လျို့ဖန်ဆွေ၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်တွင် တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရန်တည်ဆောက်ထားသော အန်ရွှန့်-လျို့ဖန်ဆွေ မြို့ချင်းဆက်ရထားလမ်းအား ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
ရှမန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ကမ္ဘာ့အကြီးဆုံး ကွန်တိန်နာတင်သင်္ဘော HMM GDANSK သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် ရှမန်မြို့ရှိ ဆိပ်ကမ်း၌ ဇူလိုင် ၇ ရက်က ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။
ဟောင်ကောင် ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူးကယ်ရီလမ်းက ဟောင်ကောင်တွင် အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုဥပဒေပြဌာန်းခြင်းသည် “တစ်နိုင်ငံ ၊ စနစ်နှစ်မျိုး” စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဒေသ၏ ကြွယ်ဝချမ်းသာမှု နှင့် တည်ငြိမ်ရေးမှုကို ဖြစ်စေမည်ဖြစ်ကြောင်း ဇူလိုင် ၇ ရက်တွင် ပြောကြားခဲ့သည်။
ဟောင်ကောင်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် အမျိုးသားလုံခြုံရေးဆိုင်ရာ ဗဟိုပြည်သူ့အစိုးရရုံးကို ဇူလိုင် ၈ ရက် နံနက်ပိုင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲ (သို့မဟုတ်) အထက်တန်းစာမေးပွဲကို ဇူလိုင် ၇ ရက်တွင် စတင်ခဲ့ကျင်းပခဲ့သည်။ ယခုနှစ်တွင် ကျောင်းသူကျောင်းသား ၁၀ ဒသမ ၇၁ သန်းက နှစ်ပတ်လည်စာမေးပွဲကြီးကို ဝင်ရောက်ဖြေဆိုကြရာ COVID-19 ကပ်ရောဂါ စတင်ကူးစက်ချိန်နောက်ပိုင်း တရုတ်နိုင်ငံတွင် ပြုလုပ်သော...
ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အသစ်လွှတ်တင်လိုက်သော ရုပ်ထွက်မြင့်မားသည့် ဘက်စုံပုံရိပ်ဖတ်ဂြိုဟ်တုထံမှ အချက်အလက်များကို အောင်မြင်စွာ လက်ခံရရှိခဲ့ကြောင်း တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီ (CAS) က ဇူလိုင် ၇ ရက်တွင် ပြောကြားလိုက်သည်။
နန်နင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖူဆွေနယ်မြေတွင် ဒိုင်နိုဆောအမျိုးအစား လေးခု၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တူးဖော်တွေ့ရှိခဲ့ကြောင်း ဒေသခံသုတေသီများ ပြောကြားချက်အရ သိရသည်။
ပေကျင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ ဥပဒေကျွမ်းကျင်ပညာရှင်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၌ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် အလေးအနက်ထား ပြောကြားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးအကြံပေး Ajit Dovalတို့သည် တရုတ်-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ရေးရာ အထူးကိုယ်စားလှယ်များအဖြစ် ဇူလိုင် ၅ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှင်းထိုင် ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ) အသက် ၃၉ နှစ် အရွယ်ရှိသူ ချန်ဆောက်ဟွေး(Chen Shaohui)သည် ပျားမွေးမြူရေးလုပ်ငန်းကို အသက် ၁၆ နှစ် အရွယ်တွင် စတင်ထိတွေ့လုပ်ကိုင်ခဲ့ပြီး ယခုအခါတွင် နာမည်ကြီး ပျားမွေးမြူရေး ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာခဲ့သည်။