ပေကျင်း ၊ ဒီဇင်ဘာ ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP) ၏ ၅၁ဒသမ၃ ရာခိုင်နှုန်းကျော်သည် ၂၀၂၃ ခုနှစ်တွင် ဒီဂျစ်တယ်နည်းပညာနှင့်ဆက်စပ်လာမည်ဖြစ်ကြောင်း ၊ အကြောင်းမှာ နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ်နည်းပညာကို အဆင့်မြှင့်တင် အသုံးပြုလာကြ၍ ဖြစ်ကြောင်း နိုင်ငံတကာအချက်အလက်ညွှန်းကိန်းအဖွဲ့(IDC) က ဟောကိန်းထုတ်ခဲ့သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ် အမျိုးသမီးများ အတွက် လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ပြီးခဲ့သည့်နှစ်တွင် ပိုမို တိုးတက် ကောင်းမွန် လာကြောင်း တရားဝင် စာရင်းဇယားများ အရ သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံအချို့ လူ့အခွင့်အရေးချိုးဖောက်မှုကို စိုးရိမ်တုန်လှုပ်ပူပန်မိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းရင်က ဒီဇင်ဘာ ၉ ရက် ကပြောကြားခဲ့ကြောင်း သိရသည်။
နန်ချန်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ အရှေ့ပိုင်း ကျန်းရှီး ပြည်နယ်၌ သက်တမ်း နှစ်ပေါင်း ၁,၄၀၀ ရှိ ရှေးဟောင်း သင်္ချိုင်းဂူ ၇၃ လုံးကို ရှေးဟောင်းသုတေသန ပညာရှင်များက တူးဖော် တွေ့ရှိခဲ့ကြောင်း ဒေသတွင်း ယဉ်ကျေးမှု အမွေအနှစ် နှင့်...
ပေကျင်း ၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ပြင်းထန်စွာကန့်ကွက်နေသည့် “ ဝေဂါလူ့အခွင့်အရေးမူဝါဒအက်ဥပဒေ ၂၀၁၉” ဟူ၍ အမည်ပေးထားသော ဥပဒေတစ်ရပ်ကို အမေရိကန်အောက်လွှတ်တော်က အတည်ပြုပြဌာန်းလိုက်ခြင်းအပေါ် ကမ္ဘာ့နိုင်ငံများ နှင့် ကျွမ်းကျင်ပညာရှင်များစွာက ဆန့်ကျင်ရှုတ်ချလိုက်သည်။
ကူမင်း၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံမှလာသော မွေးရာပါ နှလုံးရောဂါဝေဒနာရှင်ကလေး ၈ ဦးနှင့်၎င်းတို့၏ မိသားစုဝင်များသည် ဒီဇင်ဘာ ၄ ရက် ညပိုင်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ဖူဝိုက် နှလုံးသွေးကြောရောဂါအထူးကုဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်း ကုန်သွယ်မှုသည် ယခုနှစ် ပထမ ၁၀ လတာအတွင်း စုစုပေါင်း ယွမ် ၄ ဒသမ ၄၄ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၂၉ ဒသမ ၈ ဘီလီယံခန့်) ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက်...
ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဝမ်ချီစန်းသည် တရုတ်-ရုရှား ပြည်သူအချင်းချင်း ဖလှယ်မှုများ မြှင့်တင်ရန်နှင့် ခေတ်သစ်အတွက် တရုတ်-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဆိုင်ရာ ခိုင်မာသောအုတ်မြစ်တစ်ခု ချမှတ်ရန် ဒီဇင်ဘာ ၅ ရက်က တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။
ချုံချင့်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုအတွင်း နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ဒေသရှိ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်သော Dazu ကျောက်သားပန်းပုလက်ရာများကို ထိန်းသိမ်းထားလျက်ရှိကြောင်း ဒီဇင်ဘာ ၄ ရက်တွင် ပြုလုပ်သော နိုင်ငံတကာစာတမ်းဖတ်ပွဲတစ်ခုအရ သိရသည်။
ရှန်ဟိုင်း၊ ဒီဇင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ၊ ပြည်ပရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ(Yang Jiechi)သည် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrushevနှင့်အတူ ဒီဇင်ဘာ ၄ ရက်က ရှန်ဟိုင်းမြို့တွင် ကျင်းပသော တရုတ်-ရုရှား ၁၅ ကြိမ်မြောက် မဟာဗျူဟာမြောက်လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲကို...