Connect with us

China

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပတ်ယာဥ်က 3I/ATLAS ကြယ်တံခွန်အား စောင့်ကြည့်လေ့လာ

Tianwen-1 ဂြိုဟ်ပတ်ယာဥ်၏ ရုပ်ထွက်မြင့်မားသောကင်မရာဖြင့် ရိုက်ကူးထားသည့် 3I/ATLAS ကြယ်တံခွန်၏ စခရင်ရှော့ပုံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်မစ်ရှင် ဂြိုဟ်ပတ်ယာဥ် Tianwen-1 သည် 3I/ATLAS ဟုအမည်ပေးထားသည့် ကြယ်တံခွန်အား ရုပ်ထွက်မြင့်မားသောကင်မရာအသုံးပြုကာ အောင်မြင်စွာ စောင့်ကြည့်လေ့လာနိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) ၏အဆိုအရ သိရသည်။

စောင့်ကြည့်လေ့လာမှုအတွင်း အာကာသယာဥ်သည် 3I/ATLAS နှင့် ကီလိုမီတာ သန်း၃၀ ခန့်အကွာတွင်ရှိနေပြီး အာကာသစူးစမ်းလေ့လာရေးယာဥ်တစ်စီးက အဆိုပါကြယ်တံခွန်ကို အနီးကပ်ဆုံး စောင့်ကြည့်လေ့လာမှုများအနက်တစ်ခု ဖြစ်ခဲ့သည်။

မြေပြင်တွင်အသုံးပြုသောစနစ်၏ လက်ခံရရှိပြင်ဆင်ပြီး အချက်အလက်များက ပုံရိပ်များအတွင်း ရှင်းလင်းထင်ရှားသောကြယ်တံခွန်လက္ခဏာရပ်များကို ပြသနေသည်ကို တွေ့ရှိခဲ့သည်။ သုတေသီများသည် စက္ကန့် ၃၀ ကျော်ကြာရိုက်ကူးခဲ့သည့် ဓာတ်ပုံစီးရီးများမှ အန်နီမေးရှင်းတစ်ခုကို ဖန်တီးခဲ့ကြရာ အဆိုပါ အရာဝတ္ထု၏အာကာသအတွင်း ရွေ့လျားမှုကို သရုပ်ဖော်ပြသခဲ့သည်။ ယခုအခါတွင် အဆိုပါ လေ့လာတွေ့ရှိချက်များအား 3I/ATLAS ၏သိပ္ပံဆိုင်ရာ နောက်ထပ်လေ့လာမှုများအတွက် အသုံးပြုနေကြောင်း သိရသည်။
အောင်မြင်သော ယခုစောင့်ကြည့်လေ့လာမှုသည် Tianwen-1 အတွက် ဆက်လက်လုပ်ဆောင်မည့် အရေးပါသောမစ်ရှင်တစ်ခုကို ကိုယ်စားပြုနေသည်။ ထိုသို့မှေးမှိန်သော အာကာသတွင်းမှ အရာဝတ္ထုကို စူးစမ်းရှာဖွေခြင်းသည် ကမ္ဘာမြေအနီး ဂြိုဟ်သိမ်ဂြိုဟ်မွှားများမှ နမူနာများစုဆောင်းရန်နှင့် ပင်မကြယ်တံခွန်ပတ်လမ်းတစ်ခုကို ရှာဖွေရန် မေလက လွှတ်တင်ခဲ့သည့် တရုတ်နိုင်ငံ၏ Tianwen-2 မစ်ရှင်အတွက် တန်ဖိုးရှိသောနည်းပညာဆိုင်ရာစမ်းသပ်မှုတစ်ခုအဖြစ် လုပ်ဆောင်ပေးကြောင်း CNSA က ပြောကြားခဲ့သည်။ (Xinhua)

…………………..
(English Version)
China’s Mars orbiter observes interstellar object 3I/ATLAS
BEIJING, Nov. 6 (Xinhua) — The orbiter of China’s Mars mission Tianwen-1 has successfully observed an interstellar object, coded 3I/ATLAS, using its high-resolution camera, according to the China National Space Administration (CNSA).
During the observation, the spacecraft was about 30 million kilometers from 3I/ATLAS, making it one of the closest observations by a probe of this interstellar object.
Data received and processed by the ground application system showed clear cometary features in the images. Researchers created an animation from a series of images taken over 30 seconds, demonstrating the object’s movement through space. These observations are now being used for further scientific study of 3I/ATLAS.
This successful observation represents an important extended mission for Tianwen-1. The detection of such a faint celestial object serves as a valuable technical test for China’s Tianwen-2 mission, which was launched in May — aiming to collect samples from a near-Earth asteroid and explore a main-belt comet, the CNSA said.
Photo : This screenshot shows the interstellar object 3I/ATLAS captured by the high-resolution camera of the Tianwen-1 orbiter on Oct. 3, 2025. (CNSA/Handout via Xinhua)