Connect with us

China

ဝမ်ရိက BRICS အစည်းအဝေး တက်ရောက်၍ နိုင်ဂျီးရီးယား၊ ကင်ညာ၊ တောင်အာဖရိက၊ တူရကီ နိုင်ငံများသို့ သွားရောက်လည်ပတ်မည်

ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဗဟို နိုင်ငံခြားရေးကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိသည် တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘတ်မြို့တွင် ဇူလိုင် ၂၄ ရက်မှ ၂၅ ရက်အထိ ပြုလုပ်မည့် ၁၃ ကြိမ်မြောက် BRICS အမျိုးသားလုံခြုံရေးအကြံပေးများနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်းနှင့် အစည်းအဝေးမတိုင်မီနှင့် အစည်းအဝေးပြီးနောက် နိုင်ဂျီးရီးယား၊ ကင်ညာ၊ တောင်အာဖရိကနှင့် တူရကီ နိုင်ငံများသို့ သွားရောက်လည်ပတ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၉ ရက်၌ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်းဖြစ်သူ ဝမ်အား တောင်အာဖရိကနိုင်ငံ သမ္မတရုံးဝန်ကြီး Khumbudzo Ntshavheni ၊ နိုင်ဂျီးရီးယား၊ ကင်ညာ၊ တောင်အာဖရိကနှင့် တူရကီ စသည့်နိုင်ငံများ၏ အစိုးရများက ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ မော်နင်က ထုတ်ပြန်ချက်၌ ပြောခဲ့သည်။

BRICS အမျိုးသားလုံခြုံရေးအကြံပေးများနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ အစည်းအဝေးသည် BRICS အဖွဲ့ဝင်နိုင်ငံများက နိုင်ငံရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရန် အရေးပါသော ပလက်ဖောင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစည်းအဝေးတွင် BRICS မိတ်ဖက်နိုင်ငံများနှင့်အတူ လက်ရှိ နိုင်ငံတကာ လုံခြုံရေးအခြေအနေနှင့် အပြန်အလှန် အကျိုးစီးပွားကိစ္စရပ်များအား နက်ရှိုင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်၊ သဘောတူညီချက် တည်ဆောက်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းမှုရှိရန် မျှော်လင့်ကြောင်း၊ သို့မှသာ ယခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် BRICS ထိပ်သီးအစည်းအဝေးအတွက် နိုင်ငံရေးပြင်ဆင်မှု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မော်က ဆိုသည်။

ဝမ်သည် BRICS အစည်းအဝေးတက်ရောက်ခြင်းအပြင် နိုင်ဂျီးရီးယား၊ ကင်ညာ၊ တောင်အာဖရိကနှင့် တူရကီ နိုင်ငံများသို့လည်း ခရီးပြုမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Wang Yi to attend BRICS meeting, visit Nigeria, Kenya, South Africa, Türkiye
BEIJING, July 19 (Xinhua) — Wang Yi, director of the Office of the Central Commission for Foreign Affairs, will attend the 13th Meeting of BRICS National Security Advisers and High Representatives on National Security in Johannesburg, South Africa from July 24 to 25, and visit Nigeria, Kenya, South Africa and Türkiye before and after the meeting, a Chinese Foreign Ministry spokesperson announced on Wednesday.
Wang, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, was invited by Minister in the Presidency Khumbudzo Ntshavheni of South Africa and the governments of Nigeria, Kenya, South Africa and Türkiye, spokesperson Mao Ning said in a statement.
Noting that the Meeting of BRICS National Security Advisers and High Representatives on National Security is an important platform for BRICS countries to carry out political and security cooperation, Mao said China looks forward to having in-depth exchanges of views with BRICS partners on the current international security situation and issues of mutual interest at the meeting, building up consensus and deepening cooperation, so as to make political preparation for the BRICS Summit to be held in August this year.
Apart from attending the BRICS meeting, Wang will be visiting Nigeria, Kenya, South Africa and Türkiye on this trip.
Photo: Chinese State Councilor and Foreign Minister Wang Yi attends a press conference on China’s foreign policy and foreign relations via video link on the sidelines of the fourth session of the 13th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 7, 2021. (Xinhua/Chen Yehua

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.