Connect with us

China

စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာစားသုံးသူထုတ်ကုန်ပြပွဲကို အကြီးကျယ်ဆုံးပြပွဲအဖြစ် ပြင်ဆင်လျက်ရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ခိုတွင် တတိယအကြိမ် တရုတ် နိုင်ငံတကာစားသုံးသူကုန်စည်ပြပွဲ (CICPE) တွင် အဖျော်ယမကာထုတ်ကုန်ကို ဓာတ်ပုံရိုက်နေသူတစ်ဦးကို ၂၀၂၃ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ် မြို့တော် ဟိုင်ခိုတွင် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာစားသုံးသူထုတ်ကုန်ပြပွဲကို ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိ ကျင်းပရန်စီစဉ်ထားပြီး ပြပွဲဧရိယာအား ၁၂၈,၀၀၀ စတုရန်းမီတာအထိ တိုးချဲ့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲတွင် နိုင်ငံနှင့် ဒေသ ၅၉ ခုမှ အမှတ်တံဆိပ် ၃,၀၀၀ ကျော် ပါဝင်ပြသမည်ဖြစ်ကာ ဟိုင်နန်ပြည်နယ်၏ ဗီဇာကင်းလွတ်ခွင့်မူဝါဒက ထိုနိုင်ငံနှင့် ဒေသများအပေါ် အဆင်ပြေချောမွေ့စေခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sheng Qiuping က မတ် ၂၇ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည်။
၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း တရုတ်နိုင်ငံ၏ စားသုံးသူကုန်စည် လက်လီရောင်းချမှုများမှာ ယမန်နှစ် အလားတူကာလထက် ၅.၅ ရာခိုင်နှုန်း မြင့်တက်လာကာ ယွမ် ၈.၁၃ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၁.၁၅ ထရီလီယံခန့်) ရရှိခဲ့ကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံ၏ စားသုံးသူဈေးကွက် ကြံ့ကြံ့ခံမှုနှင့် တက်ကြွမှုကို ထုတ်ဖော်ပြသခြင်းလည်းဖြစ်ကြောင်း Sheng ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

……………………………………..
(English Version)
4th China International Consumer Products Expo set for biggest show
BEIJING, March 28 (Xinhua) — The fourth China International Consumer Products Expo, scheduled from April 13 to 18 in Haikou, the capital of south China’s Hainan Province, will boast a sprawling floor area of 128,000 square meters, surpassing its previous editions.
The expo will feature more than 3,000 brands from 59 countries and regions, facilitated by Hainan’s visa-free entry policy for these nations and regions, Vice Minister of Commerce Sheng Qiuping told a press conference on Wednesday.
China’s retail sales of consumer goods, a major indicator of consumption strength, climbed 5.5 percent year on year in the first two months of 2024 to 8.13 trillion yuan (about 1.15 trillion U.S. dollars), revealing the resilience and vitality of the country’s consumer market, according to Sheng.
Photo: A visitor takes photos of a beverage product at the third China International Consumer Products Expo (CICPE) in Haikou, capital city of south China’s Hainan Province, April 11, 2023. (Xinhua/Yang Guanyu)