China
၁၉၉၀ ပြည့်လွန်နှစ်ဖွား ခေတ်သစ်တောင်သူ၏ နွေဦးကာလ ရေပေါ်စိုက်ပျိုးရာသီ
ဝူဟဲ (အန်းဟွေး)၊ မတ် ၁၄ ရက် (ဆင်ဟွာ)
နွေဦးရာသီချိန် ကျရောက်လာပြီဖြစ်ရာ ရာသီဥတုလည်း တဖြည်းဖြည်းနွေးထွေးလာပြီဖြစ်သည်။ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ပန့်ပုမြို့ ဝူဟဲခရိုင် ရှန်ကျီမြို့နယ် ဟွမ်လီရွာရှိ ကဏန်းမွေးမြူရေးစခန်းအတွင်း၌ ၁၉၉၀ ပြည့်လွန်နှစ်ဖွား ခေတ်သစ်တောင်သူ ကျူးချိုင်စိန့်သည် ရာသီဥတုသာယာခိုက် ရေမှော်များစိုက်ပျိုးပြီး ကဏန်းသားပေါက်များ ရေကန်ထဲထည့်ခြင်းဖြင့် နှစ်သစ်၏ “ကဏန်းမွေးမြူရေးခရီး” ကို စတင်လျက်ရှိသည်။
ယခုနှစ်တွင် အသက် ၃၂ နှစ် ရှိပြီဖြစ်သည့် ကျူးချိုင်စိန့်သည် ယခင်က ဆော့ဖ်ဝဲလ် လုပ်ဆောင်ချက် စမ်းသပ်သည့် အင်ဂျင်နီယာတစ်ဦးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ၎င်းသည် အလုပ်မှနုတ်ထွက်၍ ရွာသို့ပြန်ကာ ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်ပြီး ဖခင်ဖြစ်သူနှင့်အတူ ကဏန်းမွေးခဲ့သည်။
ကဏန်းမွေးမှု အားလပ်ချိန်တွင် ကျူးချိုင်စိန့်နှင့် အဖော်ဖြစ်သူတို့သည် လက်ကိုင်ဖုန်းဖြင့် နေ့စဉ်မွေးမြူရေးလုပ်ငန်းနှင့် တောင်သူဘဝကို မှတ်တမ်းတင်ခဲ့သည်။ ကျေးလက်အငွေ့အသက်များ ပြည့်နှက်နေသည့် ဗီဒီယိုအတိုများကြောင့် ၎င်းသည် အားပေးသူ ၁၀၀,၀၀၀ ကျော်ရှိလာခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ကျူးချိုင်စိန့်၏ အကောင့်က စတင်အသွင်ပြောင်း၍ “ဗီဒီယိုအတို + စိုက်ပျိုးရေးထုတ်ကုန် + တိုက်ရိုက်ထုတ်လွှင့်မှု” ပုံစံကို အာရုံစိုက်ကာ ထိုမှတစ်ဆင့် ရောင်းချရန်လမ်းကြောင်းအသစ် ဖောက်လုပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် e-commerce ရောင်းချမှုကို စတင်ပြီးနောက် အရောင်းပမာဏမှာ ယွမ် ၉၀၀,၀၀၀ ကျော်ရှိလာပြီဖြစ်သည်။
“၂၀၂၆ ခုနှစ်မှာ စိုက်ပျိုးရေးထုတ်ကုန်တွေရဲ့ e-commerce နည်းလမ်းကို ပိုမိုရင့်ကျက်လာအောင် လုပ်ဆောင်ကာ ဇာတိဒေသရဲ့ အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်တွေကို ပိုမိုမိတ်ဆက်ပေးပြီး ရွာသူ၊ ရွာသားများ ဝင်ငွေတိုး ကြွယ်ဝလာအောင် လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်” ဟု ကျူးချိုင်စိန့်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ပန့်ပုမြို့ ဝူဟဲခရိုင် ရှန်ကျီမြို့နယ် ဟွမ်လီရွာ ကဏန်းမွေးမြူရေးစခန်းအတွင်း၌ ကျူးချိုင်စိန့် (ယာဘက်) က ကဏန်းသားပေါက်များ ထည့်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ပန့်ပုမြို့ ဝူဟဲခရိုင် ရှန်ကျီမြို့နယ် ဟွမ်လီရွာ ကဏန်းမွေးမြူရေးစခန်းအတွင်း၌ ကျူးချိုင်စိန့်က တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ကဏန်းရောင်းချနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



——————
(Chinese Version)
“90后”新农人的水上春耕季
新华社照片,五河(安徽),2026年3月13日
春已至,日渐暖,在安徽省蚌埠市五河县申集镇黄李村的螃蟹养殖基地内,“90后”新农人朱彩胜趁着晴好天气种植水草、投放蟹苗,开始新一年的“养蟹之旅”。
今年32岁的朱彩胜曾是一名软件性能测试工程师,2020年他辞去工作返乡创业,和父亲一起
养殖螃蟹。 养蟹之余,朱彩胜和搭档拿起手机拍摄记录养殖日常和农家生活。一条条充满乡土气息的短视频,让他积累了10多万粉丝。2025年,朱彩胜经营的账号开始转型,聚焦“短视频+农产品+直播”,从此打开新的销路。2025年11月开启电商销售后,销售额已超90万元。
“2026年,希望能把农产品电商的模式做成熟,推广更多家乡优质农产品,带动乡亲们增收致富。”朱彩胜说。
1、3月13日,在蚌埠市五河县申集镇黄李村的螃蟹养殖基地内,朱彩胜展示即将投放的蟹苗。 新华社记者 黄博涵 摄
2、3月13日,朱彩胜(右)在蚌埠市五河县申集镇黄李村的螃蟹养殖基地投放蟹苗。新华社记者 黄博涵 摄
3、3月13日,在蚌埠市五河县申集镇黄李村的螃蟹养殖基地,朱彩胜直播卖蟹。新华社记者 黄博涵 摄
