China
“ရုရှားနှင့်ဆက်နွှယ်သည့်” အကြောင်းပြချက်ဖြင့် တရုတ်လုပ်ငန်းများကို ပစ်မှတ်ထားသည့် ဗြိတိန်၏ ပိတ်ဆို့မှုများအား တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်
ပေကျင်း၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
“ရုရှားနှင့်ဆက်နွှယ်သည့်” ကိစ္စရပ်များဟု အမည်ခံ အကြောင်းပြချက်ဖြင့် ၎င်း၏ ပိတ်ဆို့အရေးယူမှုများ၌ တရုတ်လုပ်ငန်း ၁၁ ခုကို ထည့်သွင်းရန် ဗြိတိန်၏ ဆုံးဖြတ်ချက်အား တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။
တရုတ်ကုမ္ပဏီများနှင့် ရုရှားကုမ္ပဏီများအကြား ပုံမှန်ဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ထိခိုက်ခြင်းမရှိစေသင့်ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက မီဒီယာများ၏ မေးမြန်းချက်ကို တုံ့ပြန်သည့်အနေဖြင့် ပြောကြားခဲ့သည်။
ဗြိတိန်၏ လုပ်ဆောင်ချက်သည် နိုင်ငံတကာဥပဒေ သို့မဟုတ် ကုလသမဂ္ဂ၏ ခွင့်ပြုချက်တွင် အခြေခံစနစ်မရှိသော တစ်ဖက်သတ် ပိတ်ဆို့မှုတစ်ခုဖြစ်ကြောင်း ထိုပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ဗြိတိန်အနေဖြင့် ၎င်း၏ မှားယွင်းသော လုပ်ဆောင်ချက်ကို ချက်ချင်းပြင်ဆင်ရန်နှင့် တရုတ်လုပ်ငန်းများအပေါ် တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများကို ရုပ်သိမ်းရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ခိုင်မာစွာကာကွယ်ရန် လိုအပ်သည့်အစီအမံများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
China firmly opposes British sanctions targeting Chinese enterprises under “Russia-related” pretext
BEIJING, Oct. 27 (Xinhua) — China has voiced firm opposition to the UK’s decision to include 11 Chinese enterprises in its sanctions under the pretext of so-called “Russia-related” issues, a spokesperson for China’s Ministry of Commerce said Monday.
In response to a media query, the spokesperson said that normal exchanges and cooperation between Chinese and Russian companies should not be disrupted or affected.
The UK’s move constitutes a unilateral sanction that lacks basis in international law or the authorization of the United Nations, the spokesperson said.
China urges the UK to immediately correct its erroneous action and revoke the sanctions against the Chinese enterprises, the spokesperson said, adding that it will take necessary measures to firmly protect the legitimate rights and interests of Chinese companies. ■
English Caption
This Photo shows a view of the 3rd United Kingdom (UK)-China Business Leaders Summit in London, Britain, on May 28, 2024. (Photo by Stephen Chung/Xinhua)
