Connect with us

China

PLA က ထိုင်ဝမ်ကျွန်း မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ရေကြောင်းပစ်မှတ်များကို ချေမှုန်းရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်‌ရေး လေ့ကျင့်မှုများ လုပ်ဆောင်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီးက ထုတ်ပြန်ထားသည့် မြေပုံကြမ်းတွင် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်၌ ပြုလုပ်သည့် တပ်ပေါင်းစုစစ်ရေးလေ့ကျင့်မှုနေရာများအား ညွှန်ပြထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အရှေ့ပိုင်းစစ်ဒေသကြီးက ထိုင်ဝမ်ကျွန်း မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပင်လယ်ရေကြောင်းပစ်မှတ်များအား တိုက်ခိုက်ချေမှုန်းရေး၊ လေကြောင်းရန်ကာကွယ်ရေးနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်‌ရေးဆိုင်ရာ လေ့ကျင့်မှုများကို လုပ်ဆောင်လျက်ရှိကြောင်း ယင်းစစ်ဒေသကြီး၏ ပြောကြားချက်အရ သိရသည်။
ခွဲခြားဖော်ထုတ်ခြင်းနှင့် စိစစ်အတည်ပြုခြင်း၊ ခြောက်လှန့်သတိပေးခြင်းနှင့် မောင်းထုတ်ခြင်း၊ တိုက်ပွဲသဏ္ဌာန်တူ ပုံဖော်လေ့ကျင့်ခြင်း၊ ရေကြောင်းပစ်မှတ်များကို ချေမှုန်းခြင်းတို့အပြင် လေကြောင်းရန်ကာကွယ်ရေးနှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးအတွက်လည်း ဖျက်သင်္ဘောများ၊ ဖရီးဂိတ်စစ်သင်္ဘောများ၊ တိုက်လေယာဉ်များနှင့် ဗုံးကြဲလေယာဉ်များကို အသုံးပြုလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ထိုစစ်ရေးလေ့ကျင့်မှုများမှာ ရေပြင်နှင့်ဝေဟင် ဟန်ချက်ညီညီ ချိတ်ဆက်လှုပ်ရှားမှု၊ ပေါင်းစပ်ပိတ်ဆို့ထိန်းချုပ်မှု စွမ်းရည်များကို စမ်းသပ်ခြင်းဖြစ်သည်ဟု PLA အရှေ့ပိုင်းစစ်ဒေသကြီးက ပြောသည်။ (Xinhua)

…………………..
(English Version)
PLA conducts drills on assault against maritime targets, anti-air and anti-submarine operations to north and south of Taiwan Island
BEIJING, Dec. 30 (Xinhua) — The Chinese People’s Liberation Army (PLA) Eastern Theater Command is conducting drills on assault against maritime targets, anti-air and anti-submarine operations to the north and south of Taiwan Island on Tuesday, according to the theater command.
Destroyers, frigates, fighters and bombers are being employed on subjects of identification and verification, warning and expulsion, simulated strikes, assault on maritime targets, as well as anti-air and anti-submarine operations.
The drills test capabilities of sea-air coordination and integrated blockade and control, said the theater command.
English Caption
This photo shows a sketch map released by the Eastern Theater Command of the Chinese People’s Liberation Army (PLA) to indicate the areas involved in joint exercises conducted around Taiwan Island. (Xinhua)