China
(တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ) တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ်တွင် စားသုံးသူ ငွေကြေးသုံးစွဲမှုကို တစ်ဆင့်တိုး မြှင့်တင်မည်ဟု တာဝန်ရှိသူ ပြောကြား
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် စားသုံးသူ ငွေကြေးသုံးစွဲမှု မြှင့်တင်ရေးအတွက် အထူးအလေးထားလျက် ပြည်တွင်းဝယ်လိုအားကို တစ်ဆင့်တိုး မြှင့်တင်သွားမည်ဟု တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ သုတေသနရုံး တာဝန်ရှိသူတစ်ဦးဖြစ်သူ လျိုရစ်ဟုန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းဝယ်လိုအား မြှင့်တင်ခြင်းအား ၂၀၂၆ ခုနှစ်အတွက် တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒလုပ်ငန်းစဉ်၏ ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
သုံးစွဲမှုမြှင့်တင်ရေးအတွက် မူဝါဒပိုင်း ပံ့ပိုးမှုမှာ ဆက်လက်၍ ခိုင်ခိုင်မာမာရှိနေမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စားသုံးသူ ငွေကြေးသုံးစွဲမှုအတွက် ဈေးကွက်အတွင်းမှ မောင်းနှင်အားများကို နှိုးဆွရန် အကြီးစား စက်ကိရိယာများ အဆင့်မြှင့်တင်မှုနှင့် လူသုံးကုန်ပစ္စည်းဖလှယ်မှု အစီအစဉ်များ အကောင်အထည်ဖော်ခြင်းကို ပိုမိုကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ကာ ပြည်သူများ ဝင်ငွေတိုးပွားစေရေးအတွက် စီမံကိန်းတစ်ရပ် ရေးဆွဲချမှတ်သွားမည်ဖြစ်ကြောင်း လျိုက ပြောကြားခဲ့သည်။
ထို့အတူ တရုတ်နိုင်ငံအနေဖြင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် ကလေးသူငယ်စောင့်ရှောက်ရေး စသည့် ကဏ္ဍများတွင် ငွေကြေးသုံးစွဲမှု အလားအလာများ ဖော်ထုတ်ရေးအတွက် မူဝါဒပိုင်းပံ့ပိုးမှုကို ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမည်ဟု လျိုက ဆက်လက်ပြောကြားသည်။ (Xinhua)
………………
(English Version)
(China Economic Roundtable) China to further boost consumer spending in 2026: official
BEIJING, Dec. 30 (Xinhua) — China will further expand domestic demand, with a particular focus on boosting consumer spending, an official said on Tuesday.
Liu Rihong, an official from the Research Office of the State Council, made the remarks during the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency.
Expanding domestic demand has been placed at the top of China’s economic policy agenda for 2026.
Policy support for boosting consumption will remain strong, Liu said. To stimulate the endogenous drivers of consumer spending, China will optimize the implementation of the large-scale equipment upgrades and consumer goods trade-in programs, and formulate a plan to increase residents’ incomes.
Meanwhile, the country will strengthen policy support to unlock the consumption potential in sectors including culture and tourism, elderly care and childcare, he noted.
English Caption
Liu Rihong, an official from the Research Office of the State Council, speaks at the recording site of the latest episode of the China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Jin Liwang)
