Connect with us

China

တရုတ်နိုင်ငံတွင် ယန်ဇီဆူးတောင်မဲ့လင်းရှူး အကောင်ရေ တိုးပွားလာ

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ တရုတ်သိပ္ပံအကယ်ဒမီ (CAS) ၊ ဇီဝသက်ရှိဗေဒအင်စတီကျုအောက်ရှိ Baiji Dolphin House တွင် ရေကူးခတ်နေသော ယန်ဇီဆူးတောင်မဲ့ လင်းရှူးတစ်‌ကောင်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယန်ဇီမြစ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ ၁၀ နှစ်ကြာ ငါးဖမ်းခွင့်ပိတ်ပင်ထားခြင်းကြောင့် ယန်ဇီ ဆူးတောင်မဲ့လင်းရှူးအကောင်ရေမှာ ၂၀၂၂ ခုနှစ်စစ်တမ်းကောက်ယူမှုနှင့် နှိုင်းယှဉ်ပါက ၁၇၇ ကောင် တိုးပွားလာကာ ၁,၄၂၆ ကောင်အထိ မြင့်တက်လာခဲ့ကြောင်း ဇန်နဝါရီ ၃၀ ရက် သတင်းစာရှင်းလင်းပွဲအရ သိရသည်။
ယန်ဇီ ဆူးတောင်မဲ့လင်းရှူးသည် နိုင်ငံတော်အဆင့် ပထမတန်းစား ကာကွယ်ထိန်းသိမ်းထားသည့် တောရိုင်းတိရစ္ဆာန်တစ်မျိုး ဖြစ်ကာ ထိုလင်းရှူးအကောင်ရေက ယန်ဇီမြစ် ဂေဟဗေဒပတ်ဝန်းကျင်၏ ဘာရိုမီတာလည်း ဖြစ်သည်။

ငါးဖမ်းခြင်းကို စတင်တားမြစ်ချိန်မှစ၍ ပူးပေါင်းဆောင်ရွက်မှုများအရ ငါးနှစ်အတွင်း ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီး ကျန်းကျစ်လီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ယန်ဇီမြစ်ဝှမ်းဒေသအတွင်း ငါးမျိုးစိတ် ၃၅၁ မျိုးကို စောင့်ကြည့်လေ့လာခဲ့ရာ ငါးဖမ်းခွင့်တားမြစ်ချိန်မတိုင်မီကာလနှင့် နှိုင်းယှဉ်ပါက မျိုးစိတ် ၄၃ ခု တိုးတက်လာကြောင်း တရားဝင်အချက်အလက်၌ ဖော်ပြထားသည်။

ထို့ပြင် သဘာဝအတိုင်းမဟုတ်သောမွေးမြူထားသည့် တရုတ်စတာဂျင်ငါးကို ယန်ဇီမြစ်အတွင်း လွှတ်ပေးသည့် နှစ်စဉ်အရေအတွက်မှာ နှစ်နှစ်ဆက်တိုက် တစ်သန်းကျော်ရှိလာခဲ့သည်။ ယန်ဇီမြစ်အတွင်း သဘာဝအတိုင်း ရှင်သန်ပေါက်ဖွားသော မျိုးစိတ်အရေအတွက်အနေဖြင့်မူ လူတို့၏ဖမ်းဆီးမှုများကြောင့် ၂၀ ရာစုနှောင်းပိုင်းအတွင်း လျော့ကျခဲ့ကြောင်း သိရသည်။
“တိုးတက်မှုတွေစွမ်းဆောင်နိုင်ခဲ့တဲ့တစ်ချိန်တည်းမှာပဲ ယန်ဇီမြစ်အတွင်း ရေနေဇီဝမျိုးစုံမျိုးကွဲများ ပြန်လည်ထိန်းသိမ်းတာဟာ ရေရှည် ဖြည်းဖြည်းချင်းလုပ်ရတဲ့လုပ်ငန်းစဉ်ဖြစ်ပြီး ကာကွယ်စောင့်ရှောက်တဲ့လုပ်ငန်းဟာ စိန်ခေါ်မှုများစွာ ရှိနေသေးတယ်ဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်” ဟု ကျန်းက ဆိုသည်။
၁၀ နှစ်တာ ငါးဖမ်းခွင့်ပိတ်ပင်သော ရည်မှန်းချက်အပေါ် ကြိုးပမ်းအားထုတ်မှုများ ဆက်လက်အာရုံစိုက် လုပ်ဆောင်မည်ဖြစ်သလို ကာကွယ်ခြင်းနှင့် ပြန်လည်ထိန်းသိမ်းခြင်းစွမ်းဆောင်ရည်များ မြှင့်တင်ခြင်း၊ ငါးဖမ်းလုပ်ငန်း ရပ်ဆိုင်းခဲ့ရသော တံငါသည်များအတွက် ပြန်လည်နေရာချထားရေးနှင့် ပံ့ပိုးရေးမူဝါဒများ အကောင်အထည်ဖော်ခြင်း စသည်တို့ကိုလည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

……………………………………..
(English Version)
Yangtze finless porpoise population increases in China
BEIJING, Jan. 30 (Xinhua) — The population of the Yangtze finless porpoise has increased to 1,426, an increase of 177 compared to the 2022 survey, thanks to a 10-year fishing ban for the Yangtze River that started from Jan. 1, 2021, according to a press conference on Friday.
The Yangtze finless porpoise is a national first-class protected wild animal, and its population status serves as a “barometer” of the Yangtze River’s ecological environment.
Over the five years since the launch of the fishing ban, positive results have been achieved under coordinated efforts, Zhang Zhili, vice minister of agriculture and rural affairs, told the press conference.
From 2021 to 2025, 351 fish species were monitored in the Yangtze River basin, an increase of 43 species compared with the period before the fishing ban, official data showed.
Meanwhile, the annual number of artificially-bred Chinese sturgeon released to the Yangtze River has exceeded one million for two consecutive years. The natural population of the species in the Yangtze plummeted in the late 20th century due to intrusive human activities.
“While progress has been made, we also recognize that the restoration of aquatic biodiversity in the Yangtze River is a long and gradual process, and the protection efforts still face many challenges,” said Zhang.
Efforts will remain focused on the 10-year fishing ban target, enhancing protection and restoration capabilities, and implementing resettlement and support policies for fishermen who cease fishing, he said.
Photo: A Yangtze finless porpoise swims at the Baiji Dolphin House under the Institute of Hydrobiology, the Chinese Academy of Sciences (CAS) in Wuhan, central China’s Hubei Province, on July 5, 2023. (Xinhua/Xiao Yijiu)