Connect with us

China

ဝမ်ရိနှင့် ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး Abdullatif bin Rashid Al Zayani ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲအား တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မီဒီယာစင်တာရှိ သတင်းစာရှင်းလင်းပွဲခန်းမ၌ ၂၀၂၆ ခုနှစ် မတ် ၈ ရက်တွင် ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက “တရုတ်နိုင်ငံခြားရေးမူဝါဒနှင့် ပြည်ပဆက်ဆံရေး” ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရုတ်ပြည်တွင်းပြည်ပ မီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘာရိန်းနိုင်ငံခြားရေးဝန်ကြီး Abdullatif bin Rashid Al Zayani နှင့် မတ် ၉ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

Abdullatif bin Rashid Al Zayani က ဒေသတွင်းအခြေအနေနှင့် ဘာရိန်းနိုင်ငံ၏ ရပ်တည်ချက်အား ရှင်းလင်းမိတ်ဆက်ခဲ့ရာ ဘာရိန်းနိုင်ငံသည် ငြိမ်းချမ်းရေးကို အစဉ်သဖြင့် ချစ်မြတ်နိုးရာ တရားမဝင်တိုက်ခိုက်မှုကို မခံရသင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ လက်ကိုင်ထားသည့် တရားမျှတသောရပ်တည်ချက်ကို ဘာရိန်းဘက်က တန်ဖိုးထားသလို ကျေးဇူးတင်ရှိကြောင်း၊ ပင်လယ်ကွေ့ဒေသနိုင်ငံများနှင့် တရုတ်နိုင်ငံနှင့်အတူ ကုလသမဂ္ဂ စသည့် နှစ်နိုင်ငံနှင့် နိုင်ငံပေါင်းစုံပလက်ဖောင်းများတွင် ညှိနှိုင်းဆွေးနွေးမှုများကို မြှင့်တင်သွားကာ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်သွားလိုကြောင်း၊ ဘာရိန်းဘက်အနေဖြင့် တရုတ်နိုင်ငံ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဌာနများ၏ လုံခြုံရေးကို အားကောင်းသော အစီအမံများ အသုံးပြုကာ ဆက်လက် ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဝမ်ရိက လက်ရှိတွင် ပင်လယ်ကွေ့ဒေသ အခြေအနေသည် အရှိန်အဟုန်မြင့်တက်လျက်ရှိသလို ဘာရိန်း၏ လုံခြုံရေးသည်လည်း ထိခိုက်ခံနေရကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင့် အထူးစိုးရိမ်ကြောင်း၊ တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်းနှင့် အတိအလင်းရှိကြောင်း၊ ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ အချုပ်အခြာအာဏာ၊ လုံခြုံမှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုသည် အပြည့်အဝ လေးစားခံရသင့်သလို အပြစ်မဲ့ အရပ်သားပြည်သူနှင့် စစ်ရေးမဟုတ်သောပစ်မှတ်များအပေါ် တိုက်ခိုက်သည့်လုပ်ရပ်မှန်သမျှသည် ပြစ်တင်ရှုတ်ချမှုခံရသင့်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိ အရေးကြီးဆုံးကိစ္စရပ်မှာ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန်၊ စစ်မက်မီးလျှံ တစ်ဆင့်တိုး ပြန့်ပွားမှုမရှိအောင် ကာကွယ်တားဆီးရန် ဖြစ်ကြောင်း ဝမ်ရိက အလေးထားပြောကြားခဲ့သည်။ အခြေအနေအား ထိုးဖောက်နိုင်သည့်လမ်းမှာ တွေ့ဆုံစေ့စပ်ဆွေးနွေးရေးကို အမြန်ဆုံးပြန်လည်ရောက်ရှိပြီး ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းခြင်းပေါ်တွင် မူတည်ကြောင်း၊ ပြဿနာ၏ အရင်းအမြစ်ကို ဖြေရှင်းသည့် နည်းလမ်းမှာ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံမူအား လေးစားလိုက်နာသည့် လမ်းကြောင်းမှန်ဆီသို့ အတူတကွ ပြန်လည်ရောက်ရှိခြင်းပင် ဖြစ်ကြောင်း၊ ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ မဟာဗျူဟာ မိတ်ဖက်နှင့် တာဝန်ယူမှုရှိသော နိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံသည် ရင်ကြားစေ့ရေးနှင့် စစ်ပွဲရပ်တန့်ရေးကို အစဉ်တစိုက် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအစိုးရ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန်သည် လက်ရှိ ဒေသတွင်း၌ ခရီးစဉ်ကူးလူးသွားလာလျက်ရှိရာ ဘာရိန်းသို့လည်း ခရီးစဉ် ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပင်လယ်ကွေ့ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် အပြုသဘောအခန်းကဏ္ဍမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘာရိန်းရှိ တရုတ်နိုင်ငံသားနှင့် အဖွဲ့အစည်းဌာနများ၏ လုံခြုံရေးကို ဘာရိန်းနိုင်ငံဘက်က ဆက်လက်အာမခံသွားရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
王毅同巴林外交大臣扎耶尼通电话
新华社北京3月9日电 3月9日,中共中央政治局委员、外交部长王毅同巴林外交大臣扎耶尼通电话。
扎耶尼介绍了地区局势和巴方立场,表示巴林一贯爱好和平,不应受到非法攻击。巴方赞赏并感谢中方秉持的公正立场,愿会同海湾国家与中方在联合国等双多边平台加强沟通协调,尽早实现地区和平稳定。巴方将继续采取有力措施维护中方人员和机构的安全。
王毅表示,当前,海湾地区局势急剧升温,巴林的安全也受到损害,中方对此深表关切。中方的立场一贯、明确,各国的主权安全和领土完整都应得到尊重,攻击平民和非军事目标的行为都应受到谴责。
王毅强调,当务之急是立即停止军事行动,防止战火进一步蔓延。破局之路在于尽快重回对话谈判,努力争取恢复和平。治本之策是共同回到遵守国际法和国际关系基本准则的正轨。作为海湾国家的战略伙伴和负责任大国,中国一直积极劝和止战。中国政府中东问题特使目前正在地区穿梭访问,也将到访巴林。中方将继续为维护海湾地区和平稳定发挥建设性作用,希望巴方继续保障在巴中国公民和机构安全。(完)
1. 3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。  新华社记者 李鑫 摄