Connect with us

China

တရုတ်နိုင်ငံက ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် တွန်းအားပေးရာတွင် ထူးခြားသော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်နေမည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

ပေကျင်း၊ မတ် ၁ ရက် (ဆင်ဟွာ)

ယူကရိန်းအကျပ်အတည်း အရှိန်မြင့်လာသည်မှာ အချိန်နှစ်နှစ်ကျော် ရှိလာရာ စစ်ပွဲသည် ဆက်လက် ကြာမြင့်လျက် ရှိပြီး လက်ရှိ အရေးကြီးဆုံးမှာ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရန် ဖြစ်သည် ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်တွန်းအားပေးရာတွင် တရုတ်နိုင်ငံသည် ထူးခြားသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ပြီး အမြော်အမြင်ရှိစွာ ပံ့ပိုးကူညီပေးမည်ဖြစ်သည်။
တရုတ်အစိုးရ၏ ယူရေးရှားရေးရာ အထူးကိုယ်စားလှယ် Li Hui သည် မတ်လ ၂ ရက်မှ စတင်ကာ ရုရှား၊ ဥရောပသမဂ္ဂဌာနချုပ်၊ ပိုလန်၊ ယူကရိန်း၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်ပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာ‌ရေးတွန်းအားပေးရန် ဒုတိယအကြိမ်မြောက် သံခင်းတမန်ခင်းလှုပ်ရှားမှုများလုပ်ဆောင်မည်ဖြစ်သည်ဟု အဆိုပါနေ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် မော်နင် က ပြောကြားခဲ့သည်။

ယူကရိန်းအကျပ်အတည်း ကြီးထွားလာသည်မှာ နှစ်နှစ်ရှိလာရာ စစ်ပွဲသည် ဆက်လက် ကြာမြင့်လျက် ရှိပြီး လက်ရှိ အရေးကြီးဆုံးမှာ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရန် ဖြစ်ကြောင်း၊ စေ့စပ်ညှိနှိုင်းမှုတစ်ရက် စောပြီးစတင်ခြင်းသည် ဆုံးရှုံးမှုတစ်ခုပို လျော့နည်းစေမည်ဖြစ်ကြောင်း သတင်းထောက်များ၏မေးခွန်းများကိုဖြေကြားရာတွင် မော်နင်က အလေးအနက် ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့သလို တွေ့ဆုံဆွေးနွေးရေးကိုလည်း မည်သည့်အခါမျှ မရပ်တန့်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ရုရှားနှင့် ယူကရိန်းအပါအဝင် နိုင်ငံအသီးသီးနှင့် နက်ရှိုင်းသော ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး အကျပ်အတည်းကို တုံ့ပြန်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံသည် 《ယူကရိန်းအကျပ်အတည်း နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရေးအပေါ် တရုတ်နိုင်ငံ၏ရပ်တည်ချက်》စာတမ်းကို အထူးထုတ်ပြန်ခဲ့ပြီး ကြားဝင်စေ့စပ်ရန် အထူးသံတမန်များ စေလွှတ်ခဲ့သည်။

“တရုတ်က လက်ပိုက်ကြည့်မနေခဲ့ပါဘူး။ ပြဿနာကို မီးမွှေးမရှာခဲ့သလို အဲ့ဒီကနေလည်း အကျိုးအမြတ်ထုတ်တာတွေ မလုပ်ခဲ့ပါဘူး။ မိမိတို့လုပ်ဆောင်သမျှဟာ စစ်ပွဲကိုရပ်တန့်ဖို့၊ သဘောတူညီမှုတည်ဆောက်ဖို့နဲ့ စေ့စပ်ညှိနှိုင်းရေး တံတားခင်းပေးဖို့ဆိုတဲ့ ရည်မှန်းချက်တစ်ခုဆီသို့ ဦးတည်နေတာဖြစ်တယ်။ မိမိတို့အနေနဲ့ ထူးခြားတဲ့အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်မှာဖြစ်ပြီး သံခင်းတမန်ခင်းလှုပ်ရှားမှုများမှာ ပါဝင်ဆောင်ရွက်ကာ နိုင်ငံအားလုံးကြား သဘောတူညီမှုကို စုစည်းပြီး ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်တွန်းအားပေးရာတွင် တရုတ်နိုင်ငံက အမြော်အမြင်ရှိရှိ ဆက်လက်ပံ့ပိုးပေးမှာဖြစ်ပါတယ်” ဟု မော်နင်က ပြောခဲ့သည်။ (Xinhua)

…………………………….
(Chinese Version)
外交部:中方将继续为推动政治解决乌克兰危机发挥独特作用
新华社北京2月28日电(记者董雪)外交部发言人毛宁28日表示,乌克兰危机全面升级已满两年,战事仍在持续延宕,当前最紧迫的就是恢复和平。中方将继续发挥自身独特作用,为推动政治解决乌克兰危机贡献中国智慧。
当日例行记者会上,毛宁宣布:中国政府欧亚事务特别代表李辉将于3月2日起访问俄罗斯、欧盟总部、波兰、乌克兰、德国和法国,就推动政治解决乌克兰危机开展第二轮穿梭外交。
毛宁在回答记者相关提问时表示,乌克兰危机全面升级已满两年,战事仍在持续延宕,当前最紧迫的就是恢复和平。“早一天开启和谈,损失就会减少一分。”
她表示,过去两年来,中方从未放弃劝和的努力,从未停下促谈的脚步。中方同包括俄罗斯、乌克兰在内各国深入沟通,为应对危机发挥建设性作用。中方专门发布《关于政治解决乌克兰危机的中国立场》文件,派特使穿梭斡旋。
“中方没有袖手旁观,没有拱火浇油,更没有从中渔利。我们所做的一切,都通往一个目标,就是为止战凝聚共识,为和谈铺路搭桥。我们将继续发挥自身独特作用,开展穿梭外交,凝聚各方共识,为推动政治解决乌克兰危机贡献中国智慧。”毛宁说。(完)