Connect with us

China

တရုတ်-BRICS အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ် သုတေသနစင်တာကို ပေကျင်းတွင် ဖွင့်လှစ်

အွန်လိုင်းမှပြုလုပ်သည့် BRICS ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်-BRICS အရည်အသွေးသစ် ထုတ်လုပ်မှုစွမ်းအား သုတေသနစင်တာကို တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ဖွင့်လှစ်လိုက်ကြောင်း တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ဇန်နဝါရီ ၄ ရက်၌ ထုတ်ပြန်ခဲ့သည်။
အဆိုပါစင်တာသည် BRICS ပူးပေါင်းဆောင်ရွက်မှုဘောင်အတွင်း သုတေသနဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် နိုင်ငံတကာပလက်ဖောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ်ဆိုင်ရာ ပေါင်းစပ်သီအိုရီနှင့် အသုံးချလေ့လာမှုများ ၊ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာလုံးဆိုင်ရာအမြင်ဖြင့် အပြန်အလှန် သင်ကြားရေးစွမ်းရည်များ မြှင့်တင်ရန်အတွက် ဝန်ထမ်းများနှင့် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေး အစီအစဉ်များ ဖလှယ်ခြင်း၊ BRICS အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြား မူဝါဒရေးဆွဲရေးနှင့် ဘုံသာယာဝပြောရေးတို့အတွက် ဉာဏ်ရည်ဉာဏ်သွေးနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ ပံ့ပိုးကူညီမှုပေးသည့် ပူးပေါင်းလုပ်ဆောင်သော သုတေသနကွန်ရက်ဖွံ့ဖြိုးရေးကို အာရုံစိုက်မည်ဖြစ်သည်။

BRICS နိုင်ငံများအတွက် အရည်အသွေးမြင့် ထုတ်လုပ်မှုစွမ်းအားသစ် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုသည် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း မြှင့်တင်ရန် အဓိကကျသည့် နယ်ပယ်တစ်ခု၊ အားလုံးပါဝင်နိုင်သည့် ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် အစွမ်းထက်သော အင်ဂျင်နှင့် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတစ်ခု တည်ဆောက်ခြင်းဆီသို့ ထိရောက်သည့် ခြေလှမ်းတစ်ခုဖြစ်သည်ဟု တရုတ်နိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ချန်ကျားချန်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)


………………
(English Version)
China-BRICS New Quality Productive Forces Research Center opens in Beijing
BEIJING, Jan. 4 (Xinhua) — The China-BRICS New Quality Productive Forces Research Center has opened in Beijing, according to the Ministry of Science and Technology on Sunday.
The center will be an international platform for research exchange and cooperation within the BRICS cooperation framework.
It will focus on joint theoretical and applied studies on new quality productive forces, cooperation on sci-tech innovation, the exchange of personnel and professional training programs to foster interdisciplinary talent with a global outlook, and the development of a collaborative research network that provides intellectual and decision-making support for policy formulation and shared prosperity among BRICS member states and partner countries.
For BRICS countries, the joint development of new quality productive forces is a key arena to deepen mutually beneficial cooperation, a powerful engine for inclusive and shared development, and an effective step toward building a community with a shared future for humanity, said Chen Jiachang, China’s vice minister of science and technology. ■
English Caption
Chinese President Xi Jinping attends a virtual BRICS Summit on Sept. 8, 2025. (Xinhua/Huang Jingwen)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.