ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်အမျိုးသားအာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ထျန်းဝန်-၁ အာကာသယာဉ်က ရိုက်ကူးထားသော ဓာတ်ပုံအသစ်တစ်ပုံကို ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ဓာတ်ပုံတွင် ဂြိုဟ်နီကြီး၏ မျက်နှာပြင်ပေါ်သို့ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်နှင့် ဂြိုဟ်ပေါ်ဆင်းသက်သည့် ပလက်ဖောင်းကို ပြသထားကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၈ ရက်(ဆင်ဟွာ) ရုရှားအာကာသအေဂျင်စီကို ဦးတည်သည့် ပိတ်ဆို့မှုများကို အမေရိကန်က မဖျက်သိမ်းလျှင် ၂၀၂၅ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းမှ ရုရှား နုတ်ထွက်မည်ဖြစ်ပြီး ကိုယ်ပိုင်အာကာသစခန်းတည်ဆောက်မည်ဖြစ်ကြောင်း ရုရှားအာကာသစူးစမ်းလေ့လာရေးဌာန၏ တာဝန်ခံက ဇွန် ၇ ရက်တွင် ပြောကြားခဲ့သည်။
ချုံချင့် ၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ် နိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေး ကို ဇွန်လ ၇ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်၌ ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ နှင့်...
ဟန်ကျိုး ၊ ဇွန် ၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျင်းဟွာမြို့နှင့် ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့တို့အား ချိတ်ဆက်ထားသော တရုတ်-ဥရောပ ကုန်တင်ရထား လမ်းကြောင်းသစ်အား ဇွန် ၇ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကာကွယ်ဆေးထုတ်လုပ်သူများအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရေး ပံ့ပိုးပေးလျက်ရှိကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ Mao Junfeng က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေး ၂၁ မျိုးသည် လက်တွေ့စမ်းသပ်မှုအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင် (NHC)၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။
ချုံချင့် ၊ ဇွန် ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် “တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာစာတမ်း” (DOC) အကောင်အထည်ဖော်ရေး ၁၉ ကြိမ်မြောက် အဆင့်မြင့်အရာရှိ အစည်းအဝေး ကို ဇွန်လ ၇ ရက်တွင် တရုတ်နိုင်ငံ...
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ဇွန် ၇ ရက် ယနေ့တွင် စတင်ကျင်းပမည့် တရုတ်နိုင်ငံ၏ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် နိုင်ငံတစ်ဝှမ်းရှိ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၀.၇၈ သန်း ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာကြီးအနေဖြင့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် 6G အား စီးပွားဖြစ်အသုံးပြုနိုင်ရန် မြင်တွေ့နိုင်မည်ဟု ခန့်မှန်းထားကြောင်း ဇွန် ၆ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။
ကူမင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကောင်ရေ ၁၅ ကောင်ရှိသော အာရှတောဆင်ရိုင်းအုပ်စုသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့ပြင်ပတွင် လှည့်လည်သွားလာနေဆဲဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ဇွန် ၆ ရက်၌ ပြောကြားခဲ့သည်။