Connect with us

China

တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD က အစ္စရေးနိုင်ငံတွင် Hybrid ကားသစ် စတင်မိတ်ဆက်ပြသ

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့ရှိ ကားအရောင်းပြခန်းတစ်ခုတွင် ပြသထားသည့် BYD ကုမ္ပဏီမှ ထုတ်လုပ်သည့် Atto 3 ကားကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်မော်တော်ကားထုတ်လုပ်ရေးကုမ္ပဏီ BYD Auto က plug-in hybrid လျှပ်စစ်ကားသစ် (PHEV) ကို အစ္စရေးနိုင်ငံတွင် စတင်မိတ်ဆက်ပြသခဲ့သည်ဟု အလယ်ပိုင်းမြို့ Rishon LeZion ၌ နိုဝင်ဘာ ၂၆ ရက်ကပြုလုပ်ခဲ့သော မိတ်ဆက်ပွဲအခမ်းအနားတစ်ခု၌ BYD ကုမ္ပဏီ၏ အစ္စရေးအရောင်းကိုယ်စားလှယ် Shlomo Motors က ထုတ်ပြန်ကြေညာခဲ့သည်။
ယခုမိတ်ဆက်ခဲ့သော BYD Atto 2 DM-I မော်ဒယ်ကို တရုတ်နိုင်ငံတွင် Yuan Up DM-I အဖြစ် လူသိများပြီး subcompact crossover SUV ကားအမျိုးအစားဖြစ်သည်။ ၎င်းကို လျှပ်စစ်မော်တာတစ်ခု၊ ၁၈ ကီလိုဝပ်နာရီ ဘက်ထရီတစ်ခုတို့နှင့်အတူ ပေါင်းစပ်ထားသော ၁.၅ လီတာ ဓာတ်ဆီအင်ဂျင်တစ်ခုဖြင့် လည်ပတ်မောင်းနှင်ခြင်းဖြစ်ပြီး လျှပ်စစ်စွမ်းအင်သီးသန့်သုံးမည်ဆိုပါက အကွာအဝေး ၉၀ ကီလိုမီတာ အထိမောင်းနှင်နိုင်ကာ ပေါင်းစပ်စွမ်းအင်သုံးမည်ဆိုလျှင်မူ အကွာအဝေး ကီလိုမီတာ ၁,၀၀၀ ခန့်အထိ မောင်းနှင်နိုင်သည်။

ယခုမော်ဒယ်မှာ အစ္စရေးနိုင်ငံတွင် BYD မှ မိတ်ဆက်ရောင်းချခဲ့သော စတုတ္ထမြောက် plug-in hybrid ကားအမျိုးအစားဖြစ်ပြီး Seal ၊ Sealion 5 နှင့် Seal 5 PHEV မော်ဒယ်များနှင့်အတူ လျှပ်စစ်ကားမော်ဒယ် ၈ မျိုးတွင် ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။
BYD ကုမ္ပဏီအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အစ္စရေးနိုင်ငံတွင် ကားအစီးရေ ၁၂,၁၆၀ စီး ရောင်းချနိုင်ခဲ့ပြီး ဓာတ်ဆီ၊ hybrid နှင့် လျှပ်စစ်ကားများပါဝင်သော အလုံးစုံရောင်းအားတွင် အဆင့် ၆ နေရာမှရပ်တည်နိုင်ခဲ့သည်ဟု အစ္စရေးကားတင်သွင်းသူများအသင်းမှထုတ်ပြန်ခဲ့သော အချက်အလက်အရ သိရသည်။
BYD ကုမ္ပဏီမှာ အလားတူကာလအတွင်း လျှပ်စစ်ကားအစီးရေ ၇,၈၂၅ စီးရောင်းချနိုင်ခြင်းဖြင့် အစ္စရေး နိုင်ငံ၏လျှပ်စစ်ကားရောင်းချမှုတွင်လည်း ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့သည်။
တရုတ်ကားအမှတ်တံဆိပ်များမှာ စုစုပေါင်းအစီးရေ ၄၃,၁၇၇ စီး ရောင်းချနိုင်မှုနှင့်အတူ ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လအတွင်း အစ္စရေးစျေးကွက်တွင် လျှပ်စစ်ကားအားလုံးရောင်းအား၏ ၈၂.၁ ရာခိုင်နှုန်းအထိ ရောင်းချနိုင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

……………………
(English Version)
Chinese carmaker BYD launches new hybrid car in Israel
JERUSALEM, Nov. 26 (Xinhua)
Chinese carmaker BYD Auto launched a new plug-in hybrid electric vehicle (PHEV) in Israel, its Israeli dealership Shlomo Motors announced on Wednesday at a launch event in the central city of Rishon LeZion.
The model, BYD Atto 2 DM-i, known in China as the Yuan Up DM-i, is a subcompact crossover SUV. It is powered by a 1.5-liter gasoline engine combined with an electric motor and an 18-kWh battery, providing an electric-only range of up to 90 km and a combined range of about 1,000 km.
This is the fourth plug-in hybrid model BYD offers in Israel, joining the Seal U, Sealion 5, and Seal 5 PHEV models, alongside eight electric models.
From January to October, BYD sold 12,160 units in Israel, ranking sixth in overall sales, which include gasoline, hybrid, and electric cars, according to data issued by the Israel Vehicle Importers Association.
The company also topped electric car sales in Israel during the same period, selling 7,825 units.
Chinese brands accounted for 82.1 percent of all electric car sales in Israel in the first 10 months of 2025, with a total of 43,177 units sold. ■
Photo:
This photo taken on July 17, 2023 shows BYD’s Atto 3 at a shop in Tel Aviv, Israel. (Xinhua/Chen Junqing)