ချုံချင့်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများ ရုပ်ရှင်ပွဲတော် ရုပ်ရှင်ဈေးကွက် ဖွင့်ပွဲအခမ်းအနားနှင့် ရုပ်ရှင်သိပ္ပံနည်းပညာရလဒ် ပြပွဲ စတင်ခြင်းအခမ်းအနားကို ဇူလိုင် ၄ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ရုံချွမ်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပခဲ့သည်။...
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ရေဘေးသင့်ဒေသများတွင် လိုအပ်သော နေ့စဉ်သုံး မရှိမဖြစ်ပစ္စည်းများ စျေးကွက်၌ တည်ငြိမ်စွာရရှိစေရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။ ဇွန်လ ရေကြီးမှုကာလ စတင်ကတည်းက နိုင်ငံ၏ တောင်ပိုင်းဒေသများသည်...
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်လူငယ်အဖွဲ့ချုပ်နှင့် ကျောင်းသားအဖွဲ့ချုပ် အစည်းအဝေးများသည် ဇူလိုင် ၃ ရက်က ကျင်းပပြီးစီးသွားပြီဖြစ်ရာ လာမည့် ၅ နှစ်တာကာလအတွက် လုပ်ငန်းစဉ်များ ချမှတ်ပြီး ခေါင်းဆောင်အသစ်များကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ ဇူလိုင် ၂ ရက်က စတင်ခဲ့သော ထိုအစည်းအဝေးများတွင် လွန်ခဲ့သည့်...
ရှန်ဟိုင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) LEGOLAND Shanghai Resort သည် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ကျင်းဆန်းခရိုင် ဖုန်းကျင်းမြို့နယ်၌ တည်ရှိပြီး ဧရိယာအကျယ်အဝန်း စတုရန်းမီတာ ၃၁၈,၀၀၀ ရှိကာ ၂၀၂၅ ခုနှစ် ဇူလိုင် ၅ ရက်တွင် တရားဝင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။...
ဖူယွမ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) နွေရာသီအချိန်အခါသို့ ဝင်ရောက်လာသည့် “တရုတ်နိုင်ငံ အရှေ့ဖျား” ရှိ ဟေးလုံကျန်းပြည်နယ် ဖူယွမ်မြို့၏ ပျမ်းမျှအပူချိန်သည် ၂၀ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်ဖြစ်ပြီး မြစ်ကမ်းဘေး လေပြေအေးအေးက ခရီးသွားဧည့်သည်များစွာ ဤနေရာတွင် နွေရာသီဖြတ်သန်းရန် ဆွဲဆောင်လျက်ရှိသည်။ လတ်တလောနှစ်ပိုင်းတွင် ဖူယွမ်မြို့သည် ၎င်း၏ပထဝီတည်နေရာအားသာချက်နှင့် ယဉ်ကျေးမှုခရီးသွားလာမှု...
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) အမေရိကန် သမ္မတ ထရမ့်က လုပ်ငန်းရှင်အဖွဲ့အား ဦးဆောင်၍ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်မည့် သက်ဆိုင်ရာသတင်းများနှင့်စပ်လျဉ်း၍ သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဇူလိုင် ၃ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် ပြောကြားဖွယ်မရှိသေးကြောင်း...
ဘာလင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းပဋိပက္ခအရေး အဖြေရှာရန် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို တစ်သမတ်တည်း ထောက်ခံအားပေးခဲ့ပြီး ဘက်စုံ၊ ထာဝရ ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိနိုင်ရန် သက်ဆိုင်ရာအသီးသီး၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၃ ရက်၌ ပြောကြားခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊...
ရှီးအန်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) ၂၀၂၅ ခုနှစ် ရှီးအန်း မာရသွန်ပြိုင်ပွဲကို အောက်တိုဘာလ ၁၉ ရက်တွင် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဆန်ရှီး ပြည်နယ်၏ မြို့တော် ရှီးအန်းမြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်များသည် ဇူလိုင် ၅ ရက်မှ ၂၇ ရက်အထိ တရားဝင်ဝက်ဘ်ဆိုက် သို့မဟုတ်...
ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် မည်သည့်နိုင်ငံမဆို တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို စတေးစေမည့် ကုန်သွယ်မှုသဘောတူညီချက်များ ချုပ်ဆိုခြင်းကို ပြင်းထန်စွာ ကန့်ကွက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။ ပြောရေးဆိုခွင့်ရှိသူ ဟယ်ရုန်ချန်က အမေရိကန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်သွယ်မှုသဘောတူညီချက်နှင့်ပတ်သက်၍...
ဟန်ယန် (ဟူနန်)၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ဟန်ယန်မြို့ ဟန်ဆန်းခရိုင်၌ စိုက်ပျိုးသည့် နွေစပါးများသည် ရှေ့ဆင့်နောက်ဆင့် ရင့်မှည့်လာပြီး ရိတ်သိမ်းရာသီသို့ ဝင်ရောက်လာပြီဖြစ်သည်။ ဒေသခံရွာသူ၊ ရွာသားများက ရာသီဥတု နေသာချိန်တွင် စိုက်ပျိုးရေးစက်ကိုမောင်းနှင်ကာ နွေစပါးများအား ရိတ်သိမ်းလျက်ရှိသည်။ (Xinhua) ——————— (Chinese...