chinese Version)
四川雅安:传统民俗迎新年
新华社照片,雅安(四川),2026年1月17日
1月17日,四川省雅安市雨城区2026年年猪文化旅游系列活动在上里古镇举行。活动现场推出“喜宴+年猪”剧目演绎,配合民俗文化巡游、非遗展演、吃坝坝宴等活动,让市民游客提前感受浓浓年味。
1、1月17日,在雅安上里古镇,市民游客观看舞龙表演。新华社记者 胥冰洁 摄
2、1月17日,在雅安上里古镇,市民游客沉浸式体验迎亲仪式。新华社记者 胥冰洁 摄
