Europe4 years ago
ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က သဘောတူညီချက်မရှိဘဲ ဥရောပသမဂ္ဂမှ နုတ်ထွက်ရေး ကိုရှောင်ရှားနိုင်ရန် အိုင်ယာလန်ဝန်ကြီးချုပ်နှင့်ဆွေးနွေးမည်
လန်ဒန်၊ အောက်တိုဘာလ ၉ ရက်(ဆင်ဟွာ) ဗြိတိန်ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က ဥရောပသမဂ္ဂ ၏သဘောတူညီချက်မရရှိဘဲ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ မှနုတ်ထွက်ရေးကို ရှောင်ရှားနိုင်ရန်အတွက်နောက်ဆုံးကြိုးပမ်းမှုတစ်ရပ်အဖြစ်ယခု ရက်သတ္တပတ်ကုန်ပိုင်းတွင် အိုင်ယာလန်ဝန်ကြီးချုပ် လီယို ဗာရတ်ကာ(Leo Varadkar) နှင့် တွေ့ဆုံဆွေးနွေးမှုပြုသွားမည်ဟု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာလ ၈ ရက် တွင်ပြောကြားခဲ့သည်။