China
ယူနန်ပြည်နယ် ယဉ်ကျန်းတွင် မနောပွဲတော် တူစုံနွှဲပျော်
တက်ဟုန်း (ယူနန်)၊ မတ် ၁၄ ရက် (ဆင်ဟွာ)
မကြာသေးမီက တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး ဂျိန်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ယဉ်ကျန်းခရိုင် ၂၀၂၆ ခုနှစ် မနောပွဲတော်ကို ဂျိန်းဖော ယဉ်ကျေးမှုဥယျာဉ်၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ သောင်းနှင့်ချီသည့် ဂျိန်းဖောလူမျိုး သွေးချင်းများနှင့် ခရီးသွားဧည့်သည်များ ရွှင်မြူးသောဆိုင်းသံဗုံသံဂီတသံများဖြင့် သီဆိုကခုန်ရင်း ပွဲတော်ကို အတူဖြတ်သန်းခဲ့ကြသည်။ “မနောပွဲတော်” သည် “အားလုံးအတူကခုန်ကြစို့” ဟု အဓိပ္ပာယ်ရပြီး ဂျိန်းဖောလူမျိုး၏ အကြီးကျယ်ခမ်းနားဆုံး ရိုးရာပွဲတော်ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ယဉ်ကျန်းခရိုင်တွင် မနောပွဲတော် ပါဝင်တက်ရောက်သည့် ဒေသခံပြည်သူများနှင့် ခရီးသွားဧည့်သည်များ အတူကခုန်ရင်း ဝင်ရောက်လာနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ ယဉ်ကျန်းခရိုင်တွင် ကျင်းပသော ၂၀၂၆ ခုနှစ် မနောပွဲတော်၌ ဖျော်ဖြေတင်ဆက်နေသူများကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက် ညပိုင်းက တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
云南盈江:目瑙纵歌共起舞
新华社照片,德宏(云南),2026年3月14日
日前,云南省德宏傣族景颇族自治州盈江县2026年目瑙纵歌节在景颇文化园开幕。数万名景颇族同胞和游客在欢快的乐鼓声中载歌载舞,共度节日。“目瑙纵歌”意为“大家一起来跳舞”,是景颇族最盛大的传统节日。
1、3月14日,当地群众与来自各地的游客共同跳舞(无人机照片)。 新华社发(梁志强 摄)
2、3月14日,参加目瑙纵歌节的当地群众和游客进场跳舞。新华社发(梁志强 摄)
3、3月13日晚,演员在盈江县2026年目瑙纵歌节开幕式上表演。新华社发(梁志强 摄)
