Connect with us

China

ရှီကျင့်ဖိန်က ပါကစ္စတန်နိုင်ငံ သမ္မတ Asif Ali Zardari ထံသို့ ပါကစ္စတန်နိုင်ငံ မြို့တော် ပေါက်ကွဲမှု ဖြစ်ပွားသည့်အပေါ် ဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့

ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန်နိုင်ငံ သမ္မတ Asif Ali Zardari ထံသို့ ပါကစ္စတန်နိုင်ငံ မြို့တော် ပေါက်ကွဲမှု ဖြစ်ပွားသည့်အပေါ် ဝမ်းနည်းနှစ်သိမ့်ကြောင်း သဝဏ်လွှာအား ဖေဖော်ဝါရီ ၉ ရက်တွင် ပေးပို့ခဲ့သည်။
ရှီကျင့်ဖိန်က ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်တွင် ပြင်းထန်သောပေါက်ကွဲမှုဖြစ်ပွား၍ ကြီးမားသော လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်ကို ထိတ်လန့်စွာ ကြားသိရကြောင်း၊ မိမိအနေဖြင့် တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား သေဆုံးသူများအတွက် အထူးဝမ်းနည်းကြောင်းနှင့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူမိသားစုဝင်များအား နွေးထွေးစွာ နှစ်သိမ့်ပါကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒ အသွင်မှန်သမျှကို အခိုင်အမာကန့်ကွက်ကြောင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများကို ဦးတည်သည့် အကြမ်းဖက်လုပ်ရပ်များအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း၊ တရုတ်ပြည်သူများက ပါကစ္စတန်ပြည်သူများနှင့် အစဉ်အမြဲရပ်တည်လျက်ရှိပြီး ပါကစ္စတန်နိုင်ငံ အစိုးရက အကြမ်းဖက်မှုအား တိုက်ဖျက်ရေး၊ နိုင်ငံတော်တည်ငြိမ်မှု ထိန်းသိမ်းရေး၊ ပြည်သူများအား ကာကွယ်စောင့်ရှောက်ရေးအတွက် ကြိုးပမ်းမှုအားလုံးကို အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
ထို့နေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahbaz Sharif ထံသို့ နှစ်သိမ့်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ (Xinhua)

——————-
(Chinese Version)
习近平就巴基斯坦首都发生严重爆炸事件向巴基斯坦总统扎尔达里致慰问电   李强向巴基斯坦总理夏巴兹致慰问电
新华社北京2月9日电 2月9日,国家主席习近平就巴基斯坦首都发生严重爆炸事件向巴基斯坦总统扎尔达里致慰问电。
习近平表示,惊悉巴基斯坦首都伊斯兰堡发生严重爆炸事件,造成重大人员伤亡。我谨代表中国政府和中国人民,对遇难者表示深切哀悼,向伤者和遇难者家属致以诚挚慰问。
习近平强调,中方坚决反对一切形式的恐怖主义,强烈谴责针对无辜平民的暴力恐怖行径。中国人民始终同巴基斯坦人民站在一起,将一如既往坚定支持巴基斯坦政府为打击恐怖主义、维护国家稳定、保护人民安全所作努力。
同日,国务院总理李强向巴基斯坦总理夏巴兹致慰问电。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.