Connect with us

China

တရုတ်နိုင်ငံ၌ သစ်တောနှင့်မြက်ခင်းပြင်မီးဘေးအန္တရာယ်စီမံခန့်ခွဲရေး စည်းမျဥ်းသတ်မှတ်ချက် ထုတ်ပြန်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် အန်းခန်းမြို့ ကျန့်ဖိန်ခရိုင်ရှိ ဟွလုန်တောင်မြင်ကွင်းကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ပေကျင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီချန်က သစ်တောနှင့် မြက်ခင်းပြင်မီးဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအတွက် ထုတ်ပြန်သည့် စည်းမျဥ်းသတ်မှတ်ချက် နိုင်ငံတော်ကောင်စီအမိန့်ကြော်ငြာစာကို လက်မှတ်ရေးထိုးခဲ့ပြီး ယင်းစည်းမျဥ်းမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါစည်းမျဥ်းသတ်မှတ်ချက်အသစ်သည် ပြည်သူများ၏ အသက်အိုးအိမ်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန်၊ သစ်တောနှင့် သဘာဝမြက်ခင်းပြင်များ ကာကွယ်ရေးနှင့် ဂေဟစနစ်လုံခြုံရေး ထိန်းသိမ်းရန် စသည်တို့အတွက် ရည်ရွယ်ကြောင်း သိရသည်။
စည်းမျဥ်းသတ်မှတ်ချက်အရ လုပ်ပိုင်ခွင့်ရှိသောအစိုးရဌာနများသည် သစ်တောနှင့် မြက်ခင်းပြင်များ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအတွက် အ‌ရေးပေါ်တုံ့ပြန်မှုအစီအစဥ်များနှင့် လုပ်ငန်းအစီအစဥ်များ ရေးဆွဲဖော်ထုတ်ရန်လိုအပ်ကြောင်း သိရသည်။ မီးဘေးကာကွယ်ရေးစစ်ဆေးမှုများနှင့် နေ့စဥ်ကင်းလှည့်မှုများ အားကောင်းစွာလုပ်ဆောင်ရန်နှင့် သီးခြားအခန်းခွဲထားသော အဆောက်အအုံများနှင့် မီးတားစနစ်တည်ဆောက်ခြင်းများ တိုးတက်စေရန်လည်း တောင်းဆိုခဲ့သည်။
ဒေသအာဏာပိုင်များသည် မီးဘေးသတိပေးချက်ရရှိသည်နှင့် ဘေးအန္တရာယ်ကျရောက်နိုင်သူ မည်သူ့ကိုမဆို အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးနှင့်နေရာ‌ရွှေ့ပြောင်းရေးအပါအဝင် အ‌ရေးပေါ်တုံ့ပြန်မှုလုပ်ထုံးလုပ်နည်းများ ချက်ချင်းလုပ်ဆောင်ရန် အဆိုပါစည်းမျဥ်းက လုပ်ပိုင်ခွင့်အပ်နှင်းထားကြောင်းသိရသည်။
အဆိုပါစည်းမျဥ်းတွင် သစ်တောနှင့် မြက်ခင်းပြင် မီးဘေးအန္တရာယ်စီမံဆောင်ရွက်မှုစည်းကမ်းများ ချိုးဖောက်သည့် တရားမဝင်လုပ်ဆောင်မှုများအတွက် တင်းကျပ်သည့် ဥပဒေတာဝန်ဝတ္တရားများ ပြဋ္ဌာန်းထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
China unveils regulation on forest, grassland fire management
BEIJING, Nov. 21 (Xinhua) — Chinese Premier Li Qiang has signed a State Council decree issuing a regulation on the prevention and control of forest and grassland fires, which will take effect on Jan. 1, 2026.
The new regulation aims to safeguard people’s lives and properties, protect forest and grassland resources, and maintain ecological security.
Under this regulation, competent government departments are required to formulate work plans and emergency response plans for the prevention and control of forest and grassland fires. It also calls for improving the construction of firebreaks and compartmentation facilities, as well as strengthening daily patrols and fire prevention inspections.
The regulation mandates that local authorities immediately activate emergency response protocols upon receiving a fire alarm — including the timely rescue and evacuation of any individuals at risk.
The regulation stipulates strict legal responsibilities for illegal practices that violate forest and grassland fire management rules.
Photo : An aerial drone photo taken on Oct. 30, 2025 shows a view of the Hualong Mountain in Zhenping County, Ankang City, northwest China’s Shaanxi Province. (Xinhua/Shao Rui)