ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါ တိုက်ဖျက်ရေး ပံ့ပိုးရန် နိုင်ငံနှင့် ဒေသ ၂၀၀ ကျော်ထံ COVID-19 ကာကွယ်ဆေး သန်း ၆၀၀ ကျော် ပံ့ပိုးပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ဇူလိုင် ၂၂...
ပေကျင်း၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) ဇူလိုင် ၂၁ ရက်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အမြဲတမ်းအစည်းအဝေးတွင် ရေဘေးအန္တရာယ် ကာကွယ်ရေးနှင့်ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အလျင်အမြန် ထိထိရောက်ရောက် စီမံခန့်ဆောင်ရွက်ခဲ့သလို ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ဦးထိပ်ထားဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးမှုများကြောင့် ကြီးမားစွာ ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အရေးပေါ် ကယ်ဆယ်ရေး နှင့် ဆေးဘက်ဆိုင်ရာ တုံ့ပြန်မှုရေး အားဖြည့်ပေးရန် အလုပ်အဖွဲ့တစ်ဖွဲ့ကို တရုတ်နိုင်ငံ အမျိုးသားကျန်းမာရေးကော်မရှင်က စေလွှတ်ခဲ့ကြောင်း သိရသည်။
ချုံချင့်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) တရုတ်-စင်ကာပူ ကုန်း-ရေ ကုန်သွယ်ရေးစင်္ကြံသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၆ ခုရှိ ဆိပ်ကမ်း ၃၀၄ ခုနှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း၊ ပိုးလမ်းမ စီးပွားရေးလမ်းကြောင်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမတို့နှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်ထားကြောင်း သိရသည်။
ထျန်းကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ) Airbus ကုမ္ပဏီက တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့ရှိ ကျယ်ပြန့်သောကိုယ်ထည် တပ်ဆင်ခြင်းနှင့် လွှဲပြောင်းခြင်းစင်တာ၌ A350 လေယာဉ်စီမံကိန်းအား ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းစီမံကိန်းမှာ ဥရောပလေယာဉ်တည်ဆောက်ရေး ကုမ္ပဏီအနေဖြင့် ဥရောပတိုက် ပြင်ပတွင် A350 ကဲ့သို့စီမံကိန်းအား ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း...
ပေကျင်း ၊ ဇူလိုင် ၂၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါသည် “ဓာတ်ခွဲခန်းမှလွတ်ထွက်လာခြင်း” ဟူသည့် အယူအဆကို တရုတ်နိုင်ငံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဇူလိုင် ၂၁ ရက်တွင် နောက်တစ်ကြိမ်ထပ်မံပယ်ချလိုက်ပြီး ယင်းမှာ အခြေအမြစ်မရှိသော အလိမ်အညာဇာတ်လမ်း တစ်ခုသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျိန့်ကျိုး၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ကျိန့်ကျိုးမြို့တွင် စံချိန်တင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ လမ်းခရီးနှောင့်နှေးမှုများနှင့် လျှပ်စစ်မီး ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇူလိုင် ၂၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ ရှန်ဟိုင်းနက္ခတ္တဗေဒပြတိုက်တွင် တရုတ်အာကာသစခန်းပင်မခန်း Tianhe၏ပုံစံငယ်အား ပြသထားသည်။
နန်နင်း ၊ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Guangxi ရှေးပြေးလွတ်လပ်သောကုန်သွယ်ရေးဇုန်(FTZ) သည် တရုတ်ယွမ် ၁၃.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂ ဘီလီယံ) တန်ဖိုးရှိသော စုစုပေါင်း နှစ်ဖက်သဘောတူညီချက် ရင်းနှီးမြှုပ်နှံမှုပမာဏ နှင့်အတူ စုစုပေါင်း စီမံကိန်း ၁၇...
ရှီးချန်း ၊ ဇူလိုင် ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ရှီးချန်းဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ အဝေးထိန်းအာရုံခံစနစ်သုံးဂြိုဟ်တုအုပ်စု တစ်ခုကို ဇူလိုင် ၁၉ ရက် ပေကျင်းစံတော်ချိန် နံနက် ၈ နာရီ ၁၉ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ကြောင်း သိရသည်။