Connect with us

China

နွေဦးရာသီချိန် ရေကန်နံဘေးတွင် ပန်းပင်လယ်က ဧည့်သည်များအား ကြိုဆိုလျက်ရှိ

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့ ခဲချောင်ခရိုင် ကွားကျူရေကန်နံဘေးတွင် ကျူးလစ်ပန်းပင်လယ်အား ရှုစားနေသူများကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှောက်ရှင်း (ကျဲ့ကျန်း)၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့ ခဲချောင်ခရိုင် “သာယာလှပသော ခဲချောင် – ၂၀၂၆ ရေကန်နံဘေး ပန်းပင်လယ်ရာသီ” လှုပ်ရှားမှုကို ကွားကျူရေကန်နံဘေးတွင် မတ် ၁၃ ရက်က စတင်ကျင်းပခဲ့ရာ အရောင်အသွေးစုံလင်သော ကျူးလစ်ပန်း ၅၃၀,၀၀၀ ကျော် ပွင့်လန်းနေပြီး ဧည့်သည်များကို ကြိုဆိုလျက်ရှိသည်။

ယခုနှစ် ပန်းပင်လယ်သည် ကွားကျူရေကန်တစ်ခုလုံးကို ဝန်းရံ၍ “ရေကန်တစ်ကန်၊ ကမ်းနားသုံးခု၊ ကုန်း-ရေ နှစ်သွယ် အတူရှုစားခြင်း” ဟူသည့် ဒေသတစ်ခုလုံး ပူးတွဲလုပ်ဆောင်မှုကို ဖော်ဆောင်ထားသည်။ ထို့ပြင် ထူးခြားချက်ရှိသောဈေးတန်း၊ ပန်းပင်လယ်ဂီတဖျော်ဖြေပွဲ၊ ရေပေါ်ရွက်လှေ စသည့် ထူးခြားချက်ရှိသော လှုပ်ရှားမှုများလည်းရှိသဖြင့် မြို့ပြနွေဦးရာသီ ပန်းရှုစားရန်အတွက် နေရာကောင်းဖြစ်လာကာ ဒေသတွင်း နွေဦးရာသီ ထူးခြားချက်ရှိသော ခရီးသွားကဏ္ဍစားသုံးမှုကို မြှင့်တင်ပေးလိုက်သည်။ (Xinhua)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့ ခဲချောင်ခရိုင် ကွားကျူရေကန်နံဘေးတွင် ပန်းများရှုစားရင်း အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသူများကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ရှောက်ရှင်းမြို့ ခဲချောင်ခရိုင် ကွားကျူရေကန်နံဘေး နွေဦးရာသီ အလှရှုခင်းမြင်ကွင်းကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
美丽中国丨春季湖畔花海迎客来
新华社照片,绍兴(浙江),2026年3月13日
3月13日,浙江省绍兴市柯桥区“和美柯桥·2026湖畔花海季”在瓜渚湖水域岸畔启幕,53万多株色彩缤纷的郁金香绽放迎客。
今年的花海季环绕整个瓜渚湖,实现“一湖三岸、水陆共赏”的全域联动,还有包括特色市集、花海音乐会、水上帆船等特色活动,成为城市春季赏花好去处,也带动了当地春季特色旅游消费。
1、3月13日,游客在观赏瓜渚湖畔的郁金香花海(无人机照片)。 新华社记者 徐昱 摄
2、3月13日,游客在瓜渚湖畔赏花、拍照。新华社记者 徐昱 摄
3、3月13日拍摄的瓜渚湖畔的春季美景(无人机照片)。新华社记者 徐昱 摄