Connect with us

China

ပေကျင်း E-Town လူပုံစံတူစက်ရုပ် တာဝက်မာရသွန်ပြိုင်ပွဲကို ၂၀၂၆ ခုနှစ် ဧပြီလတွင် ကျင်းပမည်

တရုတ်နိုင်ငံ အ‌ရှေ့တောင်ပိုင်း ပေကျင်း စီးပွားရေး-နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဧရိယာတွင် ပေကျင်း E-Town တာဝက်မာရသွန်နှင့် လူပုံစံတူစက်ရုပ်များ တာဝက်မာရသွန်ပြိုင်ပွဲအတွင်း အင်ဂျင်နီယာများနှင့်အတူ ပန်းဝင်မျဉ်းကို ဖြတ်သန်းလာသော ပါဝင်ယှဉ်ပြိုင်သူ လူပုံစံတူစက်ရုပ် “Tiangong Ultra" (ဝဲဘက် ဒုတိယ) အား ၂၀၂၅ ခုနှစ် ဧပြီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ပေကျင်း E-Town က လူပုံစံတူစက်ရုပ် တာဝက်မာရသွန်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ကမ္ဘာ့ပထမဆုံးအဖြစ် ကျင်းပခဲ့ပြီးနောက် ယခုအခါ ၂၀၂၆ ခုနှစ် ဧပြီ ၁၉ ရက်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း ပေကျင်းမြို့တော် ပြည်သူ့အစိုးရ ပြန်ကြားရေးရုံးက ဒီဇင်ဘာ ၂၅ ရက်၌ ပြောကြားခဲ့သည်။
E-Town တာဝက်မာရသွန်ပြိုင်ပွဲကို စဉ်ဆက်မပြတ် ကျင်းပမည်ဖြစ်သည်။ စက်ရုပ်များက သီးခြားပြေးလမ်းများ၊ လက်ရန်းအကာအရံများ သို့မဟုတ် ကြားခံလမ်းကြောင်းများဖြင့် သီးခြားစီခွဲထားသော်လည်း လူသားအပြေးသမားများကဲ့သို့ပင် တူညီသောပြေးလမ်းကြောင်း၌ အပြေးပြိုင်ကြမည်ဖြစ်သည်။
တာဝက်မာရသွန်အပြေးပြိုင်ပွဲဝင်မည့် လူပုံစံတူစက်ရုပ်သည် အလိုအလျောက် တည်နေရာပြအဖွဲ့ တစ်ဖွဲ့နှင့် အဝေးထိန်းအဖွဲ့ တစ်ဖွဲ့ ပါဝင်မည်ဖြစ်သည်။
ထိုပြိုင်ပွဲတွင် စွမ်းအင်ထိရောက်မှု အားပေးသည့် “အကောင်းဆုံး ကြံ့ခိုင်မှုဆု” ၊ သဘာဝအကျဆုံးနှင့် လူသားအဆန်ဆုံး လှုပ်ရှားမှုအတွက် “အလှဆုံး လမ်းလျှောက်ဟန်ဆု” ၊ လူပုံစံတူစက်ရုပ်လက်နှင့် မျက်နှာသွင်ပြင်အနေအထားကို အလေးထားသည့် “အကောင်းဆုံးဒီဇိုင်းဆု” နှင့် အချိန်နှင့်တစ်ပြေးညီ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်မှုအတွက် “အကောင်းဆုံး ထိုးထွင်းဉာဏ်ရည်ရှိမှု” စသည်တို့ အပါအဝင် အထူးဆုများ မိတ်ဆက်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတစ်လျှောက်လုံး လိုက်လံအားပေးသည့် စက်ရုပ်အဖွဲ့၊ လမ်းကြောင်းလမ်းညွှန်မှု၊ အမှိုက်သိမ်းဆည်းခြင်း၊ တင်ဆက်‌ဖျော်ဖြေခြင်းနှင့် အပြန်အလှန်နှုတ်ဆက်ခြင်း စသည့် ဝန်ဆောင်မှုအမျိုးမျိုးလည်း ပါဝင်မည်ဖြစ်ကာ “ပြိုင်ပွဲကိရိယာများ” မှ “ဝန်ဆောင်မှုမိတ်ဖက်များ” အထိ အဆင့်မြှင့်တင်ထားသော စက်ရုပ်များကို တိုးမြှင့်ထည့်သွင်းထားကြောင်း သိရသည်။
ထို့ပြင် အဆိုပါပြိုင်ပွဲက ပြည်ပအဖွဲ့များကို ဆွဲဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်သလို စက်ရုပ်နည်းပညာကဏ္ဍတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်ခြင်းလည်း ဖြစ်ကြောင်း ပေကျင်း စီးပွားရေး-နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဧရိယာ၊ စီမံခန့်ခွဲမှုကော်မတီ၏ လက်ထောက်ညွှန်ကြားရေးမှူး လျန်လျန်က ပြောခဲ့သည်။ “ဒီပြိုင်ပွဲက လက်တွေ့ကမ္ဘာရဲ့ စက်မှုလုပ်ငန်းဖြေရှင်းမှုတွေမှာ နည်းပညာဆိုင်ရာ ကွာဟချက်တွေကို ပြောင်းလဲပေးနိုင်မှာပါ”
၂၀၂၅ ခုနှစ် ပထမဆုံး လူပုံစံတူစက်ရုပ် မာရသွန်ပြိုင်ပွဲမှ သင်ခန်းစာများပေါ် အဆင့်မြှင့်တင် တည်ဆောက်ထားခြင်းဖြစ်ပြီး အကွေးအဆက်များ တည်ငြိမ်မှုနှင့် ဘက်ထရီလဲလှယ်မှုမြန်ဆန်ခြင်း စသည်တို့ကို တိုးမြှင့်ဆောင်ရွက်ထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဧပြီ ၁၉ ရက်တွင် Beijing Humanoid Robot Innovation စင်တာက တီထွင်ထုတ်လုပ်ထားသော Tiangong Ultra က ပြိုင်ပွဲဝင်အဖွဲ့ ၂၀ ဖွဲ့အနက် သမိုင်းဝင် ၂၁.၀၉၇၅ ကီလိုမီတာ အချိန် ၂ နာရီ ၄၀ မိနစ် ၄၂ စက္ကန့်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ အီသီယိုးပီးယားနိုင်ငံ အပြေးသမားများက အမျိုးသားနှင့် အမျိုးသမီး တာဝက်မာရသွန်ပြိုင်ပွဲနှစ်ခုလုံးတွင် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Beijing E-Town humanoid robot half-marathon set for April 2026
BEIJING, Dec. 25 (Xinhua) — Beijing E-Town will host humanoid robot half-marathon on April 19, 2026, following the world’s first edition in 2025, the Information Office of the People’s Government of Beijing Municipality said Thursday.
The E-Town half-marathon will be held simultaneously. Robots will follow the same route as human runners, but on separate tracks, separated by guardrail fences or median strips.
The humanoid robot half-marathon will feature an autonomous navigation group and a remote control group.
The race will introduce special awards including the “best endurance award” to encourage energy efficiency, “most beautiful gait award” for natural and human-like movement, “best design award” focusing on bionic hand design and facial expressions, and “best perception award” rewarding real-time environmental adaptation.
Along the course, diverse services such as robot cheerleading squads, route guidance, trash collection, and performances and interactions will be provided, promoting the upgrade of robots from “competition tools” to “service partners.”
The event aims to attract overseas teams, fostering international collaboration in robotics technology, said Liang Liang, deputy director of the administrative committee of the Beijing Economic-Technological Development Area. “The event will translate technical gaps identified during the race into real-world industrial solutions.”
The upgrade builds on lessons from the inaugural humanoid robot marathon in 2025, which accelerated innovations in joint stability and fast battery swapping.
On April 19, 2025, Tiangong Ultra, developed by the Beijing Humanoid Robot Innovation Center, clocked two hours, 40 minutes, and 42 seconds, winning this historic 21.0975-kilometer race among 20 competing teams. Meanwhile, Ethiopian runners won both the men’s and women’s half-marathons.
Photo: Robotic participant “Tiangong Ultra” (2nd L) crosses the finishing line as engineers run alongside during the Beijing E-Town half-marathon and humanoid robots half-marathon in the Beijing Economic-Technological Development Area in southeast Beijing, China, April 19, 2025. (Xinhua/Li Xin)