China
“Justice Mission 2025” စစ်ရေးလေ့ကျင့်မှုအပေါ် ပြည်ပ၏ချဲ့ကားပြောဆိုမှုနှင့်စပ်လျဉ်း၍ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များ၏ မေးမြန်းမှုအား ပြန်လည်ဖြေကြား
ပေကျင်း၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
“Justice Mission 2025” စစ်ရေးလေ့ကျင့်မှုအပေါ် ပြည်ပ၏ချဲ့ကားပြောဆိုမှုနှင့်စပ်လျဉ်း၍ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်းက သတင်းထောက်များ၏ မေးမြန်းမှုအား ဇန်နဝါရီ ၂ ရက်တွင် ပြန်လည်ဖြေကြားခဲ့သည်။
မကြာသေးမီက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီးသည် “Justice Mission 2025” စစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ကြောင်း၊ လိုက်ချင်းသဲက ယခုအကြိမ်စစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း တည်ငြိမ်ရေးအတွက် မသေချာမရေရာမှုအန္တရာယ်များ သယ်ဆောင်လာသည်ဟု ပြောကြားခဲ့သလို အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဖိလစ်ပိုင်၊ ဥရောပသမဂ္ဂတို့က တရုတ်ပြည်မကြီးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်းရှိရန် မျှော်လင့်သလို ထိုင်ဝမ်ရေလက်ကြား လက်ရှိအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲခြင်းအား ကန့်ကွက်သည်ဟု ထိုစစ်ရေးလေ့ကျင့်မှုအပေါ် လက်လွတ်စပယ် အဓိပ္ပာယ်မဲ့စွာ ပြောကြားခဲ့ရာ ထို့အပေါ် မည်သို့ သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီးသည် “Justice Mission 2025” စစ်ရေးလေ့ကျင့်မှုကို အောင်မြင်စွာစီစဉ်ပြီး မစ်ရှင်တပ်ဖွဲ့၏ တစ်သားတည်း ပူးတွဲစစ်ဆင်ရေးစွမ်းရည်ကို ဘက်စုံစစ်ဆေးစမ်းသပ်ခြင်းသည် “ခွဲထွက်ရေး” ကို တိုက်ဖျက်၍ ပေါင်းစည်းရေးကို မြှင့်တင်ခြင်း၊ ဝင်ရောက်စွက်ဖက်မှုကို တန်ပြန်တုံ့ပြန်ခြင်း၏ ခိုင်မာတောင့်တင်းသော စွမ်းရည်ကို အပြည့်အဝ ပြသလိုက်ခြင်း ဖြစ်ကြောင်း၊ ယင်းမှာ ထိုင်ဝမ်အရေး၌ စည်းကျော်ရန်စသော မည်သည့် ဆိုးရွားသောလုပ်ရပ်မဆို မုချမသွေ ပြတ်ပြတ်သားသား တန်ပြန်တိုက်ခိုက်ခြင်း ခံရမည်ဖြစ်သည်ကိုလည်းကောင်း၊ တရုတ်နိုင်ငံ ပေါင်းစည်းရေးကို တားဆီးသော မည်သည့် အန္တရာယ်များဆိုးရွားသည့်ကြံစည်မှုမျိုးမဆို အောင်မြင်ရန် မဖြစ်နိုင်သည်ကိုလည်းကောင်း သိသာထင်ရှားစွာ ထင်ဟပ်ပြသခြင်း ဖြစ်ကြောင်း ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။
“ထိုင်ဝမ်ဟာ တရုတ်နိုင်ငံ နယ်မြေပိုင်နက်ရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်၊ ထိုင်ဝမ်အရေးဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်သာဖြစ်တယ်၊ ဘယ်လို ပြည်ပရဲ့စွက်ဖက်မှုမျိုးကိုမဆို ခွင့်ပြုမှာမဟုတ်ဘူး။ PLA ရဲ့ ထိုင်ဝမ်းကျွန်းအနီးတစ်ဝိုက် ခွဲထွက်မှုဆန့်ကျင်တဲ့၊ စွက်ဖက်မှုဆန့်ကျင်တဲ့လှုပ်ရှားမှုက အပြည့်အဝ တရားဝင်မှန်ကန်သင့်လျော်မှုရှိသလို လိုအပ်မှုရှိပြီး အငြင်းပွားပြောကြားဖွယ်မရှိဘူး” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြား၏ အကြီးမားဆုံးသော လက်ရှိအခြေအနေမှာ ရေလက်ကြားနှစ်ဖက်ဒေသကို တရုတ်နိုင်ငံကသာ ပိုင်ဆိုင်ခြင်းပင် ဖြစ်ပြီး ထိုင်ဝမ်ရေလက်ကြား တည်ငြိမ်အေးချမ်းရေး၏ အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ “ထိုင်ဝမ်ခွဲထွက်ရေး” လုပ်ရပ်နှင့် ပြည်ပအင်အား၏ အလိုက်သင့်ထောက်ခံမှုပင် ဖြစ်ကြောင်း၊ ထိုင်ဝမ်လက်ကြား ငြိမ်းချမ်းရေးကို မည်သူကမျှ မိမိတို့ထက်ပို၍ တန်ဖိုးထားသူမရှိကြောင်း၊ သို့သော် “ထိုင်ဝမ်ခွဲထွက်ရေး” လှုပ်ရှားမှုကို ဟန့်တားသည့် မိမိတို့၏လုပ်ဆောင်ချက်များအပေါ် ကန့်သတ်ရန်အတွက် မည်သူ၊ မည်သည့်အင်အားစု၏ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး ကာကွယ်ထိန်းသိမ်းမှုကို အကြောင်းပြလုပ်ဆောင်ခြင်းကိုမျှ မိမိတို့အနေဖြင့် လုံးဝဥဿုံလက်ခံမည် မဟုတ်သလို မည်သူ၊ မည်သည့်အင်အားစုမဆို ငြိမ်းချမ်းရေးကို ဗန်းပြ၍ တရုတ်ပြည်တွင်းရေးကို စွက်ဖက်ခြင်း၊ ထိုင်ဝမ်ရေလက်ကြားကို ဒုက္ခပေးရှုပ်ထွေးစေခြင်းကိုလည်း လုံးဝလက်ခံမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သက်ဆိုင်ရာ နိုင်ငံနှင့်အဖွဲ့အစည်းများက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို တင်းကျပ်စွာလိုက်နာရန်၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုအပေါ် အလိုက်သင့်ထောက်ခံမှုများကို ရပ်တန့်ရန်၊ ထိုင်ဝမ်ရေလက်ကြားအရေးတွင် ရှုပ်ထွေးပြီး ပြဿနာဖြစ်အောင် လုပ်ဆောင်ခြင်းကို ရပ်တန့်ရန် မိမိတို့အနေဖြင့် တိုက်တွန်းကြောင်း၊ ကျယ်ပြန့်များပြားလှသော ထိုင်ဝမ်မွေးချင်းများအနေဖြင့်လည်း လိုက်ချင်းသဲ၏ “ထိုင်ဝမ်ခွဲထွက်ရေး စစ်မက်ဖိတ်ခေါ်မှု” ဟူသော အလွန်ဆိုးရွားသည့် အန္တရာယ်နှင့် ဘေးဒုက္ခကို လက်တွေ့ရှင်းလင်းစွာ သိမြင်စေလိုပြီး “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများ၏ လှည့်ဖျား၍ အတင်းအကျပ်ဖိအားပေးခံရခြင်းကို ကာကွယ်တားဆီးရန်၊ မိမိ၏လုံခြုံရေးအကျိုးစီးပွားနှင့် တရုတ်အမျိုးသားအခြေခံအကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်ထိန်းသိမ်းရန် ၎င်းက ပြောကြားခဲ့သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် တိုက်ပွဲအသင့်ပြင် စစ်ရေးလေ့ကျင့်မှုများကို စဉ်ဆက်မပြတ် မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ “ခွဲထွက်ရေး” ရန်စမှုလုပ်ရပ်များကို အချိန်မရွေး တန်ပြန်တိုက်ခိုက်ရန် အသင့်ပြင်သွားမည်ဖြစ်သလို ပြည်ပစွက်ဖက်မှု အကြံအစည်မှန်သမျှကို ပြတ်ပြတ်သားသား အနိုင်ယူကာ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပေါင်းစည်းမှု၊ နယ်မြေပိုင်နက်ပြည့်စုံမှုကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
国防部新闻发言人就境外炒作“正义使命-2025”演习答记者问
新华社北京1月2日电(记者王春涛)国防部新闻发言人张晓刚2日就境外炒作“正义使命-2025”演习答记者问。
有记者问,前不久,中国人民解放军东部战区举行了“正义使命-2025”演习。赖清德声称此次军演对区域稳定带来不确定性风险,美、日、澳、菲、欧盟等对此次演习说三道四,希望大陆保持克制,反对单方面改变台海现状。请问对此有何评论?
张晓刚表示,中国人民解放军东部战区成功组织“正义使命-2025”演习,全面检验任务部队一体化联合作战能力,充分展示打“独”促统、反制干涉的强大实力,鲜明昭示任何在台湾问题上越线挑衅的恶劣行径必遭坚决回击、任何阻挠中国实现统一的险恶图谋都不可能得逞。
“台湾是中国领土不可分割的一部分,台湾问题纯属中国内政,不容任何外来干涉。解放军位台岛周边组织反分裂反干涉行动,完全正当必要、无可非议。”张晓刚说,台海最大的现状就是海峡两岸同属一个中国,台海和平稳定的最大威胁就是“台独”分裂行径和外部势力纵容支持。没有人比我们更珍视台海和平,但我们绝不接受任何人任何势力以维护台海和平为由,束缚我们遏制“台独”分裂活动的手脚;绝不允许任何人任何势力打着和平的幌子,干涉中国内部事务,祸乱台海。
张晓刚表示,我们敦促有关国家和机构严格恪守一个中国原则,停止对“台独”势力纵容支持,停止在台海问题上搅局生事;希望广大台湾同胞切实认清赖清德“台独引战”的极端危险性和危害性,防止被“台独”势力蒙蔽裹挟,切实维护好自身安全福祉和中华民族根本利益。中国人民解放军将持续加强练兵备战,随时准备回击谋“独”挑衅行径,坚决挫败一切外来干涉图谋,捍卫国家主权、统一、领土完整。(完)
