Connect with us

China

ရှီးဇန့်ဒေသ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုမှာ လက်တွေ့အရေးပါသော မဟာဗျူဟာမြောက် စီမံကိန်းဖြစ်ဟု အစီရင်ခံစာတွင် ဖော်ပြ

တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ကျင်းပသည့် ကျွမ်းကျင်ပညာရှင်အဆင့် သီးသန့်ဆွေးနွေးပွဲ၌ "အစဉ်အလာနှင့် ခေတ်မီမှုကြား သဟဇာတဖြစ်ခြင်း - တရုတ်နိုင်ငံ ရှီးဇန့်ဒေသရှိ ကျေးလက်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ယဉ်ကျေးမှုအမွေဆက်ခံခြင်း" ဟူသော Think Tank အစီရင်ခံစာကို ဖတ်ရှုလေ့လာနေသည့် ကိုယ်စားလှယ်များအား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုမှာ စီးပွားရေးဆိုင်ရာ လုပ်ငန်းတာဝန် သက်သက်မျှသာမဟုတ်ဘဲ အမျိုးသားစည်းလုံးညီညွတ်မှု၊ တိုင်းရင်းသားလူမျိုးစုများ သွေးစည်းညီညွတ်မှု၊ ယဉ်ကျေးမှု လက်ဆင့်ကမ်းဆက်ခံမှုနှင့် ဂေဟဗေဒဆိုင်ရာ လုံခြုံမှုတို့နှင့်လည်း သက်ဆိုင်သော မဟာဗျူဟာမြောက် စီမံကိန်းတစ်ခု ဖြစ်သည်ဟု အောက်တိုဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရှီးဇန့်ဒေသ၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု၏ လက်တွေ့ အရေးပါမှုမှာ လူ့အခွင့်အရေးအခြေပြု ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင်ကို အကောင်အထည်ဖော်ခြင်း၌ တည်ရှိနေကာ ယဉ်ကျေးမှုအမွေဆက်ခံခြင်း၏ အရင်းခံအကြောင်းရင်းများကို အသက်သွင်းပေးလျက်ရှိပြီး အမျိုးသားလုံခြုံရေး အကာအကွယ်ကိုလည်း ခိုင်ခိုင်မာမာ ရှိစေသည်ဟု “အစဉ်အလာနှင့် ခေတ်မီမှုကြား သဟဇာတဖြစ်ခြင်း – တရုတ်နိုင်ငံ ရှီးဇန့်ဒေသရှိ ကျေးလက်ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ယဉ်ကျေးမှုအမွေဆက်ခံခြင်း ဟူသော အစီရင်ခံစာတွင် အလေးအနက်ဖော်ပြထားသည်။
ဆင်ဟွာသတင်းဌာန၏ နိုင်ငံအဆင့် အဆင့်မြင့် Think Tank အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး တိုးတက်မှုဆိုင်ရာ တရုတ်ဖောင်ဒေးရှင်းတို့က ပူးတွဲထုတ်ပြန်သည့် ထိုအစီရင်ခံစာ၌ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူ့အခွင့်အရေးကို မြှင့်တင်သည့် ရှီးဇန့်ဒေသ၏ ချဉ်းကပ်ပုံကို အသိအမှတ်ပြုကာ “ကမ္ဘာတစ်ဝန်း ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း၏ အံ့ဖွယ်ဖြစ်ရပ်” ဟု ညွှန်းဆိုခဲ့သည်ကို အလေးအနက်ဖော်ပြထားသည်။
ရှီးဇန့်ဒေသ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်း ၈၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် ခိုင်ခိုင်မာမာ တည်ရှိနေကာ အဆိုပါ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို ဆက်ခံသူ ၉၀ ရာခိုင်နှုန်းမှာလည်း တောင်သူများနှင့် ခြံမွေးတိရစ္ဆာန် ထိန်းကျောင်းသူများဖြစ်သည်ဟု ထိုအစီရင်ခံစာအရ သိရသည်။
ယွိမိုက်နှင့် ရှချာယွီ ကဲ့သို့သော နယ်စပ်ကျေးရွာများမှာ နယ်မြေပိုင်နက် ပြည့်စုံမှုအား ကာကွယ်စောင့်ရှောက်ခြင်းကိုသာမက “တိုင်းပြည်ကို ကောင်းမွန်စွာစီမံအုပ်ချုပ်နိုင်ရန် နယ်စပ်ဒေသများကို ကောင်းမွန်စွာ စီမံအုပ်ချုပ်ရမည်။ ထို့အတူ နယ်စပ်ဒေသများကို ကောင်းမွန်စွာ စီမံအုပ်ချုပ်နိုင်ရန်လည်း ရှီးဇန့်ဒေသတွင် တည်ငြိမ်မှုကို အသေအချာ ဆောင်ရွက်ရမည်” ဟူသော မဟာဗျူဟာအား တက်တက်ကြွကြွ အကောင်အထည်ဖော်ခြင်းကိုလည်း ထင်ဟပ်နေသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ရှီးဇန့်ဒေသ၌ အမြဲတမ်း အခြေချနေထိုင်သူ စုစုပေါင်းမှာ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၃.၇ သန်း ရှိလာခဲ့ကာ ၆၀ ရာခိုင်နှုန်းခန့်မှာ ကျေးလက်ဒေသများတွင် နေထိုင်လျက်ရှိသည်။ ရှီးဇန့်ဒေသ၏ မြေဧရိယာ စတုရန်းကီလိုမီတာ ၁.၂ သန်းကျော်အတွင်း ကျေးရွာနှင့် အခြေချနေထိုင်ရာ နေရာပေါင်း ၅,၆၀၀ ကျော် ပြန့်ကြဲတည်ရှိနေကြောင်း သိရသည်။
ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအား ၁၉၆၅ ခုနှစ် စက်တင်ဘာလတွင် တည်ထောင်ခဲ့ခြင်းမှာ ယင်းဒေသ၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းတွင် ကဏ္ဍသစ်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း၊ ရှီးဇန့်ဒေသမှာ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရာတွင် အောင်ပွဲဆင်ကာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတွင် သမိုင်းဝင် တိုးတက်မှုများ ရရှိခဲ့ရာတွင် တရုတ်နိုင်ငံ၏ အခြားသော နေရာဒေသများနှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ရှီးဇန့်ဒေသအနေဖြင့် ကဏ္ဍစုံတွင် အတန်သင့် ကြွယ်ဝချမ်းသာသည့် လူမှုအဖွဲ့အစည်း ထူထောင်ရေး မျှော်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ကာ ဆိုရှယ်လစ်စနစ် ခေတ်မီအသွင်ပြောင်းမှုကို ရှေးရှုသော ခရီးသစ်ကို စတင်နိုင်ခဲ့ကြောင်း ထိုအစီရင်ခံစာ၌ ဖော်ပြထားသည်။ (Xinhua)
……………….
(English Version)
Rural development in Xizang a strategic project with practical significance: report
BEIJING, Oct. 16 (Xinhua) — Rural development in southwest China’s Xizang Autonomous Region is a strategic project with a bearing on national unity, ethnic solidarity, cultural continuity, and ecological security, rather than merely an economic undertaking, according to a report released on Thursday.
Titled “Harmony Between Tradition and Modernity: Rural Development and Cultural Inheritance in China’s Xizang,” the report pointed out that the practical significance of Xizang’s rural development lies in implementing a human rights-centered development philosophy, activating the genes of cultural inheritance, and fortifying the national security barrier.
Jointly issued by the China Foundation for Human Rights Development and the National High-Level Think Tank of Xinhua News Agency, the report emphasized that the UN Human Rights Council acknowledged Xizang’s approach of promoting human rights through development, calling it a “global poverty reduction miracle.”
In Xizang, 80 percent of intangible cultural heritage items are rooted in rural areas, and 90 percent of intangible cultural heritage inheritors are farmers and herders, according to the report.
Border villages such as Yumai and Xiachayu embody both guardianship of territorial integrity and vivid implementation of the strategy that “to govern the country well, the frontiers must be governed well; and to govern the frontiers well, the stability in Xizang must be ensured,” the report added.
By the end of 2024, Xizang’s total permanent residents reached 3.7 million, with approximately 60 percent living in rural areas. Across the region, over 5,600 villages and settlements are scattered on a land of over 1.2 million square kilometers.
The founding of the Xizang Autonomous Region in September 1965 marked an epoch-making moment in the region’s development history. Xizang has joined the rest of the country in winning the battle against poverty and achieving historic progress in economic and social development. It has realized the goal of building a moderately prosperous society in all respects and embarked on a new journey toward socialist modernization, the report noted.
English Caption
Delegates read copies of of the think tank report “Harmony Between Tradition and Modernity: Rural Development and Cultural Inheritance in China’s Xizang” during an expert symposium in Beijing, capital of China, Oct. 16, 2025. (Xinhua/Li Xin)