Connect with us

China

မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူတွင် ခရီးသွားများအတွက် အရေးပေါ် လမ်းကြောင်းသစ် ထပ်မံဖွင့်လှစ်

တရုတ်နိုင်ငံ မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူသို့ လာရောက်လည်ပတ်ကြသော ခရီးသွားများအား ၂၀၂၃ ခုနှစ် ဇူလိုင် ၃၀ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထျန်းရွှေ၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)
နွေရာသီ အားလပ်ရက် ကာလတွင် တရုတ်နိုင်ငံ ကန်းစုပြည်နယ် ထျန်းရွှေမြို့ မိုက်ကျီးခရိုင်ရှိ မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူတွင် ခရီးသွားများဖြင့် စည်ကားခဲ့သည်။

ခရီးသွားများနှင့် ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများ၏ လုံခြုံရေးအတွက် မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူ အနုပညာ သုတေသနဌာနက ခရီးသွားလမ်းကြောင်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ရာတွင် မတ်စောက်သည့် အရေးပေါ် အမှတ်(၁)လမ်းကြောင်းနှင့် ပြေပြစ်သည့် အရေးပေါ် အမှတ်(၂) လမ်းကြောင်း ၂ ခုကို ခရီးသွားများ ပို၍ကောင်းမွန်စွာ လည်ပတ်ခံစားကြည့်ရှုနိုင်ရန် ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၂၅ ရက် အတွင်း ဖွင့်လှစ်ခဲ့သည်။

မိုက်ကျီးဆန်းတောင် ကျောက်လိုဏ်ဂူသည် “တရုတ်နိုင်ငံ၏ ကျောက်လိုဏ်ဂူကြီး ၄ ခု”တွင် တစ်ခုအပါအဝင်ဖြစ်ရာ ဂျုံကောက်ရိုးပုံနှင့်တူသောကြောင့် “မိုက်ကျီး”(ဂျုံကောက်ရိုးပုံ)ဟု အမည်တွင်ခြင်း ဖြစ်သည်။ ယင်းနေရာသည် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော “ပိုးလမ်းမရှိ ချန်အန်း-ထျန်းဆန်းစင်္ကြံလမ်းကွန်ရက်”၏ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုလည်း ဖြစ်သည်။ (Xinhua)

……………………………
(Chinese Version)
麦积山石窟开启应急参观线路提升游客体验
进入暑期,地处甘肃省天水市麦积区的麦积山石窟迎来旅游高峰。为保障游客与文物安全,麦积山石窟艺术研究所优化参观路线,从7月29日起至8月25日间开启路线陡峭的应急1号线和路线平缓的应急2号线两条参观线路供游客选择,以此提升游客体验。麦积山石窟是“中国四大石窟”之一,因其形似麦垛而得名,也是世界文化遗产“丝绸之路:长安-天山廊道的路网”的遗产点之一。
1. 7月30日,游客在麦积山石窟参观游览。新华社记者 范培珅 摄