China
ရှီကျင့်ဖိန်က ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် To Lam ၊ ဗီယက်နမ်နိုင်ငံ သမ္မတ Luong Cuong ထံသို့ တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၆ နှစ်မြောက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
ပေကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် To Lam ၊ ဗီယက်နမ်နိုင်ငံ သမ္မတ Luong Cuong ထံသို့ ဇန်နဝါရီ ၁၈ ရက်က တရုတ်-ဗီယက်နမ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၆ နှစ်မြောက် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် ဧပြီလတွင် မိမိအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ပြီး အထွေထွေအတွင်းရေးမှူးချုပ် To Lam ၊ သမ္မတ Luong Cuong တို့နှင့်အတူ မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း အရှိန်မြှင့်တင်တည်ဆောက်ရေးနှင့်စပ်လျဉ်း၍ အရေးကြီးသဘောတူညီချက်များ ရရှိခဲ့ရာ ခေတ်သစ်ကာလ တရုတ်-ဗီယက်နမ် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြီးမားသော အနာဂတ်လမ်းပြမြေပုံကို ရေးဆွဲခဲ့ကြကြောင်း ထောက်ပြပြောကြားထားသည်။
လွန်ခဲ့သည့်တစ်နှစ်တွင် နှစ်ဖက် အလွှာအသီးသီး ကူးလူးဖလှယ်မှုများ ပို၍ နီးကပ်လာသည်ကို မိမိအနေဖြင့် ဝမ်းမြောက်ဖွယ် မြင်တွေ့ရကြောင်း၊ နိုင်ငံရေးလုံခြုံမှု၊ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုပညာရေး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်များ ပို၍ ထိရောက်အောင်မြင်မှုရှိလာသလို နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက်နှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးနှစ် လှုပ်ရှားမှုအစီအစဉ်များသည် စည်စည်ကားကား ပီပီပြင်ပြင် ဖြစ်လာရာ နှစ်နိုင်ငံ ပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများ ဆောင်ကြဉ်းပေးပြီး နိုင်ငံအသီးသီး ခေတ်မီအသွင်ပြောင်းရေးအတွက် ခိုင်မာအားကောင်းသော အင်အားများ ဖြည့်တင်းပေးခဲ့ကြောင်း ၎င်းက ဖော်ပြခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံ၏ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ” အဖွင့်နှစ် ဖြစ်ကြောင်း၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကွန်ဂရက် ကျင်းပတော့မည်ဖြစ်ရာ ဗီယက်နမ်နိုင်ငံသည်လည်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ခေတ်သစ်ကာလကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း၊ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံစလုံးသည် ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သည့် အရေးကြီးအချိန်အခါတွင် ရှိကြကြောင်း၊ မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဆိုရှယ်လစ်ဝါဒလမ်းစဉ်ကို လက်တွဲအတူ ကောင်းမွန်စွာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ အိမ်နီးချင်းချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေခြင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေခြင်းသည် နှစ်ဖက်ဘုံအကျိုးစီးပွားနှင့် ကိုက်ညီသလို ကမ္ဘာ့ဆိုရှယ်လစ်ဝါဒ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ လူသားမျိုးနွယ် တိုးတက်ဖွံ့ဖြိုးမှု မြှင့်တင်ရေးအတွက် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
မိမိအနေဖြင့် တရုတ်-ဗီယက်နမ် နှစ်ပါတီ၊ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှုကို အထူးအလေးထားကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် To Lam ၊ သမ္မတ Luong Cuong တို့နှင့်အတူ မဟာဗျူဟာအနက်အဓိပ္ပာယ်ရှိသော တရုတ်-ဗီယက်နမ် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို ပို၍မြင့်မားသောအဆင့်၊ ပို၍ နက်ရှိုင်းသော အလွှာသို့ တက်လှမ်းရန် ဦးဆောင်သွားလိုပြီး နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကို ပိုမိုကောင်းမွန်အောင် ဖန်တီးကာ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အကျိုးကျေးဇူးပိုမိုများပြားအောင် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平就中越建交76周年向越共中央总书记苏林、国家主席梁强致贺电
新华社北京1月18日电 1月18日,中共中央总书记、国家主席习近平就中越建交76周年向越共中央总书记苏林、越南国家主席梁强致贺电。
习近平指出,2025年4月,我对越南进行国事访问,同苏林总书记和梁强国家主席就加快构建具有战略意义的中越命运共同体达成重要共识,为新时期中越关系发展擘画宏伟蓝图。我高兴地看到,过去一年,双方各层级交往更趋密切,政治安全、贸易投资、文化教育等领域合作更具成效,两国建交75周年暨人文交流年活动有声有色,给两国人民带来切实利益,为各自国家现代化注入强劲动力。
习近平强调,今年是中国“十五五”开局之年,越南共产党十四大即将召开,越南将开启民族发展新纪元,中越两国都处在各自发展振兴的关键时期。携手走好符合本国国情的社会主义道路,巩固睦邻友好,深化团结协作,符合双方共同利益,对振兴世界社会主义事业、促进人类发展进步具有重要意义。我高度重视中越两党两国关系发展,愿同苏林总书记和梁强国家主席一道,引领具有战略意义的中越命运共同体建设向更高水平、更深层次迈进,更好造福两国人民,更多惠及地区发展。(完)
1. 1月12日,中共中央总书记、国家主席、中央军委主席习近平在中国共产党第二十届中央纪律检查委员会第五次全体会议上发表重要讲话。 新华社记者 谢环驰 摄
