ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံ၏ အမျိုးသား အခြေခံကျန်းမာရေးအာမခံ အစီအစဉ်များတွင် တရုတ်နိုင်ငံသား ၉၅ ရာခိုင်နှုန်းကျော်ကို လွှမ်းခြုံမှုပေးနိုင်ခဲ့ကြောင်း အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုဦးစီးဌာနမှ ထုတ်ပြန်သည့် စာရင်းအင်းများအရ သိရသည်။
ရှန်ဟိုင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) သို့ တက်ရောက်ရန် ကျွမ်းကျင်မှုနယ်ပယ်ဆိုင်ရာ ဧည့်သည်များ မှတ်ပုံတင်ခြင်းကို ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ပြပွဲဖြစ်မြောက်ရေးစီစဉ်သူများက ပြောကြားခဲ့သည်။
ထျန်းကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် အဓိက ဉာဏ်ရည်တုပြပွဲတစ်ခုဖြစ်သော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဉာဏ်ရည်တုကွန်ဂရက် (World Intelligence Congress) အား ထျန်းကျင်းမြို့တွင် ပြုလုပ်ခဲ့ပြီး စီမံကိန်း ၁၄၈ ခုကို အွန်လိုင်းမှတစ်ဆင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ကိယက်ဗ် ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နယ်ပယ် အသီးသီး မှ ယူကရိန်း နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး အတွက် ကူညီထောက်ပံ့သည့် ပစ္စည်းများ အပြည့် တင်ဆောင်ထားသည့် Ilyushin Il-76 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး လေယာဉ် သည်...
ပေကျင်း၊ ဇွန် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက စာသင်ကျောင်းများအတွက် ကျန်းမာရေးလှုံ့ဆော်မှုများဆိုင်ရာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ရှီးကျားကျွမ်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ မဟာတံတိုင်း (Great Wall) အပိုင်းတစ်ခု ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ဒေသခံ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အာဏာပိုင်များက ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၄ ရက်(ဆင်ဟွာ) တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကာကွယ်ရေးတပ်များသည် ဇွန် ၂၂ ရက်က နယ်စပ်ဒေသတွင် ဒုတိယ အကြိမ် တပ်မှူးအဆင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း ၊ ယင်းမှာ ဇွန် ၁၅ ရက် Gallowan မြစ်ချိုင့်ဝှမ်းတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်နောက်ပိုင်း ပထမဆုံးအကြိမ်...
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခိုင်မြဲသောရပ်တည်ချက်နှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးတွင် တိုးတက်မှုအသစ်ဖော်ဆောင်ရန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ပြည်သူများ၏ တိုက်ပွဲကို ဆက်လက်လုပ်ဆောင်ရေး ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel ၊ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyenတို့နှင့် ဇွန် ၂၂ ရက် ညပိုင်းက ပေကျင်းမြို့မှ တဆင့် အွန်လိုင်း ဗွီဒီယိုစနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း၊ ဇွန် ၂၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ၂၀၂၀ ပြည့်နှစ်တွင် နှစ်ဘက် ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အပြီးသတ်ဖော်ဆောင်ရန် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ကြောင်း သိရသည်။