China
တရုတ်နိုင်ငံမြောက်ပိုင်းကုန်းတွင်းဆိပ်ကမ်းတွင် ငါးနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထား ၁၅,၀၀၀ စင်း ကျော်ဖြတ်သန်း
ဟူးဟော့၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) ကာလအတွင်း တရုတ်နိုင်ငံနှင့် မွန်ဂိုလီးယားအကြား အကြီးဆုံးကုန်းတွင်းဆိပ်ကမ်းဖြစ်သည့် အဲ့လျန်ဟော့ဆိပ်ကမ်းကို ဖြတ်သန်းသွားသည့် တရုတ်-ဥရောပ ကုန်တင်ရထား အစင်းရေ ၁၅,၀၀၀ ကျော်လွန်ခဲ့ကြောင်း တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟူးဟော့အကောက်ခွန်ဌာန၏ အဆိုအရသိရသည်။
တရုတ်-ဥရောပကုန်တင်ရထားကွန်ရက်၏ အလယ်ပိုင်းစင်္ကြံအတွက် တစ်ခုတည်းသော တစ်ထောက်နားရာဆိပ်ကမ်းအဖြစ် အဲ့လျန်ဟော့သည် အာရှနှင့် ဥရောပတစ်ဝန်း မြို့ကြီးနှင့်ဘူတာရုံပေါင်း ၁၄၀ ကျော်ကို ချိတ်ဆက်ထားသည့် လမ်းကြောင်းပေါင်း ၇၄ ခု ဖြင့် ယခုအခါ လုပ်ငန်းလည်ပတ်လျက်ရှိသည်။
တင်ပို့ကုန်ပစ္စည်းဖွဲ့စည်းပုံမှာ ပိုမိုကောင်းမွန်လာပြီး မော်တော်ယာဉ်များ၊ စက်ပစ္စည်းများနှင့် အီလက်ထရွန်နစ်ပစ္စည်းများ စသည့် တန်ဖိုးမြင့်ကုန်ပစ္စည်းများသည် စုစုပေါင်းတင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကျော် ရှိလာကြောင်း အကောက်ခွန်ဌာနက ပြောကြားခဲ့သည်။
အကောက်ခွန်တာဝန်ရှိသူများက ခေတ်မီကြီးကြပ်ဆောင်ရွက်မှုစနစ်များ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ “အဆိုပါဆောင်ရွက်မှုတွေက ကုန်တင်ရထားစင်းရေ တည်ငြိမ်စွာတိုးတက်မှုကို သေချာစေခဲ့ပါတယ်” ဟု အဲ့လျန်ဟော့ဆိပ်ကမ်းမှအကောက်ခွန်အရာရှိ လီတာ့ဝေက ပြောကြားခဲ့သည်။
ယခုနှစ်ပထမသုံးလပတ်သုံးခုအတွင်း တရုတ်-ဥရောပကုန်တင်ရထား ဝင်ရောက်မှုနှင့်ထွက်ခွာမှု အနေဖြင့် အစင်းရေ ၂,၉၀၄ စင်း ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၁.၄ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အကောက်ခွန်အချက်အလက်များအရ သိရှိရသည်။ (Xinhua)
…………………….
(English Version)
North China land port handles over 15,000 China-Europe freight trains in 5 year
HOHHOT, Nov. 6 (Xinhua) — During the 14th Five-Year Plan period (2021-2025), the number of China-Europe freight trains passing through the Erenhot Port, the largest land port between China and Mongolia, has exceeded 15,000, according to Hohhot Customs in north China’s Inner Mongolia Autonomous Region.
As the sole transit port for the “middle corridor” of the China-Europe freight train network, Erenhot now operates 74 routes connecting over 140 cities and stations across Asia and Europe.
The customs said that the export structure has been optimized, with high-value goods such as automobiles, machinery and electronics accounting for more than 40 percent of shipments.
Customs authorities have enhanced efficiency through smart supervision systems. “These measures ensure stable growth of the freight trains,” said Li Dawei, a customs official at Erenhot Port.
In the first three quarters of this year, the number of inbound and outbound China-Europe freight trains reached 2,904, a year-on-year increase of 11.4 percent, the customs data showed.
Photo : An aerial drone photo taken on Sept. 3, 2025 shows a China-Europe freight train entering a rail port in Erenhot, north China’s Inner Mongolia Autonomous Region. (Photo by Guo Pengjie/Xinhua)
