ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) အယ်ဒီတာ့မှတ်စု- တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မျှော်လင့်ချက်မှာ ပြည်သူများထံ၌ တည်ရှိကာ အခြေခံလူထုချင်း ကူးလူးဆက်သွယ်မှုက ယင်း၏ အခြေခံအုတ်မြစ်ဖြစ်ပေသည်။ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အနိမ့်အမြင့်၊ အတက်အကျများနှင့် ကြုံတွေ့ခဲ့ရသော်လည်း အဓွန့်ရှည်တည်တံ့သော ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုက ထိုဆက်ဆံရေးအတွက် နွေးထွေးပျူငှာမှုနှင့်...
တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်ဆန်းပိုင်းမှစ၍ ပြည်တွင်းပြည်ပ ကုန်သွယ်မှု တစ်ပေါင်းတစ်စည်းတည်း တိုးတက်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။ ပြည်တွင်းပြည်ပ ကုန်သွယ်ရေး စည်းမျဥ်းများနှင့် စနစ်များ ချိန်ညှိခြင်းကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟဲယုံချန်းက သတင်းစာရှင်းလင်းပွဲ၌...
ပေကျင်း၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ) ယခုနှစ်သည် ကြီးကျယ်ခမ်းနားလှသော အဝေးပြေးလမ်းမကြီးနှစ်ခုဖြစ်သည့် စီချွမ်း-ရှီးဇန့်နှင့် ချင်းဟိုင်-ရှီးဇန့် လမ်းများ လည်ပတ်မှု နှစ်ပေါင်း ၇၀ ပြည့်မြောက်သည့် အခါသမယဖြစ်သည်။ တစ်ချိန်က ဝေးလံခေါင်သီလှသော ကုန်းပြင်မြင့်ဒေသအား အဆိုပါ သမိုင်းဝင်အဝေးပြေးလမ်းများက မည်ကဲ့သို့ အသွင်ပြောင်းလဲခဲ့ပုံကို ဖော်ပြပါဓာတ်ပုံများတွင် လေ့လာကြည့်ရှုနိုင်ပါသည်။ (Xinhua)...
တရုတ်နိုင်ငံသည် ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပို၍အလေးထားလာကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC) က ဒီဇင်ဘာ ၂၅ ရက်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပညာရှင်များက ပြောကြားခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZUb …………………………… (English Version) China attaches...
တရုတ်သိပ္ပံပညာရှင်များ၏ မကြာသေးမီက လေ့လာမှုတစ်ရပ်၌ ဘေးကင်းထိရောက်၍ ပတ်ဝန်းကျင်ထိခိုက်မှုနည်းသော ပိုးသတ်ဆေး တီထွင်ရန်အတွက် မော်လီကျူးဖွဲ့စည်းမှု ပုံစံသစ်တစ်မျိုးကို တွေ့ရှိခဲ့ကာ ဖျက်ပိုးများ၏ ပိုးသတ်ဆေးယဥ်ပါးမှုကို တိုက်ဖျက်ရန် အလားအလာကောင်းသော ဖြေရှင်းနည်းတစ်ရပ်ကို ဆောင်ကြဥ်းပေးခဲ့သည်။ (Xinhua) သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/ZTY …………………… (English Version) Chinese scientists...
နှင်းနဂါး-၂၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) ၄၁ ကြိမ်မြောက် အန္တာတိကစူးစမ်းလေ့လာရေးမစ်ရှင် တာဝန်ထမ်းဆောင်နေသည့် “နှင်းနဂါး-၂” နှင့် “ရုန်စိန့်” ကုန်သင်္ဘောတို့ အန္တာတိကရေပြင်ဆုံရပ်တွင် တွေ့ဆုံ၍ ချင်လျင်စခန်းသို့ အတူတကွ မောင်းနှင်ခဲ့ကြသည်။ “ရုန်စိန့်” ကုန်သင်္ဘောသည် ချင်လျင်စခန်း ဆက်စပ်အဆောက်အဦ တည်ဆောက်မှု ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးကို အဓိကတာဝန်ယူကြောင်း...
ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ) အချိန်များ ကုန်လွန်၍ ရာသီများကူးပြောင်းလို့လာခဲ့ပြီ ဖြစ်သည်။ ၂၀၂၄ ခုနှစ်ကို ပြန်ကြည့်မည်ဆိုလျှင် ပန်းချီသဖွယ်လှပသောရှုခင်းများက တရုတ်နိုင်ငံ လူသားများနှင့် သဘာဝ၏ သဟဇာတ အလှကို ခံစားမိစေသည်။ (Xinhua) …………………………… (Chinese Version) 这些镜头,记录下生态中国之美 北京,2024年12月26日 时光流转,四季更替。回眸2024,一幅幅如画美景让我们感受到神州大地人与自然的和谐之美。...
တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်နည်းပညာ နယ်ပယ်များတွင် တစ်ဟုန်ထိုး တိုးတက်မှုများ ရရှိနေစဥ် ၎င်း၏ သိပ္ပံနှင့်နည်းပညာ ပိုမိုတွင်ကျယ်စေရေး ဥပဒေအား စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၂ နှစ်အကြာတွင် ဒီဇင်ဘာ ၂၅ ရက်၌ ပထမဆုံးအကြိမ် ပြင်ဆင်ခဲ့ကြောင်း သိရသည်။ (Xinhua) ………………… (English Version) China revises law...
တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် လူငယ်များ အပြန်အလှန် အလည်အပတ်သွားရောက်ရေး၊ ပညာရေး၊ ခရီးသွားလုပ်ငန်း၊ အားကစားနှင့် သတင်းမီဒီယာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် ယဥ်ကျေးမှုချင်း၊ ပြည်သူအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံမှုများ တိုးမြှင့်မည့် အဓိက သဘောတူညီချက် ၁၀ ရပ် ရရှိခဲ့ကြောင်း သိရသည်။ ယင်းသည် အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုတို့ကို မြှင့်တင်ရာ၌...
ကွမ်ကျိုး၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ) ကျူးကျန်းမြစ်ရေ တသွင်သွင် စီးဆင်းလျက်ရှိရာ ပင်လယ်အော်ဒေသထဲသို့ သင်္ဘောရေယာဉ်ပေါင်းများစွာ အပြိုင်အဆိုင် မောင်းနှင်သွားလာလျက်ရှိကြသည်။ ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသ သည် ခေတ်သစ်တွန်းအားကြောင့် ဖြစ်ပေါ်လာသော ဘက်စုံ တံခါးဖွင့်လှစ်မှု အခင်းအကျင်း၏ စမ်းသပ်မှုအသစ် ဖြစ်သလို “တစ်နိုင်ငံ စနစ်နှစ်မျိုး” လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးသည့်...