ရှီးအန်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် Jingbian ကောင်တီရှိ မောင်းသူမဲ့လေယာဉ်များ (ဒရုန်း)အတွက် ပထမဆုံး ပညာရပ်ဆိုင်ရာစမ်းသပ်မှု အခြေစိုက်စခန်းသည်လုပ်ငန်းတာဝန်များ စတင်ထမ်းဆောင်နေပြီဖြစ်ကာ နိုင်ငံ၏ UAV လုပ်ငန်းကွင်းဆက်၌ လစ်ဟာမှုကို ဖြည့်တင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ စက်တင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်နှင့်အတူ တယ်လီဖုန်းဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေး၊ နှစ်ဖက်အလေးထားဂရုပြုကြသည့် သက်ဆိုင်ရာအရေးကိစ္စများကို ပွင့်လင်း၊နက်ရှိုင်းစွာဖြင့် မဟာဗျူဟာမြောက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ပေကျင်း၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုထိပ်သီးအစည်းအဝေးသို့ စက်တင်ဘာ ၁၀ ရက်က ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။
ပေကျင်း ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်သော ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို ဗီဒီယိုလင့်မှတစ်ဆင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး BRICS လက်တွေ့ကျသောပူးပေါင်းဆောင်ရွက်မှုအတွက် အဆိုပြုချက် ၅ ရပ်ကို တင်သွင်းခဲ့ကြောင်း သိရသည်။
နန်နင်း၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ) ညခင်းပိုင်းရောက်လျှင် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းရှိ ချင်းကျိုးရထားကွန်တိန်နာဗဟိုဆိပ်ကမ်းတွင် နေ့ခင်းပိုင်းကဲ့သို့ ပျားပန်းခတ်စည်ကားအလုပ်များနေဆဲဖြစ်သည်။
ပေကျင်း၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက အာဖဂန်ပြည်သူများ၏ လိုအပ်ချက်များအရ ယွမ် သန်း ၂၀၀ (အမေရိကန်ဒေါ်လာ ၃၀.၉၆ သန်း) တန်ဖိုးရှိသော ပြောင်းဆံများ၊ ဆောင်းတွင်းသုံး အထောက်အကူပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ဆေးဝါးများအား အာဖဂန်နစ္စတန်နိုင်ငံထံ အရေးပေါ်ပံ့ပိုးကူညီရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) လာဘ်ပေးလာဘ်ယူမှုတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် လာဘ်ပေးလာဘ်ယူပြု လုပ်သူများအတွက် အ မည်ပျက်စာရင်းတစ်ခုကို တရုတ်အာဏာပိုင်များက အစပျိုးလိမ့်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်တစ်ခုအရ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ၏ ဖိန်ကြားချက်အရ စက်တင်ဘာ ၉ ရက်တွင် ပြုလုပ်မည့် ၁၃ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က စက်တင်ဘာ...
နန်နင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) နဝမအကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာလွှဲပြောင်းရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ တီထွင်ဆန်းသစ်မှုဖိုရမ်အား တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် နန်နင်းတွင် စက်တင်ဘာ ၉ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက စက်တင်ဘာ ၆ ရက်တွင်...