ကျိုချွမ်၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက ကြာသပတေးနေ့တွင် ဂြိုဟ်တုသစ်တစ်စင်းလွှတ်တင်ခဲ့သည်။
ပေကျင်း ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) ထိုင်ဝမ်အရေးနှင့် တရုတ်နိုင်ငံကို ဟန့်တားရန်ကြိုးပမ်းသူသည် “မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်” ဟု တရုတ်နိုင်ငံပြည်မကြီးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ကျိနန်၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျောက်ခေတ်ဦးရှာဖွေရေးနေရာတစ်ခု၌ ရှေးဟောင်းသုတေသနပညာရှင်များသည် လွန်ခဲ့သည့် နှစ်ပေါင်း ၉၉,၀၀၀ ဝန်းကျင်က ဆင်စွယ်ဂေါ်ပြား တစ်ခု အားတွေ့ရှိခဲ့ပြီး ၎င်းသည် တရုတ်နိုင်ငံတွင် တွေ့ရှိရသည့် အစောဆုံး အရိုးလက်နက်ကိရိယာများအနက် တစ်ခုဟု ယူဆရကြောင်း သိရသည်။
နန်နင်း၊ နိုဝင်ဘာ ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း နန်နင်းမြို့ရှိ သိုလှောင်ရုံတစ်ခုတွင် မလေးရှားနိုင်ငံမှ တင်သွင်းလာသော ဒူးရင်းသီးထုတ်ကုန် တန်ချိန်ပေါင်းများစွာသည် ရောက်ရှိပြီးမကြာမီ တရုတ်နိုင်ငံတစ်ဝန်း ပြန်လည်ဖြန့်ဖြူးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။
ကျန်းကျားခို၊ နိုဝင်ဘာ ၂၄ (ဆင်ဟွာ) ၂၀၂၂ ခုနှစ် ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော်ကျင်းပမည့် ကျန်းကျားခို ဆောင်းရာသီအိုလံပစ်ကျေးရွာ (ဆောင်းရာသီမသန်စွမ်းသူများ အိုလံပစ်ကျေးရွာ) သည် နိုဝင်ဘာ ၂၃ ရက်တွင် ပထမဆုံးသော ပုံမှန်လျှပ်စစ်ဓာတ်အားစမ်းသပ်ခြင်းနှင့် မီးထွန်းခြင်းအခမ်းအနားကို စတင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံကြား လွတ်လပ်သောကုန်သွယ်မှုဇုန် (FTA) သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် အသက်ဝင်လာမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာန (MOC) အရ သိရသည်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၂ ရက်က တရားဝင်လက်မှတ်ရေးထိုးခဲ့သော...
ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) တို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေး ထူထောင်ကြောင်း နိုဝင်ဘာ ၂၂ ရက်၌ ကြေညာခဲ့သည်။ ယခုနှစ်သည် တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့်မြောက်သည့်နှစ်ဖြစ်သည်။ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်း၏ ကျယ်ပြန့်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာအခင်းအကျင်းတွင်...
ကျိုချွမ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ကမ္ဘာမြေလေ့လာရေး ဂြိုဟ်တုအသစ်တစ်စင်းအား နိုဝင်ဘာ ၂၃ ရက်၌ လွှတ်တင်ခဲ့ကြောင်း သိရသည်။ Gaofen-3 02 အမည်ရှိသော ဂြိုဟ်တုအား ပေကျင်းစံတော်ချိန် နံနက် ၇:၄၅ နာရီက Long March-4C ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံဖြင့်...
ပေကျင်း၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာ ထိပ်သီးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။ အဆိုပါစုံညီဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဌာန ဝန်ကြီး ဟွမ်ခွန်းမင် တက်ရောက်၍ သမ္မတရှီကျင့်ဖိန်၏ဂုဏ်ပြုသဝဏ်လွှာအား ဖတ်ကြားပြီး အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။...
ပေကျင်း ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) Xinhua News Agency (ဆင်ဟွာသတင်းဌာန) မှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီး ဆွေးနွေးပွဲ (WMS) က ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ပေကျင်းမြို့၌ ပြုလုပ်သည့် ယင်းဆွေးနွေးပွဲသို့ ကမ္ဘာ့တစ်ဝှမ်းရှိ မီဒီယာလုပ်ငန်းစုပေါင်း ၂၄၀ ကျော်မှ...