Connect with us

China

တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒအရ လျန်ယွင်ကန်ဆိပ်ကမ်းသို့ တောင်ကိုရီးယားခရီးသွားဧည့်သည်ပမာဏ အများဆုံးဝင်ရောက်လာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ရှိ လျန်ယွင်ကန်ဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် “ဟာမိုနီ ယွင်ကန်” အပျော်စီးသင်္ဘောကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျန်ယွင်ကန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ငါးရက်ကြာ နှစ်သစ်ကူးခရီးစဉ်စတင်မည့် “ဟာမိုနီ ယွင်ကန်” အပျော်စီးသင်္ဘောဖြင့်လိုက်ပါလာသော တောင်ကိုရီးယားနိုင်ငံမှ ခရီးသွားဧည့်သည် ၂၅၅ ဦးသည် လျန်ယွင်ကန်မြို့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းတို့သည် တောင်ကိုရီးယားနိုင်ငံသားများအတွက် တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒ စတင်ကျင့်သုံးချိန်မှစ၍ လျန်ယွင်ကန် ဆိပ်ကမ်း ခရီးသည်ဂိတ်သို့ ရောက်ရှိလာသည့် တောင်ကိုရီးယားနိုင်ငံမှ ပမာဏအများဆုံး ခရီးသွားအဖွဲ့လည်းဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ရှိ လျန်ယွင်ကန်ဆိပ်ကမ်းတွင် တောင်ကိုရီးယားနိုင်ငံမှ ခရီးသွားဧည့်သည်များ “ဟာမိုနီ ယွင်ကန်” အပျော်စီးသင်္ဘောပေါ်က ဆင်းလာသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ရှိ လျန်ယွင်ကန်ဆိပ်ကမ်းရှိ နိုင်ငံတကာခရီးသည်များဂိတ်ပေါက် ဆိုက်ရောက်ခန်းမ၌ လက်ဗွေစကင်န်ဖတ်ခြင်း လုပ်ဆောင်နေသည့် တောင်ကိုရီးယားခရီးသွားဧည့်သည်အား ကူညီပေးနေသော ရဲအရာရှိတစ်ဦးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………………..
(English Version)
Lianyungang port welcomes largest group of S. Korean travelers under China’s visa-free policy
A total of 255 South Korean tourists arrived in Lianyungang aboard the “Harmony Yungang” cruise ship, commencing a five-day New Year tour in China. This marks the largest group of South Korean travelers received at Lianyungang port passenger terminal since China’s visa-free policy for South Korean citizens.
Photo 1: An aerial drone photo shows the “Harmony Yungang” cruise ship arriving at the Lianyungang port in Lianyungang City, east China’s Jiangsu Province, Dec. 28, 2025. (Photo by Wang Jianmin/Xinhua)
Photo 2: Tourists from South Korea get off from the “Harmony Yungang” cruise ship at Lianyungang Port in Lianyungang City, east China’s Jiangsu Province, Dec. 28, 2025. (Photo by Wang Jianmin/Xinhua)
Photo 3: A police officer helps a South Korean tourist scan fingerprint at the arrival hall of the international passenger terminal of Lianyungang Port in Lianyungang City, east China’s Jiangsu Province, Dec. 28, 2025. (Photo by Wang Jianmin/Xinhua)