Connect with us

China

တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုက ၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း ၁၈.၃ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ရှိ ချင်းသောင်ဆိပ်ကမ်း၏ ချန်ဝမ်း ကုန်သေတ္တာဂိတ်၌ ကုန်သေတ္တာများအား သယ်ယူပို့ဆောင်နေသည့် ထရပ်ကားများကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း တရုတ်နိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှာ ယမန်နှစ် ကာလတူကထက် ၁၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အထွေထွေအကောက်ခွန်ဦးစီးဌာနမှ အချက်အလက်များက မတ် ၁၀ ရက်၌ ဖော်ပြခဲ့သည်။
အဆိုပါကာလအတွင်း စုစုပေါင်းကုန်စည်ကုန်သွယ်မှုပမာဏက ယွမ် ၇.၇၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၂ ထရီလီယံခန့်) ရှိခဲ့ကြောင်း အချက်အလက်များက ဖော်ပြခဲ့သည်။
ပို့ကုန်ကဏ္ဍမှာ ယမန်နှစ် ကာလတူကထက် ၁၉.၂ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၄.၆၂ ထရီလီယံ ရှိခဲ့သလို သွင်းကုန်ကဏ္ဍသည်လည်း ၁၇.၁ ရာခိုင်နှုန်း မြင့်တက်ကာ ယွမ် ၃.၁၁ ထရီလီယံ ရှိခဲ့ကြောင်း အဆိုပါအချက်အလက်များအရ သိရသည်။ (Xinhua)

………………..
(English Version)
China’s foreign trade up 18.3 pct in first two months of 2026
BEIJING, March 10 (Xinhua) — China’s foreign trade grew 18.3 percent year on year in the first two months of 2026, data from the General Administration of Customs showed on Tuesday.
Total goods trade volume reached 7.73 trillion yuan (about 1.12 trillion U.S. dollars) during the period, the data showed.
Exports rose 19.2 percent from the same period last year to reach 4.62 trillion yuan, while imports went up 17.1 percent to 3.11 trillion yuan, according to the data. ■
English Caption
Trucks transport containers at Qianwan Container Terminal of Qingdao Port in Qingdao, east China’s Shandong Province, Feb. 18, 2026. (Xinhua/Li Ziheng)