Connect with us

China

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ရန် ဂျပန်တွင် တောင်းဆိုပိုင်ခွင့်လုံးဝမရှိဟု တရုတ်နိုင်ငံက ထပ်မံအလေးထားပြောကြား

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် လူသားမျိုးနွယ်အပေါ် အန္တရာယ်ရှိသည့် ပြစ်မှုများ ကျူးလွန်ခြင်း ကာကွယ်တားဆီးရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အထူးကိုယ်စားလှယ် ညီလာခံ ဖြစ်မြောက်ရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ စွန်းလေက (အလယ်) ပါဝင်ဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကာကွယ်ထိန်းသိမ်းမှု တာဝန်ဝတ္တရားကို ထမ်းဆောင်နိုင်ခြင်း မရှိသလို နိုင်ငံတကာအသိုက်အဝန်း ယုံကြည်မှုကို မရရှိနိုင်ဖြစ်ရာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် တောင်းဆိုပိုင်ခွင့် လုံးဝမရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ယာယီတာဝန်ခံ စွန်းလေက ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသည့် ၈၀ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစိုးရချင်းဆွေးနွေးပွဲ၏ ပထမအကြိမ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီသည် နိုင်ငံတကာအစုအဖွဲ့လုံခြုံရေးယန္တရား၏ အချက်အချာ ဖြစ်ရာ စစ်ပွဲအလွန်နိုင်ငံတကာစည်းစနစ် ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရန် တစ်မူထူးခြားသော အရေးကြီးသမိုင်းတာဝန်ကို ထမ်းရွက်လျက်ရှိကြောင်း စွန်းလေက ပြောကြားခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ က အရှေ့ဖျား အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး တရားဝင် ရုံးတင်ဖွင့်လှစ်ခဲ့ကြောင်း၊ တိုကျိုရုံးတင်စီရင်မှုက ဂျပန် စစ်ရာဇဝတ်သားများကို ပြင်းပြင်းထန်ထန်အပြစ်ပေးခဲ့ပြီး နိုင်ငံတကာ တရားမျှတမှုကို မြှင့်တင်ကာ လူသားမျိုးနွယ်၏ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းခဲ့သလို စစ်ဝါဒပြန်လည်ရှင်သန်လာမှု၊ ကျူးကျော် တိုးချဲ့ရေး ထပ်မံလုပ်ဆောင်မည့် မသမာသည့်ကြံစည်မှုမှန်သမျှအပေါ် အားကောင်းသည့် သတိပေးမှုလည်း ဖြစ်စေခဲ့ကြောင်း၊ သို့သော် ဂျပန်စစ်ဝါဒကို အမြစ်ပြတ် မရှင်းလင်းနိုင်ဘဲ အသွင်ပြောင်းကာ တိုးလျှိုးစွာ အင်အားကြီးထွားအောင်လုပ်ဆောင်ခဲ့ကြောင်း၊ ဂျပန်လက်ယာယိမ်းအင်အားစုက ကျူးကျော်မှုသမိုင်းကို အစွမ်းကုန် တန်ဆာဆင်လျက်ရှိရာ နန်ကျင်းလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ “လိင်ကျွန်အမျိုးသမီး” အတင်းအဓမ္မခေါ်ယူစုဆောင်းမှု၊ လုပ်သားအတင်းအဓမ္မခေါ်ယူစုဆောင်းမှု စသည့် သမိုင်းပြစ်မှုများကို ပြောင်ပြောင်တင်းတင်း ငြင်းဆန်နေပြီး သမိုင်းသင်ရိုးညွှန်းတမ်း ပြင်ဆင်ရေးကို တွန်းအားပေးကာ ကျူးကျာ်မှုသမိုင်းကို ပြောင်းပြန်လှန်ရန် ကြံစည်လျက်ရှိကြောင်း၊ ဂျပန်နိုင်ငံ၏ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အကြီးအကဲများစွာက စစ်ဝါဒ၏ စိတ်ဓာတ်ရေးရာပြယုဂ်ဖြစ်သော ယာဆူကူနီဂူဗိမာန်အား သွားရောက်၍ A အဆင့် စစ်ရာဇဝတ်သားများအား အထွတ်အထိပ်ထား ဂါရဝပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက ထိုင်ဝမ်အရေးနှင့်စပ်လျဉ်း၍ မှားယွင်းစွာ ပြောဆိုခြင်း၊ တရုတ်နိုင်ငံအပေါ် လက်နက်အင်အားသုံးခြိမ်းခြောက်ခြင်းမှသည် ဂျပန်အဆင့်မြင့် အရာရှိများက နျူကလီးယားလက်နက်ပိုင်ဆိုင်ရေးကို လူသိရှင်ကြား အဆိုပြုခြင်း၊ “လုံခြုံရေးအာမခံချက်စာရွက်စာတမ်း ၃ ရပ်” အား ပြင်ဆင်ရန် တွန်းအားပေးခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန် ပြောကြားခြင်းအထိ တို့သည် ဂျပန်လက်ယာယိမ်းအင်အား၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” တွန်းအားပေးခြင်း၊ စစ်ဝါဒမီးစပြန်လည်တောက်လောင်ရေး ကြံစည်မှုဟူသော အန္တရာယ်များဆိုးရွားသည့်ရည်ရွယ်ချက်ကို ပေါ်လွင်စေကြောင်း၊ ယင်းမှာ ဒေသတွင်းသာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုအသစ် ဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုကဲ့သို့ သမိုင်း၏ပြစ်မှုများကို နောင်တရ၍ ပြင်ဆင်ရမှန်း မသိသော၊ နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစံနှုန်းများကို ချိုးဖောက်သော၊ ဒုတိယကမ္ဘာစစ် အောင်နိုင်ခြင်းရလဒ်များကို စိန်ခေါ်သော၊ စစ်ပွဲအလွန်နိုင်ငံတကာစည်းစနစ်ကို ပြောင်ပြောင်တင်းတင်း နင်းချေသော နိုင်ငံသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကာကွယ်ထိန်းသိမ်းမှု တာဝန်ဝတ္တရားကို ထမ်းဆောင်နိုင်ခြင်း မရှိသလို နိုင်ငံတကာအသိုက်အဝန်း ယုံကြည်မှုကို မရရှိနိုင်ဖြစ်ရာ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံအဖြစ် တောင်းဆိုပိုင်ခွင့် လုံးဝမရှိကြောင်း စွန်းလေက အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် တာဝန်ယူမှုရှိသော နိုင်ငံကြီးအနေဖြင့် ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသော နိုင်ငံနှင့် ပြည်သူများနှင့်အတူ ဒုတိယကမ္ဘာစစ်အောင်နိုင်ခြင်းရလဒ်များနှင့် စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို အခိုင်အမာ ကာကွယ်သွားလိုကြောင်း၊ လုံခြုံရေးကောင်စီ၏ဩဇာအရှိန်အဝါနှင့် စည်းလုံးညီညွတ်မှုကို အတူတကွ ကာကွယ်ထိန်းသိမ်းကာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း စွန်းလေက ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးနှင့်စပ်လျဉ်း၍ စွန်းလေက တရုတ်နိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီသည် မဖြစ်မနေလိုအပ်၍ ကျိုးကြောင်းဆီလျော်မှုရှိသည့် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်ခြင်း၊ ဩဇာအရှိန်အဝါနှင့် ထိရောက်မှုကို မြှင့်တင်ခြင်း၊ အကျပ်အတည်းစိန်ခေါ်မှုများကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်စီမံခြင်းအား ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ပြုပြင်ပြောင်းလဲရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်အား ခိုင်မာစွာမြှင့်တင်ခြင်းကို တစ်ခုတည်းသော မှန်ကန်သည့်ဦးတည်ချက်အဖြစ် ထားရှိရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ် ၅ ခုမှာ အခြေခံနှင့် အချက်အချာကျသည့် အရေးကိစ္စများဖြစ်ရာ ဘက်စုံနည်းလမ်းများဖြင့် ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ယခုအကြိမ် အစိုးရချင်းဆွေးနွေးမှုသည် ပြုပြင်ပြောင်းလဲရေးအတွေးအခေါ်သစ်ကို ဗဟိုပြု၍ နက်နက်ရှိုင်းရှိုင်း အဖြေရှာဆွေးနွေးသွားနိုင်မည်ဟု တရုတ်နိုင်ငံအနေဖြင့် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

—————–
(Chinese Version)
中方重申:日本根本没有资格要求“入常”
新华社联合国1月21日电 中国常驻联合国代表团临时代办孙磊21日在第80届联大安理会改革政府间谈判首次会议上发言时说,日本无法承担维护国际和平与安全的职责,无法取信于国际社会,根本没有资格要求成为安理会常任理事国。
孙磊说,安理会是国际集体安全机制的核心,对于维护战后国际秩序、捍卫国际和平与安全肩负着特殊重要使命。80年前,远东国际军事法庭正式开庭。东京审判严惩了日本战犯,伸张了国际正义,维护了人类尊严,也是对任何复辟军国主义、再行侵略扩张不法企图的强力警示。然而,日本军国主义不仅未被彻底清算,反而改头换面、潜滋暗长。日本右翼势力极力美化侵略历史,矢口否认南京大屠杀、强征“慰安妇”、强征劳工等历史罪行,推动修改历史教科书,企图为侵略历史翻案。多名日本现职领导人曾参拜军国主义的精神象征靖国神社,对甲级战犯顶礼膜拜。从日本首相高市早苗发表涉台错误言论、对中国发出武力威胁,到日本高官公开发表拥核言论,再到推进修改“安保三文件”,声称修改“无核三原则”,充分暴露出日本右翼势力推动“再军事化”、企图让军国主义死灰复燃的险恶用心,对地区乃至世界和平与安全构成新的威胁。
孙磊强调,这种对历史罪行不知悔改、违背国际关系基本准则、挑战二战胜利成果、公然践踏战后国际秩序的国家,无法承担维护国际和平与安全的职责,无法取信于国际社会,根本没有资格要求成为安理会常任理事国。
孙磊说,中国作为安理会常任理事国和负责任大国,愿同所有爱好和平的国家和人民一道,坚定捍卫二战胜利成果和战后国际秩序,共同维护安理会权威和团结,为国际和平与安全发挥建设性作用。
关于安理会改革,孙磊说,中方支持对安理会进行必要、合理改革,提高权威和效率,更好应对危机挑战。改革必须把切实提升发展中国家的代表性和发言权作为唯一正确方向。安理会改革五大类问题是基础性、关键性问题,必须通过“一揽子”方案解决。中方希望本届政府间谈判能围绕新的改革理念开展深入探讨。(完)
1. 1月19日,在位于纽约的联合国总部,中国常驻联合国代表团临时代办孙磊(中)在联合国防止及惩治危害人类罪问题全权代表会议筹备委员会第一届会议上发言。 新华社记者 张凤国 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.