Connect with us

China

စစ်ရေးကဏ္ဍ ဉာဏ်ရည်တုအသုံးပြုမှုက လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအနာဂတ်နှင့် သက်ဆိုင်ဟု တရုတ်ကိုယ်စားလှယ် ပြောကြား

တရုတ်နိုင်ငံ နန်ကျင်း ဉာဏ်ရည်တုဂေဟလမ်းရှိ “AI သရုပ်ပြ” နန်ကျင်း စမတ်စုစည်းဖြန့်ဖြူးရေးစင်တာတွင် ဟွာရှ လူပုံစံတူစက်ရုပ်က နှုတ်ဆက်နေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် “စစ်ရေးကဏ္ဍတွင် တာဝန်ယူမှုရှိစွာ ဉာဏ်ရည်တု (AI) အသုံးပြုရေး” ထိပ်သီးအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက်မှ ၅ ရက်အထိ စပိန်နိုင်ငံ အာကိုရူးညာမြို့တွင် ကျင်းပခဲ့သည်။ အစည်းအဝေးတွင် စစ်ရေးဆိုင်ရာ ဉာဏ်ရည်တုကို အသုံးပြု၍ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို မည်သို့မြှင့်တင်ပေးရေး၊ တာဝန်မဲ့အသုံးပြုမှု သို့မဟုတ် စနစ်ချို့ယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့်အန္တရာယ်များကို မည်သို့ ရှောင်ရှားရေး ဟူသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လက်နက်ထိန်းချုပ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် လီချီကျန်းက တရုတ်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ အစည်းအဝေးတက်ရောက်ခဲ့သည်။

အဆိုပါထိပ်သီးအစည်းအဝေး၌ လီချီကျန်းက အမှာစကားပြောကြားရာတွင် စစ်ရေးစမတ်အသွင်ပြောင်းခြင်းသည် ယနေ့ကမ္ဘာ့စစ်ရေးကဏ္ဍတိုးတက်မှု၏ အဓိကအလားအလာ ဖြစ်ကြောင်း၊ စစ်ရေးကဏ္ဍတွင် ဉာဏ်ရည်တုကို မည်သို့ တာဝန်ယူမှုရှိစွာအသုံးပြုမည်မှာ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဘုံအနာဂတ်နှင့်သက်ဆိုင်သလို ခေတ်ကာလ၏ တူညီသည့်အမေးပုစ္ဆာဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေမှုရှိသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအမြင်နှင့် အတူတကွ၊ ဘက်စုံ၊ ပူးပေါင်းဆောင်ရွက်မှုရှိပြီး စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို ခိုင်မာစွာ လက်ကိုင်ထားရန်၊ ထိရောက်မှုရှိသော စီမံခန့်ခွဲရေးယန္တရားကို စုပေါင်းအင်အားဖြင့် တွန်းအားပေး တည်ဆောက်ရန်၊ ဉာဏ်ရည်တုနည်းပညာကို အစဉ်သဖြင့် လူသားမျိုးနွယ် ယဉ်ကျေးမှုတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေသော ဦးတည်ချက်လားရာသို့ တက်လှမ်းနေရန် သေချာစေသင့်သည်ဟု အဆိုပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဉာဏ်ရည်တုနည်းပညာနိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံသည် စစ်ရေးကဏ္ဍတွင် ဉာဏ်ရည်တုအသုံးပြုခြင်း၏ အန္တရာယ်ကြိုတင်ကာကွယ်မှုနှင့် လုံခြုံရေးစီမံခန့်ခွဲမှုကို အစဉ်သဖြင့် အထူးအလေးထားသလို “လူသားဗဟိုပြုသည့် စစ်ရေးကဏ္ဍဉာဏ်ရည်တုနည်းပညာ” ဟူသော အယူအဆကို ခိုင်မာစွာ လက်ကိုင်ထားကြောင်း လီချီကျန်းက ပြောကြားခဲ့သည်။ နိုင်ငံအသီးသီးက သက်ဆိုင်ရာနည်းပညာများကို အသုံးပြုချိန်တွင် သတိအသိဖြင့် အဆုံးတိုင်တာဝန်ယူမှုရှိရန်၊ လူသားဗဟိုပြုသည့် မူလရည်မှန်းချက်ကို လက်ကိုင်ထားရန်၊ စမတ်နည်းပညာများကို ကောင်းမှုပြုရာတွင်သာအသုံးပြုခြင်းဟူသော အခြေခံမူကို တင်းတင်းကျပ်ကျပ်လိုက်နာစောင့်ထိန်းရန်၊ လျင်မြန်သွက်လက်သည့်စီမံခန့်ခွဲမှုအခြေခံမူများအား ဖော်ဆောင်ရန်၊ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒရည်မှန်းချက်အား အခိုင်အမာ စွဲကိုင်ထားရန်၊ စစ်ရေးကဏ္ဍတွင် ဉာဏ်ရည်တု အသုံးပြုမှုက ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကာကွယ်ထိန်းသိမ်းမှုကို ဝန်ဆောင်မှုပေးရေးအား တွန်းအားပေးဆောင်ရွက်ရန် လုပ်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် “ဉာဏ်ရည်တု စီမံခန့်ခွဲမှုမြှင့်တင်ရေး” ကို “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အစီအစဉ်အကြံပြုချက်များတွင် ထည့်သွင်းပြီးဖြစ်ကြောင်း၊ ထို့အပြင် ကမ္ဘာ့စစ်ဘက်ရေးရာ တော်လှန်ပြောင်းလဲမှု အလားအလာ၊ အမျိုးသားလုံခြုံရေး ဓမ္မဓိဋ္ဌာန်ကျမှုရှိသော လိုအပ်ချက်နှင့် ကာကွယ်ရေးတပ်မတော်တည်ဆောက်ရေး လက်တွေ့အနေအထားများအရ စစ်ရေးစမတ်အသွင်ပြောင်းမှု တိုးတက်ရေးကို မြှင့်တင်မည်ဖြစ်သလို အခြားနိုင်ငံများနှင့် ဉာဏ်ရည်တုစစ်လက်နက်ပစ္စည်းပြိုင်ဆိုင်မှု ပြုလုပ်မည်မဟုတ်ဘဲ မူဝါဒများကို ပွင့်လင်းမြင်သာစွာ ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ လူသားချင်းစာနာထောက်ထားမှု ကူညီကယ်ဆယ်ခြင်းတို့တွင်လည်း စစ်ရေးကဏ္ဍဉာဏ်ရည်တုနည်းပညာအားသာချက်ကို တက်ကြွစွာ အသုံးပြုခဲ့ရာ ရလဒ်ကောင်းများရရှိခဲ့ကြောင်း လီချီကျန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တံခါးဖွင့်လှစ်မှု၊ အားလုံးလက်ခံပါဝင်နိုင်မှု၊ အပြန်အလှန်လေ့လာမှု ဟူသော အခြေခံမူကို ဆက်လက်ကိုင်စွဲပြီး နိုင်ငံအသီးသီးနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ မြှင့်တင်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရန် လုပ်ဆောင်ကာ စစ်ရေးကဏ္ဍ ဉာဏ်ရည်တုနည်းပညာဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအတွက် အတူတကွ အကျိုးဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
中方代表:军事领域人工智能应用事关全人类共同未来
新华社马德里2月5日电(记者孟鼎博 谢宇智)第三届“军事领域负责任使用人工智能”峰会4日至5日在西班牙拉科鲁尼亚举行。会议探讨如何利用军事人工智能加强国际和平与安全,避免因不负责任使用或系统故障而带来的风险。外交部军控司副司长李驰江率中方代表团出席。
李驰江在峰会上发表讲话时表示,军事智能化是当今世界军事发展的重大趋势。在军事领域如何负责任使用人工智能,事关全人类共同未来,是时代共同课题。中方主张,国际社会应秉持共商共建共享的全球治理观,以及共同、综合、合作、可持续的安全观,合力推动构建有效的治理机制,确保人工智能始终朝着有利于人类文明进步的方向发展。
李驰江说,作为人工智能大国,中方一贯高度重视人工智能军事应用领域的风险防范和安全治理,并坚持“以人为本的军事人工智能”理念。他说,各国在使用相关技术时,应坚守慎重负责底线,秉持以人为本初心,恪守智能向善准则,落实敏捷治理原则,坚持多边主义宗旨,推动人工智能军事应用服务于维护和平与安全。
李驰江还表示,中国已将“加强人工智能治理”纳入“十五五”规划建议,并将按照世界军事革命趋势、国家安全客观需要和国防军队建设实际,推进军事智能化发展,不与其他国家开展人工智能军备竞赛,做到政策透明。中方还在维和、人道主义救援中积极发挥军事人工智能优势,取得良好效果。他强调,中方将继续秉持开放、包容、互鉴原则,同各国加强沟通交流,深入务实合作,共同为军事人工智能全球治理做出贡献。(完)
1. 2025年12月4日,在南京人工智能生态街区的“AI·模坊”南京智能体集散中心,一款华夏机器人在打招呼。新华社记者 季春鹏 摄