China
တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ
ယွိရှီး (ယူနန်)၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
ဇန်နဝါရီ ၂၆ ရက်တွင် တရုတ်-လာအို ရထားလမ်းသည် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲခဲ့သည်။ ပထမဆုံးရထားကို ယင်းနေ့ ညနေ ၄ နာရီခန့်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယွိရှီးမြို့ ယန်ဟော်ဘူတာမှ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ တောင်ဘက်ဘူတာသို့ ခရီးပြု ထွက်ခွာခဲ့သည်။
ယခုအကြိမ် အသစ်ထပ်တိုးသည့် တရုတ်-လာအိုရထားလမ်း၌ ပြေးဆွဲသော ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထားများသည် တရုတ်နိုင်ငံ ယွိရှီးမြို့ ယန်ဟော်ဘူတာ၊ ကူမင်းမြို့ ကျုံးရီကျေးရွာဘူတာ၊ ယွိရှီးမြို့တောင်ဘက်ဘူတာ စသည်တို့မှ စတင်ထွက်ခွာမည်ဖြစ်ရာ ရက်သတ္တပတ် တစ်ပတ်လျှင် အနည်းဆုံး ၄ ကြိမ် ပြေးဆွဲမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားချက်များအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံယူနန်ပြည်နယ် ယွိရှီးမြို့ ယန်ဟယ်ဘူတာတွင် တရုတ်-လာအို ရထားလမ်း ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား စတင်ထွက်ခွာရန် ပြင်ဆင်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)





———————–
(Chinese Version)
中老铁路新增4趟中亚国际货运班列
1月26日,中老铁路新增4趟中亚国际货运班列,首趟班列于当日16时许从云南玉溪市研和站驶出,终点站为老挝万象南站。
据介绍,此次新增的中老铁路中亚国际货运班列将分别从玉溪研和站、昆明中谊村站、玉溪南站等始发,每周至少开行4趟。
1. 1月26日,中老铁路中亚国际货运班列开行仪式在云南玉溪研和站举行(无人机照片)。新华社记者 高咏薇 摄
2. 1月26日,中老铁路中亚国际货运班列在云南玉溪研和站准备发车(无人机照片)。新华社记者 高咏薇 摄
