ပြုံယမ်း ၊ မေ ၃၁ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန၏ မေ ၃၁ ရက်၌ ထုတ်ပြန်ခဲ့သည့် သတင်းဆောင်းပါးတွင် တောင်ကိုရီးယားနိုင်ငံ၏ ဒုံးကျည် တီထွင်ထုတ်လုပ်ခြင်း နှင့် အသုံးပြုခြင်း ကန့်သတ်ချက်များကို အမေရိကန်နိုင်ငံက ပယ်ဖျက်ပေးလိုက်သည့်အပေါ် ပြစ်တင်ဝေဖန်လိုက်ပြီး တောင်ကိုရီးယားနိုင်ငံ ပိုင်ဆိုင်ခွင့်ရမည့် ဒုံးကျည်ထိပ်ဖူး အလေးချိန်...
ပေကျင်း ၊ မေ ၃၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက ကလေးသုံးယောက် ရယူလိုသော စုံတွဲများအား ထောက်ပံ့သွားမည်ဟု ယနေ့ မေ ၃၁ ရက်တွင် ပြုလုပ်သော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အစည်းအဝေးမှ သိရသည်။
ဟောင်ကောင် ၊ မေ ၃၁ ရက်(ဆင်ဟွာ) ဟောင်ကောင်ဒေသ၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကာကွယ်ဆေး ထိုးနှံမှု စတင်ချိန်မှစ၍ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် ဒေသရှိ နေထိုင်သူ ၁ သန်းအား ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးထားပြီး ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ မေ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်တွင် မောင်းသူမဲ့ကား၏ လုံခြုံရေးစမ်းသပ်မောင်းနှင်မှု ခရီးမိုင်ပေါင်း ကီလိုမီတာ ၃ သန်းကျော်အထိ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပေကျင်းမြို့၌ မောင်းသူမဲ့မော်တော်ယာဉ် စမ်းသပ်မောင်းနှင်မှုလမ်းကြောင်း ၂၂၆ ခုရှိပြီး စုစုပေါင်း ၇၅၂.၄ ကီလိုမီတာခန့်ရှိလာပြီဖြစ်ကြောင်း Beijing Innovation...
ကိုလံဘို ၊ မေ ၂၇ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ၌ COVID-19 ရောဂါဆိုးရွားစွာခံစားနေရချိန်တွင် တရုတ်နိုင်ငံ အစိုးရမှ ကူညီထောက်ပံ့ပေးသည့် ကာကွယ်ဆေးများသည် မေ ၂၅ ရက်ညပိုင်းက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ Bandaranaike နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
ပေကျင်း ၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်-အမေရိကန် ဘက်စုံစီးပွားရေးညှိနှိုင်းဆွေးနွေးမှုဆိုင်ရာ တရုတ်နိုင်ငံ ခေါင်းဆောင် ၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးပေါ်လစ်ဗျူရို အဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ် လျူဟဲသည် အမေရိကန်နိုင်ငံ ကုန်သွယ်ရေး ကိုယ်စားလှယ် Katherine Tai နှင့် ယနေ့ မေ...
ကွေ့ယန် ၊ မေ ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် 5G ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်မှုကို ရရှိခဲ့ပြီး ယခုအထိ 5G အခြေစိုက်စခန်း စုစုပေါင်း ၈၁၉,၀၀၀ တည်ဆောက်ထားကာ ကမ္ဘာ့စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော် ရှိကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက မေ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မေ ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက လာမည့်နှစ်အတွင်း ပြည်တွင်းလေကြောင်းလိုင်းများတွင် တစ်ခါသုံး ပလတ်စတစ်ထုပ်ပိုးအိတ်များ၊ ပန်းကန်ခွက်ယောက်များနှင့် ပိုက်များ အသုံးပြုခြင်းကို တားမြစ်သွားမည်ဖြစ်ကြောင်း တရုတ် မြို့ပြလေကြောင်း စီမံခန့်ခွဲမှုဦးစီးဌာနက မေ ၂၆ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း ၊ မေ ၂၆ ရက်(ဆင်ဟွာ) ပေကျင်းမြို့ရှိ သတ်မှတ်ထားသော အဓိကလမ်းများပေါ်တွင် မောင်းသူမဲ့ပို့ဆောင်ရေးယာဉ်များ မောင်းနှင်သွားလာရန် ကုမ္ပဏီသုံးခုအား မေ ၂၅ ရက်တွင် ခွင့်ပြုချက်ပေးခဲ့ကြောင်း ၊ ထိုကဲ့သို့ ခွင့်ပြုလိုက်ခြင်းက တရုတ်နိုင်ငံ၏ မြို့တော်၌ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
ကွမ်ကျိုး၊ မေ ၂၆ ရက် (ဆင်ဟွာ) ကွမ်တုံ-ဟောင်ကောင်-မကာအို Greater Bay Area မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ ပထမဆုံး ကုန်တင်ရထားဝန်ဆောင်မှုလမ်းကြောင်းကို မေ ၂၅ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။