China
ရှီးဇန့်ဒေသ တိန့်ရစ်ခရိုင်က နေအိမ်အသစ်တွင် ဖြတ်သန်းသည့် ပထမဆုံး တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်နှင့် ဇန့်ပြက္ခဒိန် နှစ်သစ်ကူး
လားဆ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၁၆ ရက်သည် တရုတ်ပြက္ခဒိန် နှစ်သစ်ကူးအကြိုည ဖြစ်သလို ဇန့်ပြက္ခဒိန်အရ နှစ်သစ်၏ “ကူထူး” ည နှင့်လည်း တိုက်ဆိုင်ခဲ့သည်။ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်နှင့် ဇန့်ပြက္ခဒိန်အရ နှစ်သစ်တို့ တိုက်ဆိုင်ခဲ့ရာ ဆီးနှင်းဖုံးလွှမ်းနေသော ကုန်းပြင်မြင့်ဒေသတွင် နှစ်ကူးပွဲတော်အငွေ့အသက်များဖြင့် ကြိုင်လှိုင်လျက်ရှိသည်။ တရုတ်နိုင်ငံ ရှီးဇန့်ဒေသ တိန့်ရစ်ခရိုင် ချန်ဆောကျေးရွာစု၊ ကူရုံကျေးရွာမှ ရွာခံ ဆန်းကျဲတို့မိသားစုသည် ပရိဘောဂအသစ်များဝယ်ယူကာ နှစ်သစ်ကူးပစ္စည်းများ အပြည့်အဝပြင်ဆင်ထားခြင်းဖြင့် နေအိမ်အသစ်သို့ ပြောင်းရွှေ့ပြီးနောက် ပထမဆုံး တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်နှင့် ဇန့်ပြက္ခဒိန် နှစ်သစ်ကူးတို့ကို ကျင်းပဖြတ်သန်းခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် ချိုမိုလန်းမားတောင်ခြေ၌ ရုတ်တရက် ကပ်ဘေးတစ်ခု ကျရောက်ခဲ့သည်။ ပြင်းအား ၆.၈ ရှိသော ငလျင်သည် တိန့်ရစ်၊ လားကျစ်၊ ဆာ့ကျား၊ ဆာ့ကာ၊ တိန့်ကျယ် စသည့် ခရိုင်အများအပြားကို ရိုက်ခတ်ခဲ့သည်။ ငလျင်လှုပ်ခတ်ပြီး တတိယမြောက်နေ့တွင် ကပ်ဘေးအလွန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် အလုံးစုံအစီအစဉ်ရေးဆွဲရေးလုပ်ငန်းကို စတင်ခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လဆန်းတွင် ကပ်ဘေးအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်များ စတင်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇွန်လဆန်းတွင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအသီးသီးကို ဘက်စုံလုပ်ငန်းစတင်ခဲ့သည်။ ၂၀၂၅ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ဆန်းကျဲတို့ မိသားစုသည် ဘေးကင်းလုံခြုံ၍ သက်သောင့်သက်သာရှိသော နေအိမ်အသစ်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ဒေသ တိန့်ရစ်ခရိုင် ချန်ဆောကျေးရွာစု၊ ကူရုံကျေးရွာတွင် ရွာခံ ဆန်းကျဲတို့မိသားစု၏ နေအိမ်အသစ်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)






…………………
(Chinese Version)
西藏定日:新居里的首个春节和藏历新年
新华社照片,拉萨,2026年2月19日
2月16日是农历除夕夜,恰逢藏历新年的“古突”夜。春节与藏历新年相遇,雪域高原洋溢着浓浓年味。西藏定日县长所乡古荣村村民桑杰一家添置新家具、备足年货,度过搬至新居后的首个春节和藏历新年。
2025年1月7日清晨,一场突如其来的灾难降临珠峰脚下。6.8级地震,波及定日、拉孜、萨迦、萨嘎、定结等多个县。震后第三天,灾后恢复重建总体方案编制工作启动;2025年3月初,灾后重建启动;2025年6月初,各项重建工作全面开工……下半年,桑杰一家搬入安全舒适的新居。
图说1:2月16日拍摄的西藏定日县长所乡古荣村灾后重建的新居(无人机照片)。 新华社记者 旦增尼玛曲珠 摄
图说2:2月16日拍摄的长所乡古荣村村民桑杰家的新居(无人机照片)。新华社记者 旦增尼玛曲珠 摄
