China
တရုတ်နိုင်ငံက နိုင်ငံနှင့် ဒေသပေါင်း ၁၅၇ ခု၏ ထိပ်တန်းကုန်သွယ်ဖက် သုံးနိုင်ငံထဲတွင် ပါဝင်ဟု တာဝန်ရှိသူ ပြောကြား

ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၅၇ ခု၏ ထိပ်တန်းကုန်သွယ်ဖက် သုံးနိုင်ငံထဲတွင် ပါဝင်နေသည်ဟု တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်ဦးစီးဌာန (GAC) အကြီးအကဲဖြစ်သူ စွန်းမေကျွင်းက ဩဂုတ် ၂၅ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်၌ ပါဝင်သော နိုင်ငံများနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ ၂၀၂၄ ခုနှစ်တွင် ယွမ် ၂၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃ ထရီလီယံခန့်) ရှိခဲ့ရာ ပို့ကုန်၊ သွင်းကုန်ပမာဏ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည်ဟု စွန်းက ဆိုသည်။
အာဆီယံ၊ လက်တင်အမေရိက၊ အာဖရိကနှင့် ဗဟိုအာရှကဲ့သို့သော ထွန်းသစ်စဈေးကွက်များနှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်မှုမှာ ၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) စတင်ချိန်မှစ၍ နှစ်စဉ် ၁၀ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်ဟု စွန်း၏ ပြောကြားချက်အရ သိရသည်။
စွန်းက တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ တစ်စိုက်မတ်မတ် လုပ်ဆောင်နေခြင်းကို အလေးပေးပြောဆိုခဲ့ကာ စီးပွားရေးအရ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို အားပေးမြှင့်တင်ရန်အတွက် ၂၀၂၁ ခုနှစ်မှစ၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၅၁၉ ခုအား လက်မှတ်ရေးထိုးခဲ့သည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)

၁၄ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) အတွင်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် နယ်စပ်ဒေသများ ကာကွယ်စောင့်ရှောက်ရေးအတွက် တရုတ်နိုင်ငံ အကောက်ခွန်ဌာန၏ အောင်မြင်မှုရလဒ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး (SCIO) က တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မီဒီယာများ တက်ရောက်သတင်းယူနေပုံကို ၂၀၂၅ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………..
(English Version)
China ranks among top 3 trading partners for 157 countries, regions: official
BEIJING, Aug. 25 (Xinhua) — China has ranked among the top three trading partners for 157 countries and regions worldwide, said Sun Meijun, head of the General Administration of Customs (GAC), at a press conference on Monday.
In 2024, China’s trade with Belt and Road Initiative participating countries reached 22 trillion yuan (about 3 trillion U.S. dollars), comprising over 50 percent of its total imports and exports, Sun said.
The nation’s trade with emerging markets, including ASEAN, Latin America, Africa and Central Asia, has expanded at an annual pace of more than 10 percent since the beginning of the 14th Five-Year Plan period (2021-2025), according to Sun.
Sun emphasized China’s commitment to international cooperation, revealing 519 international cooperation documents signed since 2021 to foster mutual economic benefits. ■
English Caption 1
Sun Meijun, head of the General Administration of Customs, speaks at a press conference held by the State Council Information Office (SCIO) on China Customs’ achievements in safeguarding borders and promoting high-quality development in the 14th Five-Year Plan period (2021-2025) in Beijing, capital of China, Aug. 25, 2025. (Xinhua/Chen Yehua)
English Caption 2
Media professionals work at a press conference held by the State Council Information Office (SCIO) on China Customs’ achievements in safeguarding borders and promoting high-quality development in the 14th Five-Year Plan period (2021-2025) in Beijing, capital of China, Aug. 25, 2025. (Xinhua/Chen Yehua)