ရှန်ဟိုင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ဆွန်ယက်ဆင်တက္ကသိုလ် (Sun Yat-sen University) ဟုအမည်ပေးထားသော တရုတ်နိုင်ငံ၏ အကြီးဆုံး သမုဒ္ဒရာဆိုင်ရာသုတေသနနှင့် လေ့ကျင့်ရေးသင်္ဘောသည် ရှန်ဟိုင်းမြို့တွင် ဩဂုတ် ၂၈ ရက်က ရေချခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
နယူးယောက်၊သြဂုတ် ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ပြည်တွင်း လေကြောင်း ခရီးသွားလာမှုအခြေအနေသည် COVID-19 ကပ်ရောဂါကနေ အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း သြဂုတ် ၂၆ ရက်က ထုတ်ပြန်သည့် ForwardKeys ၏ အချက်အလက်များအရ သိရသည်။
ဟောင်ကောင်၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ) ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) တွင် COVID-19 စောင့်ကြည့်မှုအတွက် နှာခေါင်း၊အာခေါင်တို့ဖတ် စုဆောင်းရာနေရာ ၁၄၁ ခုကို ထားရှိသွားမည်ဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှစတင်မည့် လူအများအပြား ရောဂါစမ်းသပ်ရေးအစီအစဉ်အတွက် အသုံးပြုသွားမည်ဟု HKSAR အစိုးရက ဩဂုတ် ၂၈...
ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ထျန်းဝန်-၁ (Tianwen-1) သည် ဩဂုတ် ၂၈ ရက် နံနက် ၁၀:၀၈ နာရီအထိ ခရီး ကီလိုမီတာ သန်း ၁၀၀ ခန့်သို့ ရောက်ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန...
ဝူဟန့်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ မျိုးဆက်သစ် အပျော်စီးလေယာဉ်ငယ် Lingyan AG50 သည် ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ဟူပေပြည်နယ်တွင် ပွဲဦးထွက်ပျံသန်းမှု အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း လေယာဉ်တည်ဆောက်သူ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်းက ပြောခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဆေးသိပ္ပံအကယ်ဒမီက ပြည်တွင်းဆေးရုံ ၁,၆၀၀ ကျော်နှင့် ဆေးကောလိပ် ၁၀၀ ကျော်တို့၏ ၂၀၁၉ ခုနှစ်အတွင်း သိပ္ပံပညာရပ်ဆိုင်ရာနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်နိုင်မှုပေါ် မူတည်၍ သတ်မှတ်ချက်အဆင့်စာရင်းများ ထုတ်ပြန်လိုက်ကြောင်း သိရသည်။
မော်စကို၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) သည် ၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာအားကစားပွဲတွင် ပါဝင်ပြသရန် အဖွဲ့ခြောက်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂၆၀ ကျော် စေလွှတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဩဂုတ် ၂၆ ရက်(ဆင်ဟွာ) COVID-19 ကပ်ရောဂါ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲကျော်လွှားနိုင်ရန် တတိယအကြိမ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု(LMC) ခေါင်းဆောင်များ၏ အစည်းအဝေးတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ညီညွတ်စွာဆောင်ရွက်သွားကြရန် တရုတ်နိုင်ငံက အဆိုပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ) တတိယအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအတွက် မြန်မာနိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ Huawei ကုမ္ပဏီက အမေရိကန် ဒေါ်လာ ၄,၀၀၀ တန်ဖိုးရှိ ဗီဒီယို ကွန်ဖရန့်စနစ် နှင့် နည်းပညာ ဝန်ဆောင်မှု (၃) စုံ...
ပေကျင်း၊ ဩဂုတ် ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်နှင့် တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ ခေါင်းဆောင် လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ် Robert Lighthizer နှင့် ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့...