China
တရုတ်နိုင်ငံအရှေ့ပိုင်းတွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေကြောင်းဆိုင်ရာ စက်ကိရိယာညီလာခံ ကျင်းပမည်

ဖူကျိုး၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ရေကြောင်းဆိုင်ရာ စီးပွားရေးကို အဓိကပံ့ပိုးပေးနေသော မြို့ကြီးများအနက် တစ်မြို့ဖြစ်သော တရုတ်နိုင်ငံအရှေ့ပိုင်း၊ ဖူကျန့်ပြည်နယ်၏မြို့တော် ဖူကျိုးမြို့၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ရေကြောင်းဆိုင်ရာ စက်ကိရိယာညီလာခံကို အောက်တိုဘာ ၁၆ ရက်မှ ၁၉ ရက်အထိ လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးစီစဥ်သူများ၏ပြောကြားမှုအရ သိရသည်။
ယခုနှစ်တွင်ကျင်းပမည့်ညီလာခံတွင် နောက်ဆုံးပေါ်နည်းပညာ၊ စိမ်းလန်း၍ ဉာဏ်ရည်ရှိသော ဦးတည်ချက်လမ်းကြောင်း၌ ပင်လယ်ရေကြောင်းဆိုင်ရာ စက်ကိရိယာများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်လျက် ရေကြောင်းသွားလာရေးဆိုင်ရာ စက်ကိရိယာများ၏ Hotspot များကို အလေးထားဆောင်ရွက်မည် ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။
ရေကြောင်းဆိုင်ရာ စက်ကိရိယာအခန်းကဏ္ဍ၏ နောက်ဆုံးပေါ်အဆင်မြင့် အောင်မြင်မှုများနှင့် သိသာထင်ရှားသော မှတ်တိုင်များကို တင်ဆက်ပြသနိုင်ရေးအတွက် လက်ရှိအချိန်ထိ ညီလာခံသို့ နိုင်ငံနှင့် ဒေသပေါင်း ၅၀ ကျော်မှ ဧည့်သည်တော် ၈၀၀ ကျော်ကို ဖိတ်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
ညီလာခံ၏ အဓိကလုပ်ဆောင်မှုများတွင် ဖွင့်ပွဲအခမ်းအနား၊ ဖိုရမ်ခွဲ ၁၃ ခု၊ ဖူကျန့်ပြည်နယ်၏ အမျိုးသားရေကြောင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသရုပ်ပြဇုန်ကို အရှိန်အဟုန်မြှင့်တည်ဆောက်မှုအား ပြန်လည်သုံးသပ်ခြင်းနှင့် အဆိုပါတည်ဆောက်မှုအပေါ် ခြုံငုံသုံးသပ်မည့်အစီအစဥ်များလည်း ပါဝင်ကြောင်း၊ အလားတူ တရုတ်ရေကြောင်းဆိုင်ရာစက်ကိရိယာပြပွဲကိုလည်း တစ်ဆက်တည်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ညီလာခံတွင် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတကာရေကြောင်းအဖွဲ့အစည်း၏ ရေရှည်တည်တံ့သော ရေကြောင်းဆိုင်ရာဆန်းသစ်တီထွင်မှု ဆွေးနွေးပွဲကိုလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း၊ အလားတူ ရေကြောင်းစက်မှုလုပ်ငန်းဆိုင်ရာ ပေါင်းစည်းမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာပြိုင်ပွဲ တစ်ခုကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဖူကျန့်ပြည်နယ်၏ သမုဒ္ဒရာထွက်ကုန် (GOP) သည် ၂၀၂၄ ခုနှစ်တွင် ယွမ် ၁.၂၅ ထရီလီယံကျော် (အမေရိကန် ဒေါ်လာ ၁၇၅.၆ ဘီလီယံခန့်) ရှိခဲ့ပြီး ပြည်နယ်တစ်ခုလုံး၏ စုစုပေါင်းကုန်ထုတ်လုပ်မှု၏ ၂၁.၇ ရာခိုင်နှုန်းခန့်ရှိခဲ့ကာ တရုတ်နိုင်ငံတစ်ဝန်းလုံးတွင် တတိယအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် သမုဒ္ဒရာထွက်ကုန်တန်ဖိုးသည် ပထမဆုံးအကြိမ်အဖြစ် ယွမ် ၁၀ ထရီလံ ကျော်အထိ ရောက်ရှိခဲ့ပြီး နိုင်ငံ၏ ရေကြောင်းစီးပွားရေးအောင်မြင်မှုတွင် သိသာထင်ရှားသော မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သဘာဝအရင်းအမြစ်ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရသိရသည်။
တရုတ်နိုင်ငံသည် ပင်လယ်ရေကြောင်းစီးပွားရေး၏ မဟာဗျူဟာကျသည့် အရေးပါမှုကိုအလေးထားသောအားဖြင့် အမျိုးသားအစီအစဥ်အဖြစ် ထည့်သွင်းထားကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
World Maritime Equipment Conference 2025 to be held in east China
FUZHOU, Sept. 25 (Xinhua) — East China’s Fujian Province — one of the country’s major contributors to the marine economy — is set to host the World Maritime Equipment Conference 2025 from Oct. 16 to 19 in its capital city of Fuzhou, the event’s organizers have said.
This year’s conference will focus on hotspots of maritime equipment, promoting the development of maritime equipment in a high-end, green and intelligent direction, according to a press conference on Wednesday.
To date, the conference has invited more than 800 guests from over 50 countries and regions to showcase the sector’s cutting-edge achievements and significant milestones.
The conference’s main activities include an opening ceremony, 13 sub-forums, and an event covering a review of Fujian’s accelerated construction of a national marine economic development demonstration zone and the outlook on that construction. Concurrently, the China Marine Equipment Expo 2025 will also be held.
For the first time, an International Maritime Organization seminar on sustainable maritime innovation will also take place during the conference, as will a marine industry integration and innovation competition.
In 2024, Fujian’s gross ocean product (GOP) exceeded 1.25 trillion yuan (about 175.6 billion U.S. dollars), accounting for about 21.7 percent of the provincial total GDP and ranking third in China.
China’s marine economy achieved a significant milestone in 2024, when its GOP exceeded 10 trillion yuan for the first time, according to the Ministry of Natural Resources.
Underlining its strategic importance, China has placed the marine economy firmly on the national agenda.
Photo:
An aerial drone photo taken on July 3, 2025 shows a national-level marine ranch in Lianjiang County of Fuzhou, east China’s Fujian Province. (Xinhua/Wei Peiquan)