ဟောင်ကောင် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) ၏ သတ္တမအကြိမ်မြောက်ဥပဒေပြုကောင်စီ(LegCo) အဖွဲ့ဝင်များ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီတွင် ဥပဒေပြုကောင်စီ legCo ခန်းမဆောင်၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပြည်တွင်းခရီးသွားလုပ်ငန်းသည် ၂၀၂၂ ခုနှစ်တွင် ဝင်ငွေ တရုတ်ယွမ် ၃.၈၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၉၈ ဘီလီယံခန့်) ရရှိရန် မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခရီးသွားလုပ်ငန်းအကယ်ဒမီဥက္ကဌ Dai Bin က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဖူကျိူး ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ထုတ်လုပ်ထားသော တတိယမျိုးဆက် အဏုမြူဓာတ်ပေါင်းဖို ဟွာလုံဝမ်း (Hualong One)အား အသုံးပြု၍ နိုင်ငံ၏ ဒုတိယနျူကလီးယားစွမ်းအင်ယူနစ်သည် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်နေပြီ ဖြစ်ကာ စီးပွားဖြစ်လည်ပတ်မှုအတွက် လမ်းဖွင့်ပေးနေကြောင်း သိရသည်။
ကွမ်ကျိုး၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ကွမ်တုန်းပြည်နယ်မြောက်ပိုင်းရှိ ပြည်နယ်အဆင့်တောင်တရုတ်ကျား သဘာဝဘေးမဲ့ဧရိယာစီမံခန့်ခွဲမှုရုံး၏ရှောက်ကွမ်းတောင်တရုတ်ကျားမျိုးပွားရေးသုတေသနအခြေစိုက်စခန်းမှ တောင်တရုတ်ကျားမိခင် “Mengmeng” သည် နှစ်ကူးညတွင် ကျားပေါက်လေးနှစ်ကောင်ကို မွေးဖွားခဲ့ပြီး “တစ်နှစ်လျှင် သားပေါက်လေးကောင်”စံချိန်တင်မွေးဖွားခဲ့ကြောင်း ကွမ်တုန်းပြည်နယ်သစ်တောရေးရာဌာနမှ သိရသည်။
ဟောင်ကောင် ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၏ သတ္တမအကြိမ်ဥပဒေပြုကောင်စီသည် ဇန်နဝါရီ ၁ ရက်တွင် ၎င်း၏ လေးနှစ်တာသက်တမ်းအား စတင်ခဲ့ကြောင်း သိရသည်။
စင်ကာပူ ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) သဘောတူညီချက် စတင်အသက်ဝင်လာခြင်းက စင်ကာပူနိုင်ငံ နှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး နှင့် စီးပွားရေး ဆက်ဆံမှုများတွင် မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံ ကုန်သွယ်ရေး နှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး Gan Kim Yong...
ပေကျင်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ) Tiangong အာကာသစခန်းပေါ်ရှိ တရုတ်အာကာသယာဉ်မှူးသုံးဦးသည် ပေကျင်း ၊ ဟောင်ကောင် နှင့် မကာအိုရှိ လူငယ်များနှင့် ၂၀၂၂ ခုနှစ်၏ ပထမရက်ဖြစ်သည့် ဇန်နဝါရီ ၁ ရက် နေ့လည်ပိုင်းတွင် ရုပ်သံဖြင့် အပြန်အလှန် စကားပြောဆိုခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ပြောကြားခဲ့သော ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးရန် သမိုင်းကြောင်းမှ သင်ယူလေ့လာရေးဆိုင်ရာ မိန့်ခွန်းအား ဇန်နဝါရီ ၁ ရက်၌ ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ သမ္မတလည်းဖြစ် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ရှီ၏...
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ မဟာအားသစ်လောင်းခြင်းဆီသို့ ရှေ့ဆက်ချီတက်ခြင်း၏ နောက်ကွယ်၌ အထင်ကရဖြစ်ရပ်များစွာနှင့် မရေမတွက်နိုင်သည့် “ဂုဏ်ပြုခြင်းမခံရသော သူရဲကောင်းများ” ကို အသိအမှတ်ပြုလျက် ၂၀၂၁ ခုနှစ်သည် “ထူးခြားအရေးပါသောနှစ်” အဖြစ် ရှုမြင်ကြောင်း နွေးထွေးသော နှစ်သစ်မိန့်ခွန်းတစ်ရပ်အား ဒီဇင်ဘာ...
ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရုပ်ရှင်လုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ဦးဆောင်ကာ ကမ္ဘာ့ ရုပ်ရှင်ဈေးကွက်၏ ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ နောက်ဆုံးအချက်အလက်များအရ တရုတ်နိုင်ငံရုပ်ရှင်၏ မြင့်မားသော ရုပ်ရှင်လက်မှတ်ရောင်းအားကြောင့် ၂၀၂၁ ခုနှစ်တွင် တရုတ်ပြည်တွင်းရုပ်ရှင်များ၏ စုစုပေါင်း ရုပ်ရှင်လက်မှတ်ရောင်းအားသည်...