Connect with us

China

တရုတ်နိုင်ငံက အရွယ်မရောက်သေးသူများအား အန္တရာယ်ဖြစ်စေမည့် အွန်လိုင်းလှုပ်ရှားမှုများနှိမ်နင်းမည်

ပေကျင်း၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဆိုက်ဘာပြစ်မှုဆိုင်ရာကြီးကြပ်ရေးက နွေရာသီအားလပ်ရက်များ ရောက်ရှိလာပြီဖြစ်သဖြင့် အွန်လိုင်းအနိုင်ကျင့်မှုများနှင့် လိမ်လည်မှုများ အပါအဝင် အရွယ်မရောက်သေးသူများအား အန္တရာယ်ဖြစ်စေမည့် အွန်လိုင်းလှုပ်ရှားမှုများကို ကိုင်တွယ်နှိမ်နင်းမည့် နှစ်လကြာ စစ်ဆင်ရေး စတင်လိုက်ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ချက်သည် တရားမဝင်ပြုမူမှုများကို တားဆီးရန်၊ အသက်မပြည့်သေးသော အသုံးပြုသူများအတွက် မိုဘိုင်းအက်ပ် (mobile apps) များနှင့် ကိရိယာများအတွက် ပါဝင်မှုအကြောင်းအရာ၏ လုံခြုံရေးစံချိန်စံညွှန်းများ အဆင့်မြှင့်တင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဗဟိုဆိုက်ဘာမှုခင်းရေးရာကော်မရှင်ရုံးက ဇွန် ၂၇ ရက် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

စစ်ဆင်ရေးသည် အရွယ်မရောက်သေးသူများ၏ အတွင်းရေးများထုတ်ဖော်ထားသော ခြိမ်းခြောက်ဗီဒီယိုများကို မလိုမုန်းထားသောစိတ်ဓာတ်ဖြင့် ပျံ့နှံ့စေခြင်း၊ အရွယ်မရောက်သေးသူများထံ မဖွယ်မရာဓာတ်ပုံများနှင့် စကားများ ပေးပို့ခြင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ ရုပ်ရှင်နှင့် ရုပ်သံ ပြန်လည်ဖန်တီးမှု သို့မဟုတ် အန်နီမေးရှင်း (animation) ပုံစံပြောင်းလဲဖော်ပြမှုကို အသုံးပြု၍ အရွယ်မရောက်သေးသူများပါဝင်ထားသော သွေးထွက်သံယိုမြင်ကွင်းများ ပြသခြင်း စသည့် လှုပ်ရှားမှုများကို နှိမ်နင်းရန်ရည်ရွယ်ထားခြင်းဖြစ်သည်။ (Xinhua)

…………………………………
(English Version)

China cracks down on online activities harming minors

BEIJING, June 27 (Xinhua) — China’s cyberspace regulator has launched a two-month operation to address online activities that are harmful to minors, including online bullying and fraud, as the summer vacation approaches.
The move aims to curb illegal acts, improve the security standards of content for mobile apps and devices reserved for underage users, and help minors to avoid internet addiction, according to a circular released by the Office of the Central Cyberspace Affairs Commission on Tuesday.
The targets of the operation included activities such as the malicious spreading of bullying videos that reveal the privacy of minors, sending obscene pictures and words to minors, and showing bloody violent scenes involving minors through the use of video editing, film and television re-creation, or animation adaptations.